အမည်လွှဲ Alice လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့ကို Internet Abuse လုပ်တဲ့သူနဲ့ Match လုပ်ပေးခဲ့တဲ့ Omegle ကိုတရားစွဲလိုက်ပါတယ်။ ဖြစ်စဥ်ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က သူမဟာ Omegle ကိုအသုံးပြုနေစဥ်အတွင်း ကလေးသူငယ်လိင်ကိစ္စကို စွဲလန်းနေတဲ့ အင်တာနက်ပေါ်က လူတစ်ယောက်နဲ့ Match ဖြစ်ခဲ့ပါတယ်။ အဲ့အချိန်ကစလို့ သူမဟာ ထိုသူရဲ့ Internet လိင်ကျွန်ဖြစ်ခဲ့ပါတယ်။ ၁၀ နှစ်ကြာပြီးတဲ့နောက် သူမ အသက် ၂၁ ပြည့်တဲ့အချိန်မှာတော့ ဒီကိစ္စကိုလူသိရှင်ကြား တရားစွဲလာခဲ့ပါတယ်။
သူမအနေနဲ့ ဘယ်လောက်ထိ စိတ်ဒဏ်ရာရသွားသလဲဆိုရင် တရားခံဟာ သူမကို ခေါင်းရဲ့ဘယ်ဖက်မှာ ကြက်တောင်စည်းပြီး ပုံတွေအတင်းအကျပ်ပို့ခိုင်းခဲ့တာမို့ ခုအသက်ကြီးလာသည့်တိုင် ဆံပင်ကိုကြက်တောင်စည်းမယ်ဆိုရင် အဖြစ်အပျက်တွေကို ပြန်မြင်ရတဲ့အထိ စိတ်ဒဏ်ရာကြီးခဲ့တာပါ။
ဖြစ်စဥ်အသေးစိတ်ကတော့ Alice တို့သူငယ်ချင်းအုပ်စု Omegle မှာ Video Call ပြီးတဲ့နောက်မှာတော့ တရားခံဟာ Alice ကိုပဲပစ်မှတ်ထားပြီး Personal Message ပို့ဖို့စည်းရုံးခဲ့တာပါ။ အစပိုင်းမှာတော့ လူငယ်တွေအများစုကြုံရတဲ့ လူမှုရေးပြဿနာတွေကို စကားပြောဖော်လုပ်ပြီး ကောင်းဟန်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Alice ကို အတင်းဖိအားပေးပြီး တစ်ကိုယ်ရေအာသာဖြေတဲ့ Video, Private Parts တွေကိုဓာတ်ပုံပို့ခိုင်းတာတွေပြုလုပ်စေခဲ့ပါတယ်။
Alice အနေနဲ့ ဆယ်စုနှစ် ၁ ခုကြာ ဒီကိစ္စကို လျှို့ဝှက်ထားပြီး မျှိုသိပ်ထားပေမယ့် နောက်ဆုံးတော့ Cyber Crime ရဲ၎ာနတစ်ခုရဲ့အကူအညီနဲ့ IP Address ကိုခြေရာခံပြီး တရားခံကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သမီး ၂ ယောက်အဖေဖြစ်သူ ကနေဒါနိုင်ငံသား Ryan Fordyce ဟာ Alice အပါအဝင် ကလေးပေါင်းများစွာရဲ့ Videos, တွေပုံတွေကို သူရဲ့ ကိုယ်ပိုင်ကွန်ပျူတာထဲကနေ ဖမ်းဆီးမိခဲ့ချိန်မှာ သူရဲ့မိန်းမကိုယ်တိုင်ကလည်း မယုံနိုင်ဖြစ်နေခဲ့ပါတယ်။
Cyber Crime နဲ့ပတ်သတ်လို့ ရွံစရာအကောင်းဆုံးကတော့ ကလေးသူငယ်တွေကို အင်တာနက်ကနေ အမြတ်ထုတ်ခြင်းပါပဲ။ ဒါကြောင့်မို့ Social Media ကုမ္ပဏီကြီးတွေအနေနဲ့လည်း ခုနောက်ပိုင်းမှာ ၁၈ နှစ်မပြည့်သေးသူတွေကို အသုံးပြုခွင့်ကန့်သန့်ချက်တွေထုတ်ပြန်ထားပါတယ်။ Omegle အနေနဲ့လည်း အသက် ၁၈ နှစ်ပြည့်ပြီးမှ အသုံးပြုဖို့အတွက် နောက်ပိုင်းမှာ သတိပေးစာတွေ ဖော်ပြထားပေမယ့် Alice လိုမျိုးအဖြစ်အပျက်တွေဟာ Omegle မှာ ဆယ်ဂဏန်းချီပြီးရှိနေဆဲပါ။
Website ဖက်ကကန့်သန့်ချက်တွေထုတ်နေပေမယ့်လည်း ဒါဟာလုံလောက်တဲ့အဖြေမဟုတ်ပဲ ကလေးမိဘတွေအနေနဲ့လည်း ကလေးတွေကို ဖုန်းသုံးတာ၊ Social Media သုံးတာတွေကို သတိထားပေးရပါမယ်။ Internet ခေတ်ကြီးမှာ ကလေးတွေကို အင်တာနက်ပေးသုံးသင့်တာ မှန်ပေမယ့် ကိုယ့်ရင်သွေး Internet ပေါ်မှာ လုံခြုံရဲ့လား၊ မှန်မှန်ကန်ကန်အသုံးပြုနေလားဆိုတာ စောင့်ကြည့်ဖို့လိုကြောင်း သတိပေးလိုက်ရပါတယ်။
Ref : BBC
Discussion