ဒေါ်လာ 300 မပြည့်တဲ့ CMF Phone 2 Pro က ကျွတ်ဆင်ကြီးလား

ဒေါ်လာ 300 မပြည့်တဲ့ CMF Phone 2 Pro က ကျွတ်ဆင်ကြီးလား

ဧပြီ 28 မှာ မိတ်ဆက်သွားမယ်လို့ ပြောခဲ့တဲ့ CMF Phone 2 Pro ကတော့ အပြောင်းအလဲများစွာနဲ့အတူ မိတ်ဆက်လာပါတယ်။ ခေါင်းစဉ်မှာပြောထားသလိုပဲ ကျွတ်ဆင်ကြီးပဲ အပြောင်းအလဲတွေကတော့...

Nothing အနေနဲ့ဆို CMF Phone 2 Pro က CMF series ရဲ့ ဒုတိယမြောက်ဖုန်းပေါ့။ Phone 2 ရိုးရိုးလာမယ်ထင်ခဲ့ပေမဲ့ Pro version အရင်လာခဲ့တာ။ Phone 1 နဲ့ ဘာတွေကွာသွားလဲ အဓိကအနေနဲ့ပြောရရင် Phone 1 တုန်းက ကျောဘက် Back cover ကို ဖြုတ်လို့ တပ်လို့ရတဲ့ပုံစံ။ Phone 2 Pro မှာက အဲ့လိုလုပ်လို့မရတော့ဘူး။ 

ဒါပေမဲ့ ပိုကောင်းသွားတဲ့ တစ်ချက်က Lens အပိုတွေ တပ်လို့ရမှာ။ သူ့ရဲ့ Main camera lens အပေါ်မှာ သံလိုက်လိုမျိုး lens အပိုတွေ ထပ်တပ်လို့ရမှာပါ။ Nothing ကပြောထားပုံအရဆို Fisheye lens တို့ Macro lens တို့ တပ်လို့ရမှာပါ။ အဲ့အတွက်တော့ ကုန်ကျစရိတ်ထပ်ရှိမယ်ပေါ့။

သံလိုက်သဘောမျိုးဆိုသလို ကျောဘက်မှာ Kickstand ပုံစံသုံးနိုင်တဲ့ Card holder တွေ Wallet တွေလည်း တပ်လို့ရဦးမယ်။ Landyard ကြိုးလည်း တပ်ပြီး သုံးနိုင်ဦးမယ်။ Phone 1 မှာတုန်းက NFC သုံးလို့မရခဲ့ပေမဲ့ Phone 2 Pro မှာတော့ သုံးနိုင်ပါမယ်။ နောက်ပြီး မိုက်တဲ့တစ်ချက်က Phone 3a series တွေလို Essential Key ခလုတ်ပါလာတယ်။ 

 Spec: တွေအရဆို ကင်မရာပိုင်းကို ဦးစားပေးထားတယ်လို့ ပြောထားတယ်။ Main Camera 50MP ဖြစ်မယ် Phone 1 ထက် 64% ပိုကောင်းတယ်လို့ ဆိုထားတယ်။ 50MP 2x Zoom Telephoto Camera ,8MP ultrawide, Selfie က 16MP သုံးထားတယ်။ 

MediaTek Dimension 7300 Pro Chip တပ်ဆင်ထားပြီး Android 15 ကိုမှ Nothing OS 3.2 ရမယ်။ Ram 8GB နဲ့ Storage ကို 128GB နဲ့ 256GB ဆိုပြီး ရွေးနိုင်တယ်။ 5000mAh Battery, 33W Charging , Amoled Display ကို ScreenSize 6.67” FHD+ 120Hz အထိရမယ်။ 

ဈေးနှုန်းကတော့ ဒေါ်လာ 270 ယူရို 250 နဲ့ စပါမယ်။ US မှာတော့ 256GB ကိုမှ Beta program အနေနဲ့ ဒေါ်လာ 279 နဲ့ ရောင်းမှာပါ။ Preorder တွေစနေပါပြီ။ မေလ 6 ရက်မှာ ဈေးကွက်ထဲ စရောက်ပါမယ်။ အပေါ်မှာပြောသလို lens အပိုတွေဆိုလည်း Fisheye နဲ့ Macro lens အတွက် တစ်လုံးကို 37 ဒေါ်လာ ခန့်ရှိပါမယ်။  Wallet, Stand, Bundle စတဲ့ accessories တွေကိုလည်း Npthing.tech မှာ ဝယ်နိုင်ပါမယ်။ 

Read more

Barcelona  (3 -3) Inter Milan  UEFA Champions League (Semi Final/1st leg)  Highlight

Barcelona (3 -3) Inter Milan UEFA Champions League (Semi Final/1st leg) Highlight

0:00 /0:39 1× ■ Video - မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ ဘာစီလိုနာ (၃-၃)အင်တာမီလန်ပွဲမှာ အင်တာမီလန်အသင်းအတွက် သူရမ်ရဲ့နောက်ပေါက်ဂိုး(၁ မိ

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) ဘာစီလိုနာ (၃-၃)အင်တာမီလန် ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)က ဒီနှစ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

ဂျိုနပ်စ်ဂူတီယာရက်ဇ်ဆိုတာ တစ်ချိန်က နယူးကာဆယ်အသင်းကွင်းလယ်မှာ ပရိသတ်တွေ နှစ်သက်ကြတဲ့ကစားသမားတစ်ဦးပါ။ လက်ရှိနယူးကာဆယ်အသင်းက ဂွီမာရေ့စ်၊ ဂျိုလင်တန်အစရှ