စီရော်နယ်ဒိုဂျုနီယာရဲ့ပေါ်တူဂီယူ-၁၅ ပွဲဦးထွက်ကို မန်ယူနိုက်တက်အသင်းကင်းထောက်ကြည့်ရှုခဲ့

စီရော်နယ်ဒိုဂျုနီယာရဲ့ပေါ်တူဂီယူ-၁၅ ပွဲဦးထွက်ကို မန်ယူနိုက်တက်အသင်းကင်းထောက်ကြည့်ရှုခဲ့

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့အကြီးဆုံးသားဖြစ်သူ စီရော်နယ်ဒိုဂျူနီယာရဲ့ပေါ်တူဂီယူ-၁၅ ပွဲဦးထွက်ကို မန်ယူနိုက်တက်အသင်းက ကင်းထောက်တစ်ဦးကြည့်ရှုမှုပြုလုပ်ခဲ့ပါတယ်။ အသက်(၁၄)နှစ်အရွယ်ရှိ စီရော်နယ်ဒိုဂျူနီယာဟာ ခရိုအေးရှားနိုင်ငံမှာကျင်းပနေတဲ့ Vlatko Markovic နိုင်ငံတကာပြိုင်ပွဲဝင် ပေါ်တူဂီယူ-၁၅ အသင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံခဲ့ရတာပါ။

စီရော်နယ်ဒိုဂျူနီယာဟာ ပေါ်တူဂီယူ-၁၅ အသင်းက ဂျပန်ယူ-၁၅ အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပေါ်တူဂီယူ-၁၅ အသင်းအတွက် ပွဲဦးထွက်အဖြစ် ပွဲချိန်(၅၄)မိနစ်မှာလူစားလဲဝင်ရောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူကစားနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာလူငယ်အသင်းမှာ ပါဝင်ကစားနေတဲ့ စီရော်နယ်ဒိုဂျူနီယာကို ဥရောပကလပ်အများအပြားက စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

The Sun က ဒီအသင်းတွေထဲမှာ မန်ယူနိုက်တက်အသင်းလည်းပါဝင်ပြီး သူ့ကိုခေါ်ယူဖို့အတွက် စပါးအသင်း၊ဘွန်ဒစ်လီဂါကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ စီရော်နယ်ဒိုဂျူနီယာဟာ ပေါ်တူဂီယူ-၁၅ အသင်းအတွက်ပွဲဦးထွက်မှာ ကျောနံပတ်(၇)ကို ဝတ်ဆင်ခဲ့ပြီး ဖခင်ဖြစ်သူရဲ့ခြေရာအတိုင်းလိုက်နင်းနိုင်ဖို့ ပြင်ဆင်နေတာပါ။ စီရော်နယ်ဒိုကတော့ သားဖြစ်သူ ပေါ်တူဂီယူ-၁၅ အသင်းအတွက် ပွဲဦးထွက်ခဲ့ပြီးနောက် သူအလွန်ဂုဏ်ယူတယ်လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားထားပါတယ်။

စီရော်နယ်ဒိုဟာ သူ့ကစားသမားဘဝကအနားမယူမီ သားဖြစ်သူနဲ့အတူတွဲကစားနိုင်ဖို့ အိပ်မက်ရှိနေတဲ့အကြောင်းကို ပြောထားဖူးပါတယ်။ စီရော်နယ်ဒိုဂျူနီယာဟာ ဖခင်ဖြစ်သူကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်စ်နဲ့ မန်ယူနိုက်တက်လူငယ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတာကြောင့် မန်ယူနိုက်တက်အသင်းဟာ သူနဲ့ မစိမ်းတဲ့အသင်းဖြစ်ပြီး အနာဂတ်မှာ ပြောင်းရွှေ့ကစားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Read more

အေစီမီလန်အသင်းက အပြီးသတ်ခေါ်ယူမှာမဟုတ်တဲ့အတွက် မန်စီးတီးအသင်းထံ ဝေါ်လ်ကာပြန်လာရဖွယ်ရှိ

အေစီမီလန်အသင်းက အပြီးသတ်ခေါ်ယူမှာမဟုတ်တဲ့အတွက် မန်စီးတီးအသင်းထံ ဝေါ်လ်ကာပြန်လာရဖွယ်ရှိ

အင်္ဂလန်ညာနောက်ခံလူ ဝေါ်လ်ကာဟာ အငှားကစားနေတဲ့ အေစီမီလန်အသင်းက သူ့ကိုအပြီးသတ်မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ရာသီကုန်ချိန်မှာ မိခင်ကလပ် မန်စီးတီးအသင်းထံ

မန်စီးတီးအသင်းတာဝန်ရှိသူတွေနဲ့ ဖလော်ရီယန်ဗစ်ဇ်ရဲ့မိဘတွေ အင်္ဂလန်မှာတွေ့ဆုံခဲ့

မန်စီးတီးအသင်းတာဝန်ရှိသူတွေနဲ့ ဖလော်ရီယန်ဗစ်ဇ်ရဲ့မိဘတွေ အင်္ဂလန်မှာတွေ့ဆုံခဲ့

ဥရောပထိပ်သီးကလပ်တွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ လေဗာကူဆင်အသင်းကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ရဲ့မိဘတွေဟာ အင်္ဂါနေ့က မန်စီးတီးအသင်းတာဝန်ရှိသူတွေနဲ့ အင်္ဂလန်မှာတွ

ဒေါ်လာ 1000 ကျော်မယ့် Nothing Phone 3

ဒေါ်လာ 1000 ကျော်မယ့် Nothing Phone 3

Nothing Phone 3 ထွက်ဖို့ ပြီးခဲ့တဲ့လက Nothing CEO ကိုယ်တိုင် ကြေညာခဲ့တာဆိုတော့ တဖြည်းဖြည်းနဲ့ Leak တွေ ထွက်လာတော့မှာပါ။ ဒါပေမဲ့လို့ Nothing နဲ့ပတ်သက်ပြီး မထွက်လာခင် အရိတ်

ဘာမှမလုပ်ဘဲ နားနေခြင်း အနုပညာ

ဘာမှမလုပ်ဘဲ နားနေခြင်း အနုပညာ

တိုးတက်ရေးစာတွေ၊ ဗီဒီယိုတွေနဲ့ ကိုယ့်ကိုယ်ကို တိုးတက်ဖို့ပဲ အပြိုင်ကြိုးစားနေကြတဲ့ ခေတ်ကြီးထဲမှာ ဘာမှမလုပ်ဘဲ နားနေမိတဲ့အခါ အပြစ်လုပ်သလို ခံစားရတတ်ပါ