စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက အပြုအမူကြောင့် ရူဒီဂါကို စပိန်ဘောလုံးအဖွဲ့ချုပ် (၆)ပွဲပယ်ပြစ်ဒဏ်ချမှတ်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက အပြုအမူကြောင့် ရူဒီဂါကို စပိန်ဘောလုံးအဖွဲ့ချုပ်  (၆)ပွဲပယ်ပြစ်ဒဏ်ချမှတ်

ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာအသင်းကို (၂-၃)ဂိုးနဲ့ အရေးနိမ်ခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ကွင်းလယ်ဒိုင်လူကြီးကို ရေခဲနဲ့ပစ်ပေါက်ခဲ့တဲ့အပြင် ထိပ်တိုက်တွေ့ဆုံဖို့ပါလုပ်ခဲ့တဲ့ အပြုအမူကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီဂါကို စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က (၆)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

RFEF ဟာ ရူဒီဂါကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် ပွဲအပြီးမှာ အနီကတ်ပြခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဂမ်ရဲ့အနီကတ်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။

ရူဒီဂါဟာ (၆)ပွဲပယ်ပြစ်ဒဏ်ကို စပိန်လာလီဂါပြိုင်ပွဲမှာသာ ကျခံရမှာဖြစ်လို့ လာမယ့်ရာသီအစထိ ပွဲပယ်ခံရတော့မှာဖြစ်ပါတယ်။ ရူဒီဂါဟာ ဒီရာသီလာလီဂါလက်ကျန်ပွဲစဉ်(၅)ပွဲနဲ့ လာမယ့်ရာသီလာလီဂါအဖွင့်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ခွင့်ရမှာမဟုတ်ပါဘူး။

ဒါပေမယ့် လက်ရှိအချိန်မှာ ရူဒီဂါဟာ ဒူးဒဏ်ရာကို ခွဲစိတ်မှုခံယူပြီး ရာသီကုန်အထိအနားယူရဖွယ်ရှိလို့ ဒီပွဲပယ်ပြစ်ဒဏ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကြီးမားတဲ့သက်ရောက်မှုမရှိနိုင်ကြောင်း သိရပါတယ်။

ဘယ်လင်ဂမ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူတွေက သူ့ကို ပွဲပယ်ပြစ်ဒဏ်မကျနိုင်စေဖို့ သက်သေပြထားတဲ့ ရုပ်သံဖိုင်တွေပေးခဲ့တာကြောင့် အနီကတ်ကို ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲရဲ့အချိန်ပိုပြီးခါနီးမှာ ရူဒီဂါလို အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ ညာနောက်ခံလူ ဗက်ဇ်ကေးဇ်ကို REFE က (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သူဟာ စပိန်ဘုရင့်ဖလားပွဲတွေမှာ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ရူဒီဂါကို ပွဲပယ်/ဒဏ်ရာကြောင့် ဆုံးရှုံးရမှာဖြစ်သလို နောက်ခံလူတွေဖြစ်တဲ့ ဖာလန်းမန်ဒီက တံကောက်ကြောဒဏ်ရာ၊ အလာဘာက ဒူးဒဏ်ရာရရှိနေတာကြောင့် အနားပေးရဦးမှာပါ။ အဲ့ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဆယ်လ်တာဗီဂိုအသင်းနဲ့ လာလီဂါပွဲစဉ်မှာ အဓိကနောက်ခံလူအများအပြားမပါဝင်ဘဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

ဂျိုနပ်စ်ဂူတီယာရက်ဇ်ဆိုတာ တစ်ချိန်က နယူးကာဆယ်အသင်းကွင်းလယ်မှာ ပရိသတ်တွေ နှစ်သက်ကြတဲ့ကစားသမားတစ်ဦးပါ။ လက်ရှိနယူးကာဆယ်အသင်းက ဂွီမာရေ့စ်၊ ဂျိုလင်တန်အစရှ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ ဘာစီလိုနာ - အင်တာမီလန် (1 May 2025/ 1:30 am) ဘာစီလိုနာက လာလီဂါဇယားထိပ်ဆုံးမှာ လက်ရှိချန်ပီယံရီးရဲလ်မက်

၂၀၂၅ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမား ဒမ်ဘီလီ

၂၀၂၅ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမား ဒမ်ဘီလီ

ပြင်သစ်ကလပ် PSG အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမားဒမ်ဘီလီဟာ ဒီနှစ်အတွင်း PSG အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု(၃၀)ဂိုးအထိရှိနေပြီး ဒါက ဥရောပထိပ်တန်းလိဂ်

အာဆင်နယ်-PSG ပွဲက အာဆင်နယ် ပရိသတ်တွေရဲ့အားပေးမှုကို ဝိန်းရွန်နီဝေဖန်

အာဆင်နယ်-PSG ပွဲက အာဆင်နယ် ပရိသတ်တွေရဲ့အားပေးမှုကို ဝိန်းရွန်နီဝေဖန်

မနေ့က အာဆင်နယ်(ဝ-၁)PSG ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ အာဆင်နယ်ပရိသတ်တွေရဲ့အားပေးမှုဟာ ငြိမ်သက်နေတယ်လို့ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆေ