ဒီနှစ်မှာစောစောထွက်ရှိလာမည့် Snapdragon 8 Elite2
Snapdragon 8 Elite 2 chipset အသစ်ကို အသုံးပြုသည့် ပထမဆုံးစမတ်ဖုန်းကို September လကုန်ပိုင်းမှာ မိတ်ဆက်ပြသတော့မည်လို့မကြာသေးမီက သီတင်းထွက်ပေါ်လာခဲ့သည်။အဆိုပါ chipset အသစ်ကို ယခင်ကမိတ်ဆက်ခဲ့သည့်အောက်တိုဘာလ မတိုင်မီမိတ်ဆက်မည်ဟုလဲသိရသည်။
ယနေ့ Computex မိတ်ဆက်ပွဲအတွင်း Qualcomm မှ ၎င်း၏နောက်ထပ် Snapdragon summit မိတ်ဆက်ပွဲကို စက်တင်ဘာ 23 မှ စက်တင်ဘာ 25 အထိ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ Snapdragon Summit သည် ကုမ္ပဏီမှ နောက်ဆုံးပေါ်နှင့် အကြီးကျယ်ဆုံး Snapdragon chip ကို နှစ်စဉ်ထုတ