စံချိန်တင်ဂိုးပြတ်နိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုပထမဆုံးရယူပြီး ဖလား(၄)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ PSG

စံချိန်တင်ဂိုးပြတ်နိုင်ပွဲနဲ့အတူ ချန်ပီယံလိဂ်ဖလားကိုပထမဆုံးရယူပြီး ဖလား(၄)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ PSG

ချန်ပီယံလိဂ်ဗိုလ်လုပွဲ

PSG (၅-၀)အင်တာမီလန်

ပြင်သစ်ကလပ်အသင်းတွေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ အချိန်ကာလကြာမြင့်စွာဝေးကွာနေမှုကို PSG အသင်းက ရပ်တန့်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ချန်ပီယံဆုကို အသင်းသမိုင်းမှာ ပထမဆုံးအနေနဲ့ ကိုင်မြောက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၉၉၃ ခုနှစ်က ဗိုလ်စွဲခဲ့တဲ့မာဆေးလ်တစ်သင်းတည်းသာ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖူးတဲ့ ပြင်သစ်ကလပ်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး အခု PSG က ချန်ပီယံလိဂ်ချန်ပီယံဆုယူနိုင်တဲ့ ဒုတိယပြင်သစ်ကလပ်အသင်းဖြစ်ခဲ့ပါတယ်။

၁၉၆၄၊ ၁၉၆၅၊ ၂၀၁၀ ခုနှစ်တွေက ချန်ပီယံဆုရယူဖူးတဲ့ အင်တာမီလန်အသင်းဟာ ဗိုလ်လုပွဲမှာ PSG အသင်းကို ခြေစွမ်းပိုင်းမှာ ဘယ်လိုမှမယှဉ်နိုင်ဘဲ ဂိုးပြတ်အရှုံးပေးခဲ့ရတာပါ။ PSG အသင်းရဲ့ဂိုးကန်သွင်းမှုက (၂၃)ကြိမ်အထိရှိပြီး ဂိုးပေါက်တည့်မှုက (၈)ကြိမ်လောက်ရှိပေမယ့် အင်တာမီလန်ရဲ့ ဂိုးကန်သွင်းမှုက (၈)ကြိမ်သာရှိပြီး (၂)ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာပါ။

PSG ကွင်းလယ်က ဗီတင်ညာရဲ့အကွက်မြင်မြင် တိုက်စစ်လမ်းကြောင်းပုံဖော်မှု၊ ဒမ်ဘီလီရဲ့တိကျသေချာတဲ့ဖန်တီးပေးပို့မှု၊ (၁၉)နှစ်အရွယ် လူငယ်တောင်ပံကစားသမားဒူယီရဲ့တိကျသေချာတဲ့ အဆုံးသတ်မှုတွေက အင်တာမီလန်အသင်းရဲ့မာကျောတဲ့ခံစစ်ကို စောစောစီးစီးပြိုလဲသွားစေခဲ့ပါတယ်။

ဒီပွဲမှာ အင်တာမီလန်ကစားသမားတွေရဲ့ပျမ်းမျှအသက်က (၃၀)နှစ်(၂၄၂)ရက်ရှိခဲ့ပြီး PSG ကစားသမားတွေရဲ့ပျမ်းမျှအသက်က(၂၅)နှစ်(၉၆)ရက်သာရှိခဲ့တာကြောင့် အသင်း(၂)သင်းကြား လန်းဆန်းတက်ကြွမှုမှာလည်း သိသိသာသာကွာခြားခဲ့ပါတယ်။

ပွဲချိန်(၁၂)မိနစ်မှာကတည်းက ဗီတင်ညာရဲ့ဂိုးအခွင့်အလမ်းဖန်တီးမှုကနေ ဒူယီက နောက်ခံလူဟာကီမီ ကန်သွင်းနိုင်အောင် တိတိကျကျဖန်တီးပေးပို့ခဲ့ပြီး အင်တာမီလန်နောက်ခံလူဟောင်း ဟာကီမီက ဂိုးရှေ့ကနေ ပိတ်သွင်းခဲ့ပါတယ်။

ပွဲချိန်(၂၀)မိနစ်မှာ ဒမ်ဘီလီရဲ့ပေးပို့မှုကနေ ဒူယီက ကန်သွင်းယူခဲ့သလို ပွဲချိန်(၆၃)မိနစ်မှာလည်း ဗီတင်ညာရဲ့ဖန်တီးမှုကို သူကပဲ လှလှပပအဆုံးသတ်ခဲ့ပါတယ်။ နောက်(၁၀)မိနစ်အကြာ (၇၃)မိနစ်မှာ ဒမ်ဘီလီရဲ့ပေးပို့မှုကနေ ကဗာရာရှက်ခလီယာက ဘောလုံးနဲ့အတူဆွဲပြေးပြီး ဂိုးထဲကန်သွင်းခဲ့ပါတယ်။ ပွဲချိန်(၈၇)မိနစ်မှာ လူစားဝင်ကစားသမား(၂)ဦးဖြစ်တဲ့ ဘာကိုလာနဲ့ မာယူလာတို့က တစ်ဦးက ဖန်တီး၊ တစ်ဦးကဂိုးသွင်းပြီး PSG အသင်းအတွက် (၅)ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။

