ဒီရာသီ နော်တင်ဂမ်ဖောရက်စ်အသင်းရဲ့အမြင့်ပျံခရီးမှာ အင်္ဂလန်ကွင်းလယ်လူမော်ဂန်ဂစ်၀ှိုက်ရဲ့ကွင်းလယ်က အကွက်မြင်မြင်ဖန်တီးပေးပို့မှုတွေက အဓိကကျပါတယ်။

ဒီရာသီက နော်တင်ဂမ်ဖောရက်စ်အတွက် ပရီးမီးယားလိဂ်မှာ အကောင်းဆုံးရာသီလို့ ဆိုနိုင်သလို ၀ုလ်ဗ်စ်၊ ဆွမ်ဆီး၊ ရှက်ဖီးယူနိုက်တက်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဂစ်၀ှိုက်အတွက်လည်း အကောင်းဆုံးရာသီလို့ ဆိုရမှာဖြစ်ပါတယ်။

ဒီလိုအကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနေချိန်မှာ သူ့အတွက် စုတ်ရောလာဘ်ပါဝင်တယ်လို့ ဆိုရလောက်အောင် သတင်းကောင်းနှစ်ခုက ရှေ့ဆင့်နောက်ဆင့်ရောက်ရှိလာပါတယ်။

အဲဒါကတော့ သူ့ရဲ့လက်တွဲဖော်ဖြစ်သူ influencer ဘရစ်တနီဒီဗီလီယာက သူတို့မိသားစုလေးအတွက် ဒုတိယမြောက်ရင်သွေးလေး လွယ်ထားရတာပါပဲ။ ဂစ်၀ှိုက်ဟာ သူ့ရဲ့ဒုတိယမြောက်ကလေး လူ့လောကကို ရောက်ရှိလာတော့မယ့်အကြောင်းကို ကြားသိချင်း ပျော်ရွှင်စွာနဲ့ မိသားစုဓါတ်ပုံတွေရိုက်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

သူတို့မိသားစုပုံလေးတွေက ပရိသတ်တွေအတွက်လည်း ကြည်နူးစရာဖြစ်ခဲ့ရပါတယ်။ နောက်သတင်းကောင်းတစ်ခုကတော့ ကျောက်ခဲရေပေါ်ဆိုသလို ဂစ်၀ှိုက်တစ်ယောက် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြသစ် တူချယ်လ်ရဲ့ပထမဆုံးအသင်းမှာ ရွေးချယ်ခံရတာပါပဲ။

တကယ်တော့ တူချယ်က သူ့ရဲ့လူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မူလက ဂစ်၀ှိုက်ရဲ့အမည်ပါဝင်မလာဘဲ ချယ်လ်ဆီးတောင်ပံကစားသမား ကိုးလ်ပါမား ဒဏ်ရာအခြေအနေကြောင့် ကြံ့ခိုင်မှု စိတ်မချရတာကြောင့် တူချယ်လ်က သူ့ကို ထပ်တိုးရွေးချယ်ခဲ့တာပါ။

အရင်ယာယီနည်းပြ လီကာစလေလက်ထက် အင်္ဂလန်အသင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံခဲ့ရတဲ့ ဂစ်၀ှိုက်အနေနဲ့ နည်းပြသစ်တူချယ်လ်လက်ထက် အင်္ဂလန်အသင်းမှာ တိုးဝင်လို့မရတော့ဘူးလို့ ထင်မြင်ခဲ့ပြီးမှ ပြန်လည်ရွေးချယ်ခံရတာဖြစ်လို့ ပိုမိုပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်။

မူလက တူချယ်လ်ရဲ့ချန်လှပ်မှုအတွက် ဒေါသထွက်ခဲ့ရပေမယ့် မိမိအနေနဲ့ နည်းပြရဲ့ဆုံးဖြတ်ချက်ကို လေးစားစွာလိုက်နာရမယ်လို့လည်း ဂစ်၀ှိုက်က ပြောခဲ့ဖူးပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ်​့ မတ်(၂၁)ရက်နေ့မှာ အယ်လ်ဘေးနီးယား၊ (၂၄)ရက်နေ့မှာ လတ်ဗီးယားအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ စတင်ကစားရမှာဖြစ်ပြီး (၂)ပွဲစလုံး အိမ်ကွင်းကစားရမှာဖြစ်ပါတယ်။

England squad

Goalkeepers: Dean Henderson (Crystal Palace), Jordan Pickford (Everton), Aaron Ramsdale (Southampton), James Trafford (Burnley).

Defenders: Dan Burn (Newcastle United), Levi Colwill (Chelsea), Marc Guehi (Crystal Palace), Reece James (Chelsea), Ezri Konsa (Aston Villa), Myles Lewis-Skelly (Arsenal), Tino Livramento (Newcastle United), Jarell Quansah (Liverpool), Kyle Walker (AC Milan, loan from Manchester City).

Midfielders: Jude Bellingham (Real Madrid), Eberechi Eze (Crystal Palace), Jordan Henderson (Ajax), Curtis Jones (Liverpool), Cole Palmer (Chelsea), Declan Rice (Arsenal), Morgan Rogers (Aston Villa), Morgan Gibbs-White (Nottingham Forest).

Forwards: Jarrod Bowen (West Ham United), Phil Foden (Manchester City), Anthony Gordon (Newcastle United), Harry Kane (Bayern Munich), Marcus Rashford (Aston Villa, loan from Manchester United), Dominic Solanke (Tottenham Hotspur).