Galaxy Flip7 ကတော့ Cover Screen အပြည့်နဲ့လာဖို့ များနေတယ်ဆိုပီး Leak တွေ ထွက်လာပါတယ်။ ပုံစံအရဆို Motorola Razr လိုမျိုး အပြင်ဘက် Screen က Display အပြည့်နဲ့လာမယ့်သဘောပါ။ 

ပြီးခဲ့တဲ့အပတ်က ထွက်လာခဲ့တဲ့ CAD based render တွေအရ Galaxy ZFlip 7 ရဲ့ Upgrade ဖြစ်လာမယ့်အပိုင်းမှာ Cover Screen ကို အပြည့်လုပ်လာမယ်ဆိုတာပါလာခဲ့တာပါ။ ကင်မရာ ၂ လုံးကလွဲပြီး ကျန်နေရာတွေအကုန် Display အပြည့်ဖြစ်သွားမှာပါ။ 

ZFlip 7 ရဲ့ လက်ရှိ Spec: တွေအရ Snapdragon 8 Elite ဒါမှမဟုတ် Samsung Chips ဖြစ်တဲ့ Exynox 2500 ပါဝင်လာမယ်လို့ ဆိုထားပါတယ်။ Cover Screen အပြည့်နဲ့ ခေါက်ဖုန်းတွေက အခြား Brand အချို့မှာ ( Motorola, Xiaomi, …) တွေမှာ ထွက်နှင့်ပြီးဖြစ်ပေမဲ့လည်း Samsung ရဲ့ ဆန်းသစ်မှုကိုလည်း စောင့်မျှော်ရမှာပါ။