ဒီရာသီမန်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းဟာ မန်ယူနိုက်တက်နဲ့ ဒိန်းမတ်အသင်းဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ရဲ့နှစ်သိမ့်ခြင်းကို ခံခဲ့ရပါတယ်။
ဒီဗီဒီယို ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဒိန်းမတ်အသင်းနဲ့ နိုင်ငံတကာပွဲတွေကစားဖို့ စခန်းသွင်းလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ဟွိုင်လန်းဟာ ဒီဗီဒီယိုနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို ရှင်းပြခဲ့ပါတယ်။

ဟွိုင်လန်းဟာ ပြီးခဲ့တဲ့ လက်စတာအသင်းကို (၀-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက် ဂိုးသွင်းပြီး (၂၁)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ ဟွိုင်လန်းဟာ ဝေဖန်မှုတွေအများအပြားခံခဲ့ရပြီး အာဆင်နယ်အသင်းနဲ့ (၁-၁)ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ ပီတာရှမိုက်ကယ်နဲ့ စကားပြောဆိုမှုတွေပြုလုပ်ကာ သူ့ရဲ့နှစ်သိမ့်မှုကို ရရှိခဲ့တာပါ။

ဟွိုင်လန်းက "ပီတာက ကျွန်တော့်ကို ကူညီပေးပြီး အခြေအနေဆိုးတဲ့အချိန်မှာရော ကောင်းတဲ့အချိန်မှာပါ ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ခံစားချက်တွေကို နားထောင်ခဲ့ပါတယ်။ သူဟာ ဒီလိုအခြေအနေတွေကို အရင်က ကျော်ဖြတ်ခဲ့ဖူးသလို ဒိန်းမတ်တစ်ဦးအနေနဲ့ မန်ယူနိုက်တက်အတွက် ကစားရတာကို သူသိပါတယ်"လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။
ဟွိုင်လန်းအနေနဲ့ လက်ကျန်ရာသီမှာ အကောင်းဆုံးခြေစွမ်းမပြသနိုင်ရင် လာမယ့်နွေရာသီမှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတာပါ။ ဟွိုင်လန်းကတော့ သူဟာ မန်ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေပြီး ဒီလိုအသင်းမှာကစားရဖို့က သူအမြဲတမ်းအိပ်မက်မက်ခဲ့ရတဲ့ အရာလို့ ဆိုခဲ့ပါတယ်။
Discussion