စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် ဘာစီလိုနာအသင်းလူစာရင်းမှာ ဂိုးသမားစတီဂန်ပါဝင်လာခဲ့

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် ဘာစီလိုနာအသင်းလူစာရင်းမှာ ဂိုးသမားစတီဂန်ပါဝင်လာခဲ့

ဘာစီလိုနာ-ရီးရဲလ်မက်ဒရစ် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဘာစီလိုနာအသင်းလူစာရင်းမှာ ဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူနေခဲ့ရတဲ့ ဂျာမနီဂိုးသမား စတီဂန်ပါဝင်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင် စတီဂန်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာပါ။ စတီဂန်ဟာ ဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရမယ်လို့ ခန့်မှန်းထားကြပေမယ့် သူဟာ မတ်လမှာ ဘာစီလိုနာအသင်းရဲ့လေ့ကျင့်ရေးကွင်းထဲ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။



အခုဆိုရင် စတီဂန်ဟာ ဒဏ်ရာကနေအပြည့်အဝကောင်းမွန်သွားပြီဖြစ်တာကြောင့် ဘာစီလိုနာအသင်းအတွက် ပွဲတွေပြန်ကစားခွင့်ရရှိခဲ့တာပါ။ ဘာစီလိုနာအသင်းလူစာရင်းထဲ စတီဂန်ပြန်ပါဝင်ခဲ့တာကြောင့် နည်းပြဟန်ဆီဖလစ်အနေနဲ့ ရာသီရဲ့နောက်ဆုံးပွဲတွေမှာ ဘယ်ဂိုးသမားကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုမလဲဆိုတာ ရွေးချယ်ရဖို့ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ စတီဂန်ရဲ့ဒဏ်ရာကြောင့် အရေးပေါ်ဂိုးသမားခေါ်ယူမှုအဖြစ် အာဆင်နယ်နဲ့ ဂျူဗင်တပ်စ်အသင်းဂိုးသမားဟောင်း ရှက်ဇနီကို ခေါ်ယူထားတာပါ။ ရှက်ဇနီဟာ ဘာစီလိုနာအသင်းရဲ့ဂိုးပေါက်ကို အကောင်းဆုံးကာကွယ်ပြီး အသင်းကို ဆုဖလား(၃)လုံးလမ်းကြောင်းပေါ်ရောက်ရှိအောင် ပို့ဆောင်ပေးထားပါတယ်။



စတီဂန်ဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် ဘာစီလိုနာအသင်းလူစာရင်းမှာ ပြန်ပါဝင်ခဲ့ပေမယ့် ရှက်ဇနီကသာ ပွဲထွက်ဂိုးသမားအဖြစ်ပါဝင်ရဖို့ ရှိနေပါတယ်။

ဒဏ်ရာရရှိနေတဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအတွက် ဘာစီလိုနာအသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ (၂)ပွဲလုံးဂိုးပြတ်အနိုင်ရခဲ့ပြီး စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။

Read more

EU တွင်ဒဏ်ငွေပေးဆောင်ရမည့် TikTok

EU တွင်ဒဏ်ငွေပေးဆောင်ရမည့် TikTok

TikTok သည်အသုံးပြုသူများ ၏ data များကို China သို့ လွှဲပြောင်းခြင်းအတွက် EU တွင်ဒဏ်ငွေများစွာ ချမှတ်ခံရပြီး အိုင်ယာလန်နိုင်ငံ၏ Data Protection Commission (DPC) သို့ဒဏ်ငွေ ယူရို ၅၃၀ သန်း (ဒေါ်လာ သန်

ဘာစီလိုနာယူ-၁၉ အသင်းလို တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးကို ဘာစီလိုနာအမျိုးသား/အမျိုးသမီးအသင်းတွေရယူနိုင်မလား

ဘာစီလိုနာယူ-၁၉ အသင်းလို တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးကို ဘာစီလိုနာအမျိုးသား/အမျိုးသမီးအသင်းတွေရယူနိုင်မလား

ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ်ညာနောက်ခံလူဟောင်း ဘယ်လက်တီကိုင်တွယ်နေတဲ့ ဘာစီလိုနာယူ-၁၉ လူငယ်အသင်းက ဒီရာသီမှာဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွ

ဂူဟီနဲ့ အီဇီကို နွေရာသီအပြောင်းအ‌ရွှေ့ကာလမှာ ရောင်းချဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းဆန္ဒရှိနေ

ဂူဟီနဲ့ အီဇီကို နွေရာသီအပြောင်းအ‌ရွှေ့ကာလမှာ ရောင်းချဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းဆန္ဒရှိနေ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းခေါင်းဆောင်နောက်ခံလူ ဂူဟီနဲ့ တိုက်စစ်ကစားသမားအီဇီတို့ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ဆန္ဒရှိနေတယ်လို့ ဗြိတိန်

မန်စီးတီး-ဝုလ်ဗ်စ်ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် မန်စီးတီးအသင်းကို ဒီဘရိုင်းနားထိုးနှက်

မန်စီးတီး-ဝုလ်ဗ်စ်ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် မန်စီးတီးအသင်းကို ဒီဘရိုင်းနားထိုးနှက်

မန်စီးတီးအသင်းက ဝုလ်ဗ်စ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသပြီး အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်