Dai-ichi Life Insurance Myanmar မှ မြန်မာနိုင်ငံသို့ ရောက်ရှိခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အား ဆင်နွှဲ

Dai-ichi Life Insurance Myanmar Ltd. (Dai-ichi Life) မှ မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ခြင်း တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ အသက်အာမခံဈေးကွက်အတွင်း လုပ်ငန်း လိုင်စင်ရရှိခဲ့ပြီးစတင်ခြေချခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်၍ "People First” ဟူသည့် ၎င်း၏ ခံယူချက်ကို လက်ကိုင်ပြုကာ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား မိမိတို့၏ ဘဝတွင် အကန့်အသတ်များ မထားပဲ ရှင်သန်နေထိုင်သွားရန် စိတ်ဓာတ်ခွန်အားပေးလျက်ရှိသည်။
Dai-ichi Life Insurance Myanmar သည် ရည်ရွယ်ထားသည့် လုပ်ငန်းဆောင်တာများ အောင်မြင်ပြီးမြောက်အောင် တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ပြီး ဝန်ဆောင်မှုရယူထားသူ customer များကိုလည်း အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးနိုင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိသည်။ "ပြီးခဲ့တဲ့နှစ်ကို ပြန်လည်သုံးသပ်တဲ့အခါမှာ ကျွန်မတို့အနေနဲ့ ဝန်ဆောင်မှုရယူထားသူ customer တွေရဲ့ လိုအပ်ချက်တွေကို အကောင်းမွန်ဆုံး ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး သိသာထင်ရှားတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။ တစ်နှစ်တာအတွင်း ဖြတ်သန်းလာခဲ့တဲ့ လမ်းခရီးတစ်လျှောက်မှာ ကြုံဆုံခဲ့ရသူတွေ၊ နောက်တစ်ခါ ကျွန်မတို့ ဝန်ဆောင်မှုရဲ့အကျိုးရလဒ်ကိုခံစားခဲ့ရသူတွေဆီကနေ လေ့လာသင်ယူခွင့်တွေ ရရှိခဲ့ခြင်းက အဖွဲ့အစည်းတစ်ခု အနေနဲ့ရော တစ်ဦးတစ်ယောက်ချင်း အနေနဲ့ပါ ကျွန်မတို့ကို ပြောင်းလဲတိုးတက်လာစေခဲ့ပါတယ်"ဟု Dai-ichi Life Insurance Myanmar ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ဇာခြည်တင်က ပြောကြားခဲ့သည်။
Dai-ichi Life Insurance Myanmar သည် ၂၀၂၀ ခုနှစ်တွင် ၎င်း၏ လူသိများသော အသက်အာမခံအမျိုးအစားတစ်ခု ဖြစ်သည့် Dai-ichi Life Pro အား အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့သည့် ပထမဆုံးသော နိုင်ငံခြား အသက်အာမခံကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ Dai-ichi Life Pro အသက်အာမခံအစီအစဉ်သည် အာမခံထားရှိသူများ၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ပြီးပြည့်စုံလှသော အသက်အာမခံအစီအစဉ်တစ်ခုဖြစ်ပြီး Dai-ichi Life Insurance Myanmar ၏ အနာဂတ်တွင် ထပ်မံထွက်ရှိမည့် အာမခံအစီအစဉ်သစ်များအတွက်ပါ လမ်းသစ်တစ်ခု ချဲ့ထွင်ဖောက်လုပ်ပေးနိုင်ခဲ့သည်။ Dai-ichi Life Insurance Myanmar အနေနှင့် ဘဏ္ဍာရေးကိုစီမံခန့်ခွဲလိုသူများအတွက်လည်း ဘဏ္ဍာရေးပိုင်းဆိုင်ရာ အသိအမြင်၊ ဗဟုသုတများ ပိုမိုမြင့်မားလာစေရန်နှင့် အာမခံလုပ်ငန်းဆိုင်ရာအခွင့် အလမ်းများ အတွက် အခမ်းအနားများ၊ Virtual Webinars များကျင်းပကာ လေ့လာသင်ယူခွင့်များစွာ ဖန်တီးပေး နိုင်ခဲ့သည်။
