စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို သပိတ်မှောက်မယ်ဆိုတဲ့သတင်းတွေကို ရီးရဲလ်မက်ဒရစ်ငြင်းဆန်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို သပိတ်မှောက်မယ်ဆိုတဲ့သတင်းတွေကို ရီးရဲလ်မက်ဒရစ်ငြင်းဆန်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်မယ့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ကိုင်တွယ်မယ့် ဒိုင်လူကြီးအဖွဲ့ရဲ့မှတ်ချက်တွေကြောင့် ပွဲကြိုမီဒီယာတွေ့ဆုံမှုနဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို မပြုလုပ်ခဲ့ပေမယ့် ဒီပွဲကိုသပိတ်မှောက်မယ်ဆိုတဲ့ သတင်းတွေကိုတော့ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။

ကွင်းလယ်ဒိုင်လူကြီး ရီကာဒိုဒီဘာဂို့စ်နဲ့ VAR ဒိုင်လူကြီး ပါဘလိုဂွန်ဇာလက်ဇ်တို့ဟာ ဒိုင်လူကြီးတွေကို မကြာခဏဝေဖန်မှုတွေပြုလုပ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်း TV အကြောင်းကို မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ မှတ်ချက်ပေးခဲ့တာပါ။



ကွင်းလယ်ဒိုင်လူကြီး ရီကာဒိုဒီဘာဂို့စ်က ရီးရဲလ်မက်ဒရစ်အသင်း TV က ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှာ သူဟာ ဘာစီလိုနာအသင်းကို ဘက်လိုက်ခဲ့တယ်ဆိုပြီး ဖော်ပြခံခဲ့ရတာကြောင့် ကျောင်းမှာ သူ့ရဲ့သားဟာ အနိုင်ကျင့်ခံရတယ်လို့ပြောခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူတွေဟာ ဒီမှတ်ချက်တွေကို ကြားခဲ့ရပြီးနောက် ဒေါသထွက်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီပွဲအတွက် ဒိုင်လူကြီးအဖွဲ့ပြောင်းလဲပေးဖို့ စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ကို တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် RFEF က သူတို့ရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပွဲကြိုမီဒီယာတွေ့ဆုံမှုကို တက်ရောက်မှာမဟုတ်သလို နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို ပြုလုပ်မှာမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက် ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကိုပါ သပိတ်မှောက်နိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့တာပါ။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက သူတို့ဟာ ဘာစီလိုနာအသင်းနဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ယှဉ်ပြိုင်မယ်လို့ အတည်ပြုခဲ့ပြီး ပွဲကိုကိုင်တွယ်မယ့် ဒိုင်လူကြီးအဖွဲ့ကိုသာ ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Read more

ရန်ကုန်မှာ ဒီတစ်ပတ်ထဲ ဘယ်တွေသွားကြမလဲ ?

ရန်ကုန်မှာ ဒီတစ်ပတ်ထဲ ဘယ်တွေသွားကြမလဲ ?

ရန်ကုန်မြို့မှာ ဒီတစ်ပတ် (မေလ ၃ ရက်ကနေ ၁၁ ရက်) ထဲ ဘာပွဲတွေလုပ်ဖို့ရှိသလဲ ? ဘယ်နေရာမှာလုပ်မှာလဲ ? ဆိုတာကို စုစည်းဖော်ပြပေးလိုက်ပါတယ် .. 1. Myanmar Power & Solar Energy Storage Lighting

ဘက်တစ်-ဖီအိုရမ်တီးနားပွဲစဉ်မှာ ဖီအိုရမ်တီးနားအသင်းကတောင် လေးစားမှုပေးရတဲ့အထိ လှပတဲ့သွင်းဂိုးကို အန်တိုနီသွင်းယူ

ဘက်တစ်-ဖီအိုရမ်တီးနားပွဲစဉ်မှာ ဖီအိုရမ်တီးနားအသင်းကတောင် လေးစားမှုပေးရတဲ့အထိ လှပတဲ့သွင်းဂိုးကို အန်တိုနီသွင်းယူ

ဘက်တစ်အသင်းက ဖီအိုရမ်တီးနားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီဟာ ပြိုင်ဘက်အသင်းဖြစ်

လွန်ခဲ့သော် ၄၃နှစ် ခန့်ကလက်ပတ်နာရီမှာTVကြည့်လို့ရတယ်ဆိုယုံမလား

လွန်ခဲ့သော် ၄၃နှစ် ခန့်ကလက်ပတ်နာရီမှာTVကြည့်လို့ရတယ်ဆိုယုံမလား

၁၉၈၂ ခုနှစ်တွင်ဂျပန်နိုင်ငံက Seiko ဆိုသော ကုမ္ပဏီက အဲ့ဒီ့အချိန်အခါက အံ့ဩဖွယ်ရာနည်းပညာနဲ့ ထုတ်လုပ်ထားသော လက်ပတ်နာရီကို မိတ်ဆက်ပေးခဲ့ပါတယ်။၎င်

ဟယ်ရီဒင်ညိုဆိုတဲ့ နာမည်ပြောင်အသစ်ကို မိမိနှစ်သက်တယ်လို့ မက်ဂွဲယားဖွင့်ဟ

ဟယ်ရီဒင်ညိုဆိုတဲ့ နာမည်ပြောင်အသစ်ကို မိမိနှစ်သက်တယ်လို့ မက်ဂွဲယားဖွင့်ဟ

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွ