ဒေါ်လာ 3000 ကျော်ဖို့ အလားအလာများနေတဲ့ Samsung သုံးခေါက်ချိုးဖုန်း

Galaxy G Fold လို့ နာမည်ပေးထားကြတဲ့ Samsung ရဲ့ သုံးခေါက်ချိုးဖုန်းရဲ့ ခန့်မှန်းခြေဈေးနှုန်းကတော့ ရှယ်ပါပဲ။ ဈေးကွက်ထဲ S25 Edge ရောက်ရှိလာပြီဆိုတော့ အခုတော့ Tri-Fold ဘက်ကို ပြန်လှည့်လာတဲ့ သတင်းတွေ ထွက်လာပါပြီ။ အခုဆို ဈေးနှုန်းနဲ့ မိတ်ဆက်သွားမယ့်အချိန်တို့ leak ဖြစ်လာပါတယ်။

Tipster တစ်ဦးဖြစ်တဲ့ Yogesh Brar က Samsung ရဲ့Ttri-fold ဟာ လာမယ့် Galaxy Z Series မိတ်ဆက်ပြီးခါမှ စက်တင်ဘာလမတိုင်ခင် ထပ်မံမိတ်ဆက်လာနိုင်ခြေရှိကြောင်း ဖော်ပြလာတာပါ။ Samsung ရဲ့Ttri-fold ကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်မယ့်အပြင် တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယား ၂ နိုင်ငံမှာသာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

နောက်ပြီး Samsung ရဲ့Ttri-fold ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ 3000 ဝန်းကျင် ဒါမှမဟုတ် ဒေါ်လာ 3000 ထက်ကျော်လောက်မယ်လို့လည်း ဆိုထားပါတယ်။ ဒါကြောင့်လည်း ဝယ်ယူသူနည်းပါးနိုင်တဲ့အတွက် အကန့်အသတ်နဲ့သာ ရောင်းချနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။

တောင်ကိုရီးယားဘက်က Leak တွေအရဆိုရင် Samsung Tri-fold ဟာ Huawei Mate XT Ultimate လောက်တော့ ပါးမှာမဟုတ်ဘူး။ ဒါပေမဲ့လို့ အလေးချိန်ကတော့ တူတူလောက်ရှိမယ်လို့ ဆိုပါတယ်။ ဖြန့်ထားချိန်အထူကတော 3.6mm ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ Panel နဲ့ Display ပိုင်းမှာ အရင် Foldable တွေလိုမဟုတ်ပဲ ပိုကောင်းလာနိုင်ပြီး Screen Size ကြီးမယ်လို့လည်း ဆိုပါတယ်။