"ဓမ္မတာလာ​နေစဥ်မှာနာကျင်ကိုက်ခဲတာ​တွေ ကိုသက်သာ​စေနိုင်မယ့် ​ယောဂကျင့်စဥ် ၅ခု"

"ဓမ္မတာလာ​နေစဥ်မှာနာကျင်ကိုက်ခဲတာ​တွေ ကိုသက်သာ​စေနိုင်မယ့် ​ယောဂကျင့်စဥ် ၅ခု"

ရာသီလာချိန်မှာ လေ့ကျင့်ခန်းလုပ်တာက နာကျင်မှုကို တိုးစေနိုင်တယ်ဆိုတာမဟုတ်ပါဘူး..ဆန့်ကျင်ဘက်အနေနှင့်၊ ကောင်းစွာပုံမှန်လေ့ကျင့်ခန်းလုပ်တာက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အတွက် အကျိုးကျေးဇူးများရှိပြီး ရာသီလာစဉ် နာကျင်မှုဝေဒနာများကို သက်သာစေနိုင်ပါတယ်။ဒါပေမယ့် လူတော်တော်များများက လတစ်လရဲ့ ဒီလိုအချိန်‌တွေ‌ရောက်တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် လုပ်နေကျလေ့ကျင့်ခန်းတွေတောင် မေ့သွားကြပါတယ်..ဒါပေမယ့် ရာသီလာနေတာကြောင့် လေ့ကျင့်ခန်းကို ရှောင်ဖို့ အကြောင်းပြချက်မရှိပါဘူး‌နော်..ရာသီလာချိန်အတွင်း လှုပ်ရှားမှုအားလုံးကို ရပ်တန့်မည့်အစား လေ့ကျင့်ခန်းပြုလုပ်တာက ဓမ္မတာလာတဲ့အခါ  ဖြစ်တတ်တဲ့  မကျေနပ်ချက်အချို့ကို သက်သာစေနိုင်ပါတယ်။​ယောဂကျင့်စဥ်​တွေကလည်း ရာသီလာချိန်အတွင်းမှာ နာကျင်မှုတွေကို သက်သာစေတဲ့အတွက်.အလွယ်တကူလိုက်လုပ်နိုင်မယ့်​ယောဂကျင့်စဥ်​လေး​တွေကို ​ပြောပြ​ပေးလိုက်ပါတယ်​နော်..

Reclined Goddess Pose
တင်ပါးဆုံတွင်းနာကျင်ကိုက်ခဲမှုအတွက် အကောင်းဆုံးကိုယ်ဟန်အနေအထားတစ်ခုပါ၊
ရာသီမပေါ်မီ နဲ့ ရာသီလာနေတဲ့ကာလအတွင်းမှာ ခံစားရစေတဲ့ ကိုက်ခဲမှုတို့ကို သက်သာစေပါတယ်။
Step-By-Step
1.ပက်လက်အနေအထားနဲ့ လှဲလျောင်းပါ၊ ဒူးကွေးပြီး ခြေဖဝါးကို ကြမ်းပြင်ပေါ်ချထားပါ။
2. ဒူးခေါင်းအောက်မှာ ခေါင်းအုံးတစ်လုံးကို ထားပြီး တင်ပါးကို ယောဂဖျာပေါ်တွင် ကပ်ထိထားပါ။
3. ပက်လက်လှဲအိပ်ပြီး ဦးခေါင်းအောက်တွင် ခေါင်းအုံးထားပါ။
4. လက်နှစ်ဖက်ကို ဘေးဘက်မှာ ဖြေလျှော့ထားပြီး လက်ဖဝါးကို အပေါ်ဘက်သို့ လှည့်ထားပါ။
5. ခြေဖဝါးနှစ်ဖက်ကို ထိပြီး ဒူးနှစ်ဖက်ကို ညင်သာစွာ လှဲပေးပါ။ အဆင်မပြေရင် ခြေထောက်ကို ဖျာပေါ်မှာ စိုက်ထားနိုင်ပါတယ်။
6. ဒီကိုယ်ဟန်အနေအထားတွင် အနည်းဆုံး 3-5 မိနစ်ခန့်နေပါ။

Happy Baby Pose
ဒီကိုယ်ဟန်က တင်ပါးဆုံတွင်းကြွက်သားတွေနဲ့ အောက်ပိုင်းကြွက်သားတွေကို ပြေလျော့စေတဲ့အပြင် နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ရာသီလာနေစဉ်အတွင်း နာကျင်ကိုက်ခဲတာတွေအတွက် လည်း ဒီPoseက အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မှာပါ။

