စပို့တင်းလစ္စဘွန်းအသင်းမှာ ယောကရက်စ် ဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်း ဦးလေးဖြစ်သူ ခရစ်ဖွင့်ဟ

စပို့တင်းလစ္စဘွန်းအသင်းမှာ ယောကရက်စ် ဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်း ဦးလေးဖြစ်သူ ခရစ်ဖွင့်ဟ

မန်ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့အပါအဝင် ဥရောပထိပ်သီးအချို့ရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဆွီဒင်တိုက်စစ်မှူးယောကရက်စ်ဟာ ဒီနွေရာသီ စပို့တင်းလစ္စဘွန်းအသင်းမှာ ဆက်ရှိမယ်ဆိုတာ ယုံကြည်တယ်လို့ ဦးလေးဖြစ်သူခရစ်က ဆိုခဲ့ပါတယ်။ ယောကရက်စ်ဟာ စပို့တင်းလစ္စဘွန်အသင်းမှာကစားထားတဲ့ (၂)ရာသီအတွင်း သွင်းဂိုးပေါင်း(၉၆)ဂိုးသွင်းယူထားတာပါ။

ယောကရက်စ်ရဲ့ဂိုးသွင်းနှုန်းကြောင့် တိုက်စစ်ပိုင်းလိုအပ်ချက်တွေရှိနေတဲ့ မန်ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ သူ့ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းဟာ နွေရာသီမှာ ယောကရက်စ်ကို ထွက်ခွာခွင့်ပေးဖို့လမ်းဖွင့်ထားပြီး ပေါင်သန်း(၆၀)ဝန်းကျင်ရရင် ရောင်းချသွားဖို့ရှိနေတာပါ။ ဒါပေမယ့် ယောကရက်စ်ရဲ့ဦးလေးဖြစ်သူ ခရစ်က သူ့ရဲ့တူဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ဆက်ရှိမယ်လို့ ပေါ်တူဂီသတင်း Record ကိုဆိုခဲ့ပါတယ်။

ယောကရက်စ်ရဲ့ဦးလေးဖြစ်သူ ခရစ်

ယောကရက်စ်ဟာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်တဲ့အတွက် ဖြစ်လာမယ့်အရာတွေကို မြင်တွေ့ရမယ်လို့ဆိုထားတာပါ။ ယောကရက်စ်ကိုခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတဲ့ မန်ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့မှာ မန်ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီဥရောပဝင်ခွင့်ဆုံးရှုံးခဲ့တဲ့အတွက် ဒီပြိုင်ပွဲကနေ ထွက်ခွာရဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တဲ့အတွက် ယောကရက်စ်ကို ခေါ်ယူနိုင်ဖို့အားသာချက်တွေရှိလာခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်အသင်းနဲ့ ပေါ်တူဂီအမှတ်ပေးဖလားကို ရယူထားတဲ့ ယောကရက်စ်ဟာ ဖလားဗိုလ်လုပွဲအဖြစ် ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေသေးလို့ ဒီရာသီကို ပြည်တွင်းဖလား(၂)ခုရယူပြီး ရာသီအဆုံးသတ်နိုင်မယ့် အခွင့်အရေးကောင်းတွေရှိနေတာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်