Apple ရဲ့ ဒေါ်လာ ၂၀၀၀ တန် ခေါက်ဖုန်းလာတော့မယ်

Apple ဟာ လာမယ့် 2026 နှစ်လည်ပိုင်းမှာ Foldable ဖုန်းတွေကို မိတ်ဆက်သွားနိုင်ဖို့ စီစဉ်နေတာကို မနှစ်ကတည်းက သတင်းတွေထွက်နေတာပါ။ အခုလည်း ထပ်ထွက်လာပြန်ပါပြီ။ 

ဒီတစ်ခေါက်မှာတော့ Apple နဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ Analyst တစ်ဦးဖြစ်တဲ့ Ming Chi Kuo ဆိုသူက Apple ဟာ 2026 နှစ်လည်ပိုင်းလောက်မှာ ခေါက်ဖုန်းကို မိတ်ဆက်လာနိုင်ခြေရှိတယ်ဆိုပြီး ဖော်ပြလာတာပါ။ 

ပြောထားတဲ့ပုံစံအရတော့ အပြင်ဘက် Screen Size က 5.5” အကျယ်ရှိပြီး အတွင်းဘက်ကတော့ 7.8” ရှိနိုင်ပါမယ်။ ဖုန်းရဲ့ ဘော်ဒီနဲ့ ခေါက်နိုင်တဲ့ ပတ္တာတို့ကို stainless steel , titanium တို့နဲ့ဖန်တီးထားမှာပါ။ ခေါက်ထားရင် 9-9mm ရှိမှာဖြစ်ပြီး ဖြန့်ထားရင်တော့ 4.5-4.8mm အထိ ရှိမှာပါ။ ဒါ့အပြင် ဖုန်းရဲ့အထူကို ပါးစေဖို့အတွက် Face ID မပါပဲ Touch ID ကိုသာ သုံးသွားနိုင်တယ်လို့လည်း ဆိုပါတယ်။ 

Kuo ရဲ့ ခန့်မှန်းချက်အရ Apple ခေါက်ဖုန်းဟာ ဒီနှစ်ရဲ့ ဩဂုတ်လဝန်းကင်မှာ စတင်စမ်းသပ်ထုတ်လုပ်သွားမှာဖြစ်ပြီး 2026 စက်တင်ဘာဝန်းကျင်လောက်မှာ မိတ်ဆက်လာနိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ဈေးနှုန်းအရလည်း ဒေါ်လာ 2000 ကနေ 2500 ကြား ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ 

Apple ခေါက်ဖုန်းကတော့ နှစ်တိုင်းသတင်းထွက်ပါတယ်။ ထွက်ပြီး ပြီးသွားတာပါပဲ။ Apple ဘက်မှ ဟုတ်ပါတယ်ပြောမှ တကယ်ဟုတ်လာမှာပါ။ ဒါပေမဲ့လည်း Apple ခေါက်ဖုန်းကို တော်တော်လေးမျှော်နေကြတာတော့ အမှန်ပါပဲ။