Step-By-Step
1. နောက်ကျောကို အရင်လှဲလျောင်းပါ။ ဒူးကို ရင်ဘတ်ဆီသို့ ကွေးပြီး ခြေထောက်ကို အပေါ်ဘက်သို့ ဆန့်ပါ၊ခြေဖဝါးအပြင်ဘက် ဒါမှမဟုတ် အတွင်းပိုင်းကို ဆုပ်ကိုင်ဖို့အတွက် လက်နှစ်ဖက်ကို မြှောက်ထားပါ။
2. ခြေဖဝါးများကို ဆန့်တန်းထားပြီး ဒူးနှစ်ဖက်ကို ညင်သာစွာဖြန့်ပြီး ချိုင်းကြားဘက်သို့ ရွှေ့ပါ။
3. အသက်ရှုသွင်းပြီး 1-3 မိနစ်ခန့် အသက်ကိုပြင်းပြင်းထန်ထန် ရှူသွင်းပါ။

Standing Forward Fold
ဒီကိုယ်ဟန်အနေအထားက ခန္ဓာကိုယ်ရဲ့ နောက်ကျောတစ်ခုလုံးကို နက်ရှိုင်းစွာဆန့်ထုတ်နိုင်စေပြီး ပေါင်နှင့်တင်ပါးဆုံတွင်း နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။
ခန္ဓာကိုယ်ကို ရှေ့သို့ ခေါက်ခြင်းသည် သာမာန်ယောဂကျင့်စဉ်တစ်ခုဖြစ်ပြီး အသက်ရှူချိန်ကို အချိန်ကိုက်လုပ်ဆောင်ရန် အာရုံစိုက်ရတဲ့ နူးညံ့သောပုံစံဖြစ်ပါတယ်။

Step-By-Step
1.မတ်တပ်ရပ်ပြီး ခြေဖဝါးကို ပခုံးအကျယ်အကွာအဝေးတွင်ထားကာ တင်ပါးမှ ရှေ့သို့ တိုးလာစဉ် ဒူးအနည်းငယ်ကွေးပါ။
2. ကျောရိုးကို ရှည်လျားစေပြီး ပခုံးနှစ်ဖက်ကို အောက်သို့ချကာ လက်ချောင်းထိပ်များကို ရှေ့က ကြမ်းပြင်သို့ထိပါ။ လည်ပင်းရှိ တင်းမာမှုတွေကို ဖယ်ထုတ်ပြီး ခေါင်းငိုက်စိုက်ကာဖြေလျှော့ပါ။
1-2 မိနစ်ခန့် ​ပြုလုပ်နိုင်ပါတယ်။

Child Pose
ရာသီလာစဉ် နာကျင်ကိုက်ခဲမှုများကို သက်သာရစေပါတယ်။Child Pose က နောက်ကျောကို ချိန်ညှိရာမှာ ကူညီပေးပါတယ်။ ခါးနာခြင်းကို သက်သာစေရန် ကူညီပေးတဲ့အပြင် စိတ်ကိုလည်း ပြေလျော့စေပါတယ်။

Step-By-Step
1.ဒူးကိုကွေးထားပြီး ခြေထောက်ကို တင်ပါးနောက်ဘက်သို့ ကွေးပြီး​ထိုင်ပါ။
2.အသက်ကိုဖြေးဖြေးမှန်မှန်ရှူပါ။ခန္ဓာကိုယ်ကို ပေါင်ထိပ်ပေါ်မှာ ထားရှိပြီး လက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်ပါ။ ကိုယ်ခန္ဓာကို ​ရှေ့သို့ကိုင်း၍ ပုခုံးများမြေပြင်ပေါ်ကျလာတဲ့အထိ အကြောဆန့်ပါ။
3.နဖူးကို ကြမ်းပြင် နဲ့ထိထားပါ။ပြီးရင် ပုံမှန်အနေအထားအတိုင်းပြန်ထိုင်ပြီး နောက်တစ်ခေါက်ထပ်လုပ်ပါ။
ဒီ Pose ကိုလည်း 1-2 မိနစ်ခန့် ​ပြုလုပ်နိုင်ပါတယ်။

Cat-Cow Pose
ယောဂကျင့်စဉ် Cat-Cow Poseက ကြွက်တက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။
တင်ပါးဆုံတွင်းသို့ သွေးစီးဆင်းမှုကိုလည်း လှုံ့ဆော်ပေးကာ သားအိမ်အကြောများပြေလျော့စေရန် ကူညီပေးနိုင်ပါတယ်။
Step-By-Step
1.လေးဘက်ထောက်အနေအထားဖြင့် နောက်ကျောကိုကွေးပြီး အမြီးရိုးကို မြှောက်ကာ
ဦးခေါင်းကို ငိုက်စိုက်ထားပါ။ ဒါက Cow Pose ပါ။
2.အသက်ရှူထုတ်ပြီး ကျောရိုးကို ပြန်ချပါ။(ပုံပါအတိုင်း)ဒါက Cat Pose ပါ။ဒီPose နှစ်ခုကို တစ်လှည့်စီ နဲ့ 5ကြိမ်ပြုလုပ်ပါ။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