မြန်မာမှုအပြင်အဆင် အနုပညာလက်ရာ တွေနဲ့39th လမ်းက ကော်ဖီဆိုင်

မြန်မာမှုအပြင်အဆင် အနုပညာလက်ရာ တွေနဲ့39th လမ်းက"ကော်ဖီဆိုင်"

"​ကော်ဖီ စာ​ပေ အနုပညာ"  သုံးမျိုးလုံးကိုခံစားနိုင်မယ့်"ကော်ဖီဆိုင်"လေးဖြစ်ပါတယ်။ဆိုင်နာမည်လေးကရိုးရှင်းသလို ဆိုင်ရဲ့အပြင်အဆင်လေးကလည်းရိုးရှင်းပြီး အေးချမ်းတဲ့ခံစားချက်လေးရတယ်။တစ်ရှူးခွက်ကအစ ထိုင်ခုံ၊စားပွဲ၊လှေကားကို အသေးစိတ်မြန်မာမှုဆန်ဆန်လေးပြင်ဆင်ထားတယ်။

ကော်ဖီလေးသောက်ရင်း၊ပန်းချီကားတွေကြည့်ပြီးစိတ်အပန်းဖြေနိုင်တာရယ်၊ Jazz music သံလေးက စိတ်ကို relax ဖြစ်စေတာရယ်ကမင်မင့်ရဲ့အကြိုက်ဆုံးလေးဘဲ။

ကော်ဖီနဲ့စာအုပ်ကအမြဲလိုက်ဖက်နေတာမလို့ စာဖတ်၀ါသနာပါတဲ့သူတွေအတွက်လည်း မြန်မာစာအုပ်၊အင်္ဂလိပ်စာအုပ်တွေလည်းအများကြီးရှိပါတယ်။ဆိုင်အတွင်းထဲအပေါ်ထပ်၊အောက်ထပ် နှစ်ထပ်ရှိပြီးတော့ ဆိုင်ရဲ့ဘေးလမ်းလေးထဲလည်းထိုင်လို့ရတယ်။outdoor ဆိုပေမယ့် အ၀ါရောင်နံရံနဲ့ခုံလှလှလေးတွေ။ 

အလုပ်အေးဆေးလုပ်ချင်တဲ့သူတွေအတွက်ရော chillချင်တဲ့သူတွေအတွက်လည်း WiFi-Free လည်းရတယ်။အစားအသောက် menu မှာလည်းစျေး​​နှုန်းတွေကအသင့်အတင့်နဲ့မြန်မာအစားအစာအပြင် toast၊ sandwich၊ smoothie ၊ soda drinks တွေလည်းရတယ်။ Go Go Passion Soda ကတော့ favorite လေးပေါ့။

ဆိုင်လေးက​ဓာတ်ပုံရိုက်လို့ကောင်း၊serviceရော အစားအသောက်ကလည်းကောင်းတာမလို့ မင့်မင့် သဘောကျတဲ့ ကော်ဖီဆိုင်လေးပါဘဲ။

Monday တစ်ရက်​တော့ဆိုင်ပိတ်ပါတယ်​နော်

Coffee Sine Kyauktada - ကော်ဖီဆိုင်ကျောက်တံတား · No. 103, 39th Street, Lower Block, 11182, Myanmar (Birma)
★★★★☆ · Koffiehuis