Apple ကနေ လာမယ့် 2026 နွေဦးပိုင်းမှာ ဈေးသက်သာတဲ့ MacBook ကို ထုတ်မယ်လို့ အတည်ပြုလာပါတယ်။ Apple ကနေ တရားဝင်ကြေညာတာတော့ မဟုတ်ပါဘူး။ ထုံးစံအတိုင်း Rumor တွေပါ။ Apple ရဲ့ Entry Level MacBook အကြောင်းကို ဒီနှစ်အစောပိုင်းတုန်းက တစ်ခါသတင်းထွက်လာခဲ့သေးပါတယ်။
နှစ်ကုန်ပိုင်းရောက်လာလို့ပဲ ပြန်သတင်းဖွတာပဲလားတော့မသိ။ သတင်းတွေအရတော့ Apple ကနေ ဈေးသက်သာတဲ့ MacBook ကို 2026 နွေဦးပိုင်းမှာ မိတ်ဆက်နိုင်အောင် ပထမအဆင့်ထုတ်လုပ်မှုတွေစတင်ဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။
Entry Level MacBook မှာတော့ Entry Level LCD Display ကို သုံးထားတာဖြစ်ပြီး iPhone တွေမှာသုံးတဲ့ A-series Chipset ကို သုံးပေးသွားမှာပါ။ ဒါပေမဲ့လည်း ဒီ chipset ဟာ ပထမဆုံး M1 chip ထက်ကို မြန်ဆန်မယ်လို့လည်း ဆိုပါတယ်။ MacBook Air (13.6”) ထက် ပိုသေးတဲ့ မျက်နှာပြင်အရွယ်အစားရှိမှာဖြစ်ပြီး စျေးနှုန်းကတော့ ဒေါ်လာ 700-800 ဝန်းကျင်ဖြစ်ပါမယ်။
Apple ကနေ Entry Level MacBook ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဈေးသက်သာတဲ့ PC နဲ့ Chromebook ဈေးကွက်ထဲ ဝင်ဖို့အတွက် အဓိကပါ။ MacBook Air နဲ့ Pro စီးရီးတွေလို Performance ကောင်းကောင်း သိပ်မျှော်လင့်လို့မရပေမဲ့ ဈေးသက်သာတဲ့ MacBook ရဲ့ Performance ကိုတော့ အတော်လေးစိတ်ဝင်စားနေကြပါတယ်။
Discussion