ဒီဘရိုင်းနားကို ခေါ်ယူဖို့ အက်စတွန်ဗီလာအသင်းအတွင်းပိုင်းမှာ ဆွေးနွေးမှုတွေပြုလုပ်နေ

ဒီဘရိုင်းနားကို ခေါ်ယူဖို့ အက်စတွန်ဗီလာအသင်းအတွင်းပိုင်းမှာ ဆွေးနွေးမှုတွေပြုလုပ်နေ

အက်စတွန်ဗီလာအသင်းဟာ ဒီရာသီကုန်ရင် မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် ဝါရင့်ကွင်းလယ်လူ ဒီဘရိုင်းနားကို ခေါ်ယူဖို့အတွက် အသင်းအတွင်းပိုင်းမှာ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘဲ ဒီရာသီကုန်ရင် (၁၀)နှစ်ကြာကစားခဲ့တဲ့ အသင်းကထွက်ခွာမယ်လို့ တရားဝင်ကြေညာထားတာပါ။

အက်စတွန်ဗီလာအသင်းဟာ ဒီဘရိုင်းနားကို ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေစေဖို့အတွက် ခေါ်ယူချင်နေတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။ ဒီဘရိုင်းနားဟာ သူ့ရဲ့မိသားစုနဲ့အတူ ဗြိတိန်ကနေ မထွက်ခွာချင်တာကြောင့် မန်စီးတီးအသင်းရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေထံ ပြောင်းရွှေ့နိုင်မယ့် အလားအလာရှိနေတာပါ။

အက်စတွန်ဗီလာအသင်းအနေနဲ့ ဒီဘရိုင်းနားကို ခေါ်ယူနိုင်ဖို့အတွက် အသင်းအများအပြားနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ မေဂျာလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ အင်တာမိုင်ယာမီ၊ ချီကာဂို၊ နယူးယော့ခ်စီးတီးနဲ့ ဒီစီယူနိုက်တက်အသင်းတို့ကလည်း ဒီဘရိုင်းနားကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေပြုလုပ်ထားတာပါ။

စီးရီးအေကလပ် ကိုမိုအသင်းကလည်း ဒီဘရိုင်းနားကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။ ဒါ့အပြင် အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုက အသင်းတာဝန်ရှိသူတွေကို ဒီဘရိုင်းနားကို ငြင်းဆန်လို့မရတဲ့ ကမ်းလှမ်းမှုပြုလုပ်ဖို့ တောင်းဆိုတိုက်တွန်းထားကြောင်း သတင်းတွေထွက်နေပါတယ်။

၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းက ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းအတွက် (၄၁၇)ပွဲပါဝင်ကစားထားပြီး (၁၀၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၇၇)ကြိမ်ပြုလုပ်ထားပါတယ်။ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား(၆)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၁)ကြိမ်အပါအဝင် ဆုဖလားအများအပြားရရှိထားပါတယ်။

Read more

အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ မိမိစိတ်ဝင်စားတယ်လို့ ဒေးဗစ်မွိုက်စ်အတည်ပြု

အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ မိမိစိတ်ဝင်စားတယ်လို့ ဒေးဗစ်မွိုက်စ်အတည်ပြု

အဲဗာတန်အသင်းနည်းပြဒေးဗစ်မွိုက်စ်က ချယ်လ်ဆီးနဲ့မန်ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ အစ်ဝစ်ချ်အသင်းတိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ သူစိတ်ဝင်စာ

ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား

ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား

Ballon d’Or ဆုကို ဆွတ်ခူးခဲ့သူတွေထဲမှာ အသက်အငယ်ဆုံးဆွတ်ခူးသူအဖြစ်စံချိန်တင်ထားတာက ၁၉၉၇ ခုနှစ်မှာ ဆွတ်ခူးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးရော်နယ်ဒို(ဒိုကြ

အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့  အော်ဒီဂါဝေဖန်

အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ အော်ဒီဂါဝေဖန်

အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂါက အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်