ဆိုမာလီယာနိုင်ငံမှာ Starlink အင်တာနက်သုံးနိုင်ပြီ

ဆိုမာလီယာနိုင်ငံမှာ Starlink အင်တာနက်သုံးနိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက Elon Musk ကိုယ်တိုင် သူ့ရဲ့ X account မှာ ကြေညာခဲ့တာပါ။ ဆိုမာလီယာအစိုးရဘက်ကလည်း SpaceX ကို နိုင်ငံတွင်းလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးပြီးပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ 

ဆိုမာလီယာ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူး "Mustafa Yasiin” ကနေ “ Starlink နဲ့ ကျွန်တော်တို့ ၂ နှစ်ခွဲကြာ ဆွေးနွေးညှိနှိုင်းမှုပြီးတဲ့နောက်မှာတော့ ကုမ္ပဏီဘက်ကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စက်ထုတ်ပေးလိုက်ပါပြီ” လို့ နိုင်ငံတော်သတင်းဌာန SONNA ကနေ ကြေညာခဲ့ပါတယ်။ 

Starlink အင်တာနက် ဝန်ဆောင်မှုကြောင့် ဆိုမာလီယာမှာရှိတဲ့ အင်တာနက်အရည်အသွေးလည်း မြင့်မားလာတဲ့အပြင် ဝေးလံခေါင်သီတဲ့ ဒေသတွေမှာလည်း အင်တာနက်ပိုမိုရောက်ရှိစေဖို့ မျှော်လင့်ထားပါတယ်လို့လည်း ဆိုထားပါတယ်။ တစ်ဖက်မှာလည်း အင်တာနက်ဝန်ဆောင်မှုစရိတ်က အနည်းငယ်မြင့်မားနေတာကြောင့် နောက်ထပ်ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေရပါတယ်။ 

ဒီအတိုင်းဆို ဆိုမာလီယာဟာ  Starlink အင်တာနက်ဝန်ဆောင်မှုရရှိတဲ့ အာဖရိကနိုင်ငံ ၁၈ နိုင်ငံစာရင်းတွင် ပါဝင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ Starlink အနေနဲ့ ကမ္ဘာ့အင်တာနက်အသုံးပြုမှုအနည်းဆုံးဒေသများစွာရှိတဲ့ အာဖရိကမှာ ဆက်လက်ချဲ့ထွင်ဖို့ အစီအစဉ်တွေရှိပေမဲ့လည်း အချို့နိုင်ငံတွေရဲ့ စည်းမျဉ်းတွေကို ရင်ဆိုင်နေရပါတယ်။