စံချိန်မှတ်တမ်းဆိုးတွေ အသီးသီးရရှိစေခဲ့တဲ့ မန်ယူနိုက်တက်အသင်းနဲ့ စပါးအသင်းရဲ့ရှုံးပွဲ

စံချိန်မှတ်တမ်းဆိုးတွေ အသီးသီးရရှိစေခဲ့တဲ့ မန်ယူနိုက်တက်အသင်းနဲ့ စပါးအသင်းရဲ့ရှုံးပွဲ

မနေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗီလာနဲ့ ချယ်လ်ဆီးအသင်းတို့ကို အသီးသီးအရှုံးပေးခဲ့ရတဲ့ စပါးအသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ ဒီပြိုင်ပွဲမှာ စံချိန်မှတ်တမ်းဆိုးတွေ အသီးသီးတင်သွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းက ချယ်လ်ဆီးအသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ချယ်လ်ဆီးနောက်ခံလူကူကူရယ်လာပွဲချိန်(၇၁)မိနစ်မှာ သွင်းယူခဲ့တဲ့တစ်လုံးတည်းသောဂိုးနဲ့ အရှုံးပေးခဲ့ရတာပါ။ ဒီရှုံးပွဲက မန်ယူနိုက်တက်အသင်းရဲ့လက်ရှိနည်းပြအာမိုရင်လက်ထက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ (၁၄)ပွဲမြောက်ရှုံးပွဲဖြစ်ပါတယ်။

အာမိုရင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၆)ပွဲကိုင်တွယ်ရာမှာ နိုင်ပွဲ(၆)ပွဲ၊ သရေပွဲ(၆)ပွဲသာရခဲ့တာ​ကြောင့် ရမှတ်(၂၄)မှတ်သာရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့တစ်ပွဲပျမ်းမျှရမှတ်က (၀.၉၂)မှတ်သာရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ အဆိုးရွားဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့တဲ့ ဒါဘီအသင်းနည်းပြ ပေါလ်ဂျဝဲလ်ထက်တောင် ရမှတ်လျော့နည်းနေပါတယ်။

ပေါလ်ဂျဝဲလ်က သူ့နည်းပြဘ၀မှာ ပရီးမီးယားလိဂ်ပွဲစုစုပေါင်း(၁၃၈)ပွဲ ကိုင်တွယ်ခဲ့ရာမှာ နိုင်ပွဲ(၃၄)ပွဲ၊ သရေပွဲ(၂၈)ပွဲရှိခဲ့တာကြောင့် ရမှတ်(၁၃၀)မှတ်ရှိခဲ့ပြီး တစ်ပွဲပျမ်းမျှရမှတ်(၀.၉၄)မှတ်ရှိခဲ့ပါတယ်။

ဒါကြောင့် အာမိုရင်က ဒါဘီအသင်းကို ပရီးမီးယားလိဂ်ရဲ့အဆိုးရွားဆုံးအသင်းအဖြစ် စံချိန်တင်စေခဲ့တဲ့ နည်းပြပေါလ်ဂျဝဲလ်ထက်တောင် (ပျမ်းမျှ)ရမှတ်ရရှိမှုနည်းနေတာကို တွေ့ရမှာပါ။

စပါးအသင်းကလည်း ဗီလာအသင်းကို (၀-၂)ဂိုးနဲ့ ရှုံးခဲ့တာကြောင့် အသင်းရဲ့စံချိန်မှတ်တမ်းဆိုးတစ်ခုကို လိုက်မီခဲ့ပါတယ်။ စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ရှုံးပွဲ(၂၁)ပွဲအပါအဝင် ပြိုင်ပွဲစုံမှာ (၂၅)ပွဲအထိရှုံးခဲ့တာဖြစ်ပြီး ဒါက တစ်ရာသီအတွင်း အသင်းအတွက် ရှုံးပွဲအများဆုံးရာသီဖြစ်တဲ့ ၁၉၉၁-၉၂ ရာသီက ရှုံးပွဲအရေအတွက်ကို လိုက်မီခဲ့ပါတယ်။

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