စပါးအသင်းရဲ့ခံစစ်က အကယ်ဒမီအသင်းရဲ့ခံစစ်နဲ့ တူတယ်လို့ ကာရေဂါဝေဖန်

စပါးအသင်းရဲ့ခံစစ်က အကယ်ဒမီအသင်းရဲ့ခံစစ်နဲ့ တူတယ်လို့ ကာရေဂါဝေဖန်

စပါးအသင်းက နော်တင်ဂမ်ဖောရက်စ်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက စပါးအသင်းရဲ့ခံစစ်က အကယ်ဒမီအသင်းရဲ့ခံစစ်နဲ့တူတယ်လို့ ဝေဖန်ခဲ့ပါတယ်။ စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၈)ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၁၆)နေရာမှာ ရပ်တည်နေတာပါ။

စပါးအသင်းဟာ ဒီပွဲမှာ နော်တင်ဂမ်ဖောရက်စ်အသင်းကို တစ်ပွဲလုံးအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှု(၃)ကြိမ်မှာ သွင်းဂိုး(၂)ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက စပါးအသင်းရဲ့ခံစစ်ကစားပုံဟာ အကယ်ဒမီအသင်းနဲ့တူပြီး နုံအလွန်းတယ်လို့ Sky Sports မှာ ဝေဖန်ခဲ့တာပါ။

Sky Sports ရဲ့Monday Nights Football ကို ဧည့်သည်အဖြစ်ရောက်ရှိလာခဲ့တဲ့ လန်းစ်အသင်းနည်းပြဝီလ်စတေးလ်က နော်တင်ဂမ်ဖောရက်စ်အသင်းရဲ့တိုက်စစ်မှူးခရစ်ဝုဒ်ရဲ့သွင်းဂိုးအတွက် စပါးအသင်းနောက်ခံလူ ဗန်ဒယ်ဗန်ကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ စပါးအသင်းနည်းပြပိုစတီကိုဂလူးဟာ ဒီပွဲမှာ သူတို့အနိုင်ရဖို့ ထိုက်တန်တယ်လို့ခံစားခဲ့ရပြီး ရှုံးနိမ့်ခဲ့တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

စပါးအသင်းပရိသတ်တွေဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ အသင်းကို လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာပါ။ စပါးအသင်းဟာ လာမယ့်ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

အင်တာမီလန်-ဘာစီလိုနာပွဲမှာ ဒိုင်လူကြီးကြီးမားတဲ့အမှားပြုလုပ်ခဲ့တယ်လို့ အာဆင်ဝင်းဂါး သုံးသပ်

အင်တာမီလန်-ဘာစီလိုနာပွဲမှာ ဒိုင်လူကြီးကြီးမားတဲ့အမှားပြုလုပ်ခဲ့တယ်လို့ အာဆင်ဝင်းဂါး သုံးသပ်

အင်တာမီလန်အသင်းက ဘာစီလိုနာအသင်းကို (၄-၃)ဂိုး AET မှာ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ ဒိုင်လူကြီး ကြီးမားတဲ့အမှားပြုလုပ်ခဲ့တယ်

ဘတ်ထရီ 10000mAh ပါမယ့် realme ဖုန်းအသစ်

ဘတ်ထရီ 10000mAh ပါမယ့် realme ဖုန်းအသစ်

ဘတ်ထရီ 10000mAh ပါမယ့်အပြင် ဖုန်းအထူက 8.5mm ပဲရှိမယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ ဈေးကွက်ထဲတော့ ရောက်လာသေးပါဘူး။ realme ဘက်ကနေ Concept ချပြတဲ့ သဘောပါ။ တချို့တချို့တွေ ဖုန်းပါးပါ

၂၀၁၀ ဆီမီးဖိုင်နယ်လို ဘာစီလိုနာကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့တဲ့ အင်တာမီလန် ချန်ပီယံဆုတစ်ကျော့ပြန်ဆွတ်ခူးနိုင်မလား

၂၀၁၀ ဆီမီးဖိုင်နယ်လို ဘာစီလိုနာကို ဆီမီးဖိုင်နယ်မှာ ကျော်ဖြတ်ခဲ့တဲ့ အင်တာမီလန် ချန်ပီယံဆုတစ်ကျော့ပြန်ဆွတ်ခူးနိုင်မလား

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့) အင်တာမီလန်(၄-၃)ဘာစီလိုနာ AET အင်တာမီလန်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့ဝေးကွာနေတာ