ဆမ်မားမီးစ်ကွင်းမှာ ပီချီချီရုပ်တုကို ပန်းစည်းချပြီး ဂါရ၀ပြုခွင့်မရခဲ့တဲ့ စပါးအသင်း

ဆမ်မားမီးစ်ကွင်းမှာ ပီချီချီရုပ်တုကို ပန်းစည်းချပြီး ဂါရ၀ပြုခွင့်မရခဲ့တဲ့ စပါးအသင်း

ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီမှာ စပါးအသင်းဟာ ဗိုလ်လုပွဲကစားရာ ဆမ်မာမီးစ်ကွင်းထဲမှာရှိတဲ့ ပီချီချီရုပ်တုကို ပန်းစည်းချပြီး ဂါရ၀ပြုဖို့ စီစဉ်ခဲ့ပေမယ့် ဒီအစီအစဉ်က ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)တာဝန်ရှိသူတွေက တားဆီးတာကြောင့် ပျက်ခဲ့ရပါတယ်။

ဆမ်မာမီးစ်ကွင်းကို ပထမဆုံံးလာကစားတဲ့ ပြိုင်ဘက်အသင်းတိုင်းဟာ ဒီကွင်းထဲက ပီချီချီလို့ လူသိများတဲ့ စပိန်လက်ရွေးစင်ဘောလုံးသမားဟောင်း မိုရီနိုအရန်ဇာဒီရဲ့ရုပ်တုကို ပန်းစည်း/ပန်းခွေချပြီး ဂါရ၀ပြုရတဲ့ အစဉ်အလာရှိပါတယ်။

ဂိုးသွင်းကောင်းတဲ့ ပီချီချီဟာ အသက်(၂၉)နှစ်အရွယ် ၁၉၂၂ ခုနှစ်မှာပဲ တိုက်ဖွိုက်လို ငန်းဖျားရောဂါကြောင့် ရုတ်တရက်ကွယ်လွန်သွားခဲ့သူပါ။ ဘီလ်ဘာအိုကစားသမားဟောင်းဖြစ်တဲ့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီလိုအစဉ်အလာထားရှိတာ (၉၈)နှစ်တိုင်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် ဒီကွင်းကို ပထမဆုံးလာကစားတဲ့ စပါးအသင်းက ဒီအစဉ်အလာကို ပြုလုပ်ရမယ်လို့ ယူဆပြီး ပန်းတွေသယ်ဆောင်လာခဲ့တာပါ။ ဒါပေမယ့် UEFA တာဝန်ရှိသူတွေက ဒီအစဉ်အလာဟာ ဘီလ်ဘာအိုအသင်းနဲ့ ကစားတဲ့ အဝေးကွင်းအသင်းတွေသာ ပြုလုပ်ရတာဖြစ်ကြောင်း၊ ကြားကွင်းအဖြစ်လာကစားရင် ပြုလုပ်စရာမလိုကြောင်း ရှင်းပြကာ စပါးအသင်းရဲ့ပန်းစည်းချမယ့် အစီအစဉ်ကို တားဆီးခဲ့တာပါ။

ဘီလ်ဘာအိုအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ကစားခဲ့ရတဲ့ မန်ယူနိုက်တက်အသင်းကတော့ ဒီကွင်းကို ပြိုင်ဘက်အသင်းအဖြစ်ပထမဆုံးလာရောက်တာဖြစ်လို့ ဆီမီးဖိုင်နယ်(ပထမအကျော့)မှာ ပန်းစည်းချ ဂါရ၀ပြုခဲ့ကြောင်း သိရပါတယ်။

ဘီလ်ဘာအိုအသင်းအတွက် (၈၉)ပွဲကစားရာမှာ (၈၃)ဂိုးအထိသွင်းယူပေးခဲ့တဲ့ ပီချီချီကို ဂုဏ်ပြုတဲ့အနေနဲ့ လာလီဂါပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားဆုကို ပီချီချီဆုလို့ အမည်ပေးပြီး ချီးမြှင့်နေပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်