စီးရီးအေဖလားရယူပြီးနောက် မိနစ်အနည်းငယ်အကြာမှာပဲ နည်းပြကွန်တီ ဖိအားတွေအောက်ကို ပြန်လည်ရောက်ရှိ

စီးရီးအေဖလားရယူပြီးနောက် မိနစ်အနည်းငယ်အကြာမှာပဲ နည်းပြကွန်တီ ဖိအားတွေအောက်ကို ပြန်လည်ရောက်ရှိ

နာပိုလီအသင်းက ကာဂလီယာရီအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီစီးရီးအေဖလားကို ရယူနိုင်ခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာပဲ နည်းပြကွန်တီဟာ အသင်းဥက္ကဋ္ဌဒီလော်ရန်းတစ်ရဲ့သတိပေးမှုကြောင့် ဖိအားတွေအောက်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကမှ နာပိုလီအသင်းကို နည်းပြသစ်အဖြစ်ကိုင်တွယ်ခဲ့တဲ့ ကွန်တီဟာ သူ့ရဲ့ပထမဆုံးရာသီမှာ အသင်းကို စီးရီးအေဖလား(၄)ကြိမ်မြောက်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။

အီတလီလူမျိုးနည်းပြကွန်တီဟာ ဂျူဗင်တပ်စ်၊ အင်တာမီလန်အသင်းတို့နဲ့လည်း စီးရီးအေဖလားကို ရယူနိုင်ခဲ့တာကြောင့် မတူညီတဲ့ကလပ်အသင်း(၃)သင်းနဲ့ စီးရီးအေဖလားကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ကွန်တီဟာ နာပိုလီအသင်းကို စီးရီးအေဖလားရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် ဒီရာသီစီးရီးအေအကောင်းဆုံးနည်းပြဆုကိုလည်း ရရှိခဲ့တာပါ။

ဒါပေမယ့် ကွန်တီဟာ လာမယ့်ရာသီအကြောင်းကို စပြီးတွေးနေတဲ့ အသင်းဥက္ကဋ္ဌဒီလော်ရန်းတစ်ကြောင့် ဖိအားတွေအောက်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆိုးရွားတဲ့ရလဒ်တွေနဲ့ စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၀)နေရာရပ်တည်ကာ ရာသီအဆုံးသတ်ခဲ့တာကြောင့် ဒီရာသီမှာ ဥရောပြိုင်ပွဲယှဉ်ပြိုင်ခွင့်မရရှိခဲ့တာပါ။ ဒါပေမယ့်နာပိုလီအသင်းဟာ ဒီရာသီစီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

နာပိုလီအသင်းဟာ ၁၉၈၉ က အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာတို့ရယူပေးနိုင်ခဲ့တဲ့ UEFA Cup နောက်ပိုင်း ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုနဲ့ဝေးကွာခဲ့တာကြောင့် ဒီလော်ရန်းတစ်ဟာ အသင်းကို ပထမဆုံးဥရောပဖလားရယူပေးဖို့ ဆာလောင်နေတာပါ။ ဒီလော်ရန်းတစ်ဟာ ပွဲအပြီး DAZN နဲ့ အင်တာဗျူးမှာ ကွန်တီအနေနဲ့ လာမယ့်ရာသီမှာ နာပိုလီအသင်းကို ချန်ပီယံလိဂ်ဖလားရယူပေးနိုင်ရင် သူအလွန်ပျော်ရွှင်မယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Read more

အစ်ကိုဖြစ်သူရဲ့ခြေရာအတိုင်း ဂျာမနီကိုသွားဖို့ ဖရန့်ဖတ်နဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်ဆွေးနွေး

အစ်ကိုဖြစ်သူရဲ့ခြေရာအတိုင်း ဂျာမနီကိုသွားဖို့ ဖရန့်ဖတ်နဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်ဆွေးနွေး

ဆန်းဒါးလန်းအသင်းရဲ့အင်္ဂလန်လူငယ်ကြယ်ပွင့် ဂျုပ်ဘ်ဘယ်လင်ဂမ်ဟာ အစ်ကိုဖြစ်သူ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူဂျုဒ်ဘယ်လင်ဂမ်ရဲ့ခြေရာအတိုင်း ဂျာမနီမှာ ကစားဖိ

Smart Home Product တွေမိတ်ဆက်လာမည့် Apple

Smart Home Product တွေမိတ်ဆက်လာမည့် Apple

ပြီးခဲ့သောနှစ်အနည်းငယ်အတွင်းက Apple သည် မော်တော်ယာဥ်လုပ်ငန်းအပါအဝင် အခြားသောစျေးကွက်များကိုပါထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည်။ယခုအခါ Mark Gurman ၏နောက်ဆုံးထွက်သတင်

လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးမီ ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဆာလာဖွင့်ဟ

လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးမီ ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဆာလာဖွင့်ဟ

အီဂျစ်တိုက်စစ်မှူး ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းမတိုးမီအချိန်မှာ ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီး သွားရောက်ကစားဖို့ နီးစပ်

အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း လေဗာကူဆင်အသင်းအတည်ပြု

အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း လေဗာကူဆင်အသင်းအတည်ပြု

ဘွန်ဒစ်လီဂါကလပ် လေဗာကူဆင်အသင်းဟာ စပိန်လူမျိုးနည်းပြဇာဘီအလွန်ဆို ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ဖို့ အသင်းကထွက်ခွာပြီးနောက် လစ်လပ်နေတဲ့ နည်းပြနေရာ