DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်။ထိုအဖွဲ့အဆိုအရ DeepSeek ၏ AI စနစ်က အသုံးပြုသူများအား မှားယွင်းသည့် သတင်းအချက်အလက်များ ဖော်ပြသည်ဟုဆိုကာ ထိုအမှားအယွင်းများကို ဖြေရှင်းမပေးသည့်အတွက် ဟုဖော်ပြထားသည်။

AGCM သည် AI မော်ဒယ်တစ်ခုမှ အသုံးပြုသူ၏ input /မေးခွန်းတစ်ခုအပေါ် အဖြေတစ်ခု (သို့) တစ်ခုထက်ပို၍ထုတ်ပေးသည့်အခါ မမှန်ကန်ခြင်း (သို့မဟုတ်) စိတ်ကူးယဉ်ဖြစ်သည့် သတင်းအချက်အလက်များ ပါဝင်လာနိုင်သည်ဟုသတိထပ်ပေးထားသည်။

ဖေဖော်ဝါရီလတွင်လည်း အီတလီနိုင်ငံ၏ Data Protection Authority က DeepSeek မှ ကိုယ်ရေးအချက်အလက်မူဝါဒအပေါ် စိုးရိမ်မှုများကို ဖြေရှင်းပေးရန် မပြုလုပ်နိုင်သဖြင့် ၎င်း၏ chatbot ကို အီတလီတွင် အသုံးပြုခွင့်ပိတ်ပင်ခဲ့သည်။

DeepSeek သည် ယခုအမှုနှင့်ပတ်သက်၍ပေးပို့လာသည့် email များကိုတုံ့ပြန်မှုဖြေကြားထားခြင်းမျိုးလည်းမရှိသေးဘူးဟု သိရပါသည်။