ဒီပွဲမှာ အင်တာမီလန်အသင်းအနေနဲ့ PSG တိုက်စစ်ကို ဘယ်လိုမှမထိန်းချုပ်နိုင်ဘဲ ဂိုးတွေခွင့်ပြုခဲ့ရသလို လော်တာရိုမာတီနက်ဇ်နဲ့ သူရမ်ဦးဆောင်တဲ့ အင်တာမီလန်တိုက်စစ်အနေနဲ့လည်း PSG နောက်တန်းကို တိုးမပေါက်နိုင်ဘဲ တောင်ပံတွေက ကန်တင်ပေးပို့တဲ့ ဘောလုံးတွေကလည်း အရာမထင် ဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်(အရင်ဥရောပဖလား)ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲတွေမှာ အရင်က ဂိုးအပြတ်ဆုံးအဖြစ် စံချိန်တင်ခဲ့တာ(၄)ဂိုးပြတ်သာဖြစ်ပြီး အခု PSG အသင်းက (၅)ဂိုးပြတ်အနိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။

PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်အတွက်တော့ ချန်ပီယံလိဂ်ဖလားကို အသင်း(၂)သင်းနဲ့ (၂)ကြိမ်ရရှိတာဖြစ်ပြီး ပထမအကြိမ်က ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာအသင်းနဲ့ ရယူနိုင်ခဲ့တာဖြစ်လို့ (၁၀)နှစ်တိတိအကြာမှာ နောက်ထပ်အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

Read more

Internet speed ကို 1 Million GB/s အထိဖန်တီးပြခဲ့တဲ့ Japan

Internet speed ကို 1 Million GB/s အထိဖန်တီးပြခဲ့တဲ့ Japan

ဂျပန်နိုင်ငံက အင်တာနက်မြန်နှုန်းအတွက် သမိုင်းတင်မည့်မှတ်တိုင်သစ်ခုကို ရရှိခဲ့ပြီး 1.02 Pb/s(1020000GB/s) အထိမြန်နှုန်းရှိပါတယ်။ ဒါကို ၁၈၀၈ ကီလိုမီတာအကွ

အတွင်းစိတ်ကို ပတ်ဝန်းကျင်အခြေအနေက ဘယ်လို လွှမ်းမိုးသလဲ?

အတွင်းစိတ်ကို ပတ်ဝန်းကျင်အခြေအနေက ဘယ်လို လွှမ်းမိုးသလဲ?

အတွင်းစိတ်မှာ ဖြစ်နေတဲ့ ခံစားချက်တွေဟာ စိတ်ထဲမှာဖြစ်နေတဲ့ အ‌တွေးတွေ၊ ဟော်မုန်းတွေ နဲ့ လတ်တလောဖြစ်နေတဲ့ အဖြစ်အပျက်တွေကြောင့်လို့ ထင်တတ်ကြပါတယ်

ChatGPT ကို သင့်ဘဝရဲ့ မရှိမဖြစ်မိတ်ဆွေအနေနဲ့ ရှိစေချင်တယ်

ChatGPT ကို သင့်ဘဝရဲ့ မရှိမဖြစ်မိတ်ဆွေအနေနဲ့ ရှိစေချင်တယ်

ဘယ်သူပြောတာလဲဆိုတော့ ChatGPT မွေးဖွားတဲ့ OpenAI ကပါ။ အဲ့ဒီအတွက်လည်း OpenAI ကနေ နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေမှာ Super Assistant အနေနဲ့ သုံးနိုင်ဖို့ ChatGPT ကို upgrade လုပ်သွားမယ့် အစီအစဉ်ရှိနေပါပြ

iPhone 17 ပြောင်းလဲမှုမရှိပါ..

iPhone 17 ပြောင်းလဲမှုမရှိပါ..

iPhone 17 Air တစ်ခုတည်းကိုပဲ အားစိုက်သွားမယ့် အလားအလာရှိနေတဲ့ Apple ကတော့ iPhone Base Model ဖြစ်တဲ့ iPhone 17 ကိုတော့ ထူးထူးခြားခြားပြောင်းလဲမှုတွေလုပ်လာမယ့်ပုံမပေါ်တော့ပါဘူး။ (ဒီဇိ