ထို့အပြင် Dai-ichi Life Insurance Myanmar သည် ကမ္ဘာတစ်ဝှမ်းဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါ အန္တရာယ်မှလည်း ကြိုတင်လက်ဦးမှုရယူကာ ပြင်ဆင်ဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့သည်။ ဝန်ထမ်းများနှင့် မိတ်ဖက်ကိုယ်စားလှယ်များ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေးအနေဖြင့် ဦးတည်ဆောင်ရွက်ခဲ့ပြီး နေအိမ်များမှနေကာ အလုပ်လုပ်ခြင်းအပါအဝင် အခြားသော ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များအား အစောဆုံး စီမံဆောင်ရွက်နိုင်ခဲ့သည့် ကုမ္ပဏီများအနက် တစ်ခုအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။ ထို့အပြင် အာမခံထားရှိသူများနှင့် ထိုသူများ၏ ချစ်ခင်ရသူများကိုပါ ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေမှ ပိုမိုအကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ 'People First Fund' အား မတည်ပေးခဲ့သည်။ ပြည်သူများအတွက် ရောဂါပြန့်ပွားမှုမှ ကာကွယ်နိုင်ဖို့ အသိပညာပေးခြင်းနှင့် အခြားသော ကူညီထောက်ပံ့မှုများကိုလည်း အဖက်ဖက်မှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
Dai-ichi Life Insurance Myanmar အနေနှင့် Dai-ichi Life Experience Centre (DLEC) ကို ကျောက်တံတားမြို့နယ် Sule Square ၏ မြေညီထပ်တွင် ဖွင့်လှစ်ခဲ့ပြီး အာမခံထားရှိသူများကို ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်သည်။ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များနှင့် ပိုမို အရေအတွက်များပြားလာသော ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးသူများအတွက် Dai-ichi Life Insurance Myanmar ရုံးခွဲတစ်ခုကိုလည်း ယခင်နှစ်ဦးပိုင်းက ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သည်။
"ကျွန်တော်တို့ ကုမ္ပဏီရဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုရယူထားသူ customer တွေကို အကောင်းဆုံးသော ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့အတွက် Dai-ichi Life Insurance Myanmar အနေနဲ့ အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပြီးတော့ ကျွန်တော်တို့ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းအတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ်။ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အတော်များများ ထိခိုက်ခဲ့ကြပေမယ့် Dai-ichi Life Insurance Myanmar အနေနဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ပြီး ကုမ္ပဏီရဲ့ ရည်သန်ချက်အတိုင်း ရေရှည်တည်တံ့မယ့် လုပ်ငန်းဆောင်တာတွေကို အောင်မြင်စွာ လုပ်ဆောင်ပြီးစီးခဲ့ပါတယ်“ ဟု ဒုတိယအမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Yoshihito Takahama က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်လာသည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော Dai-ichi Life Insurance Myanmar သည် လူမှုဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသည့် အခြားသော ကုမ္ပဏီများနှင့်လည်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များ ပြုလုပ်လျက်ရှိနေပြီး ဝန်ဆောင်မှုများ ပိုမိုတိုးချဲ့ပေးသွားနိုင်ရန်စီစဉ် လျက်ရှိနေပါသည်။ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သော ပထမဆုံးတစ်နှစ်တာကာလအတွင်း ကပ်ရောဂါဖြစ်ပွားနေပါလျက် အောင်မြင်ပြီးမြောက်ခဲ့ သည့် ရလဒ်များအတွက် Dai-ichi Life Insurance Myanmar က ဂုဏ်ယူဝမ်းမြောက်လျက်ရှိပြီး အနာဂတ်တွင်လည်း အမျိုးစုံလင်လှသော အစီအစဉ်များ ဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား ကောင်းမွန်သော အကျိုးရလဒ် များဖန်တီးပေးနိုင်ရန်လည်း မျှော်မှန်းလျက်ရှိသည်။ Dai-ichi Life Insurance Myanmar သည် ၎င်း၏ ဝန်ဆောင်မှုများနှင့် လုပ်ငန်းဆိုင်ရာအခွင့်အလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် "အကန့်အသတ်မရှိသော မနက်ဖြန်များစွာ" ကိုလည်း ယူဆောင်လာပေးသွားမည်ဖြစ်သည်။