စမ်းသုံးကြည့်သင့်တဲ့ Android Video Editing App များ

တစ်ကယ်လို့ သင်ဟာ ဖုန်းနဲ့ လှုပ်စိလှုပ်စိ Video တွေလုပ်ချင်သူလား၊ ဖုန်းနဲ့ရိုက် ဖုန်းနဲ့ပဲ Edit ပြီး On The Go Video တွေတင်တတ်တဲ့သူလား၊ ဒါဆိုရင်တော့ အောက်က App တွေက ရွေးချယ်စရာဖြစ်ပါလိမ့်မယ်

၁. Alight Motion

မြန်မာမှာတော့ Alight Motion Community ကသပ်သပ်ကိုရှိပါတယ်။ သီချင်းနောက်ခံနဲ့ Video တွေလုပ်တဲ့အခါ အများစုကသုံးကြတာ Aligt Motionပါ။ Optimization ကောင်းတာရယ်၊ UIUX ကောင်းတာရယ်ကြောင့် အများစုက ဒီကောင်ကို သုံးကြတာပါ။

၂. Kine Master

Free လည်းသုံးလို့ရသလို၊ ပိုက်ဆံလည်းပေးပြီးသုံးလို့ရပါတယ်။ Editing လုပ်တဲ့နေရာမှာ Chorma Key ဖောက်လို့ရတာတစ်ခု အားသာချက်ရှိပါတယ်။ ကျန်တာကလည်း Feature တော်တော်များများက Optimize ဖြစ်တယ်ပဲ ပြောရပါမယ်

၃. GoPro Quick

ဒီကောင်လေးကတော့ ဓာတ်ပုံတွေကို Short Video အဖြစ်ပြောင်းပေးတဲ့နေရာမှာ ဆရာကျပါတယ်။ ကိုယ့်အကြိုက် ဓာတ်ပုံတွေရွေးပြီးတာနဲ့ App ထဲမှာရှိပြီးသား Preset ထဲက တစ်ခုအတိုင်း App ကအလိုအလျောက်လုပ်ပေးမှာပါ။ အဲ့တော့ ဓာတ်ပုံပဲရိုက်ချင်တယ်။ Video ကို ဓာတ်ပုံနဲ့ပဲလုပ်ချင်တယ်ဆိုရင် ဒီ App ကိုသုံးကြည့်ပါ

၄. FilmoraGo

Video Editor ထဲမှာ Feature လည်းအတော်စုံသလို၊ Social Media ပေါင်းစုံအတွက် Layout ပေါင်းစုံနဲ့ Built-in Preset ပါတာ သူရဲ့အားသာချက်ပဲဖြစ်ပါတယ်။ App ထဲမှာ အကုန် On The Go လုပ်လို့ရတာဖြစ်ပါတယ်။ ပြီးတော့ အသုံးပြုခက အခမဲ့ဖြစ်ပါတယ်။

၅. Adobe Premiere Rush

Adobe ဆိုတော့ အများကြီး ပြောစရာတော့မရှိပါဘူး။ Feature အစုံသုံးချင်ရင် ဈေးကြီးမယ်၊ ဒါပေမယ့် သုံးလို့တော့ ကောင်းမယ်၊ စိတ်ပါရင် အရမ်းကြီး Quality မမြင့်တဲ့ Production ပါလုပ်လို့ရပါတယ်။