Apple Store က ဝယ်လာတဲ့အိတ်လေ iPhone ထည့်ဖို့ပေါ့… ၇ သိန်းလောက်ပဲ ပေးရပါတယ်ဆိုပြီး တစ်မျိုးလေးကြွားလို့ရပါပြီ။ သေချာသလောက်ကတော့ နောက်တစ်ပတ်ထဲ အင်တာနက်တစ်ခွင် ပြဲပြဲစင်မြင်တွေ့ရလောက်တဲ့အပြင် Trend ပါ ဖြစ်လာနိုင်ပါတယ်။
Apple ကနေ iPhone အတွက် Accessories အသစ်အနေနဲ့ ‘iPhone Pocket” ဆိုပြီး ကြေညာလာပါတယ်။ Apple ဘက်ကတော့ iPhone အပြင် AirPods တွေ အားသွင်းကြိုးတွေပါ ထည့်လို့ရတယ်လို့ ဆိုပါတယ်။
အိတ်ဒီဇိုင်းကို ဂျပန်ရဲ့ နာမည်ကြီး Issey Miyake Design Studio က ဖန်တီးပေးထားတာဖြစ်ပြီး Cross Body Bag နဲ့ Hand Bag လိုပုံစံမျိုးတွေပါ။ အသေး (ကြိုးအတို) နဲ့ အကြီး (ကြိုးအရှည်) ဆိုပြီး နှစ်မျိုးရှိပါမယ်။
ကြိုးအတိုအိတ်ရဲ့ ဈေးနှုန်းက $149.95 ဖြစ်ပြီး lemon, mandarin, purple, pink, peacock, sapphire, cinnamon နဲ့ black အရောင်တွေ ရွေးနိုင်မယ်။
ကြိုးအရှည်အိတ်ရဲ့ ဈေးနှုန်းကတော့ $229.95 ဖြစ်ပြီး sapphire, cinnamon နဲ့ black ဆိုတဲ့ အရောင်တွေ ရပါမယ်။
အိတ်တွေကို လာမယ့်နိုဝင်ဘာ 14 မှာ ပြင်သစ်၊ တရုတ်၊ အီတလီ၊ ဂျပန်၊ စင်္ကာပူ၊ ကိုရီးယား၊ ယူကေ၊ အမေရိက စတဲ့ နိုင်ငံများမှာရှိတဲ့ Apple Store တွေမှာ စတင်ဝယ်ယူနိုင်ပါပြီ။
Apple Canton Road (Hong Kong)
Apple Ginza (Tokyo)
Apple Jing’an (Shanghai)
Apple Marché Saint-Germain (Paris)
Apple Myeongdong (Seoul)
Apple Orchard Road (Singapore)
Apple Piazza Liberty (Milan)
Apple Regent Street (London)
Apple SoHo (New York City)
Apple Xinyi A13 (Taipei)
ဒေါ်လာ ၃၀၀ တန် အိုင်ဖုန်းအိတ်
On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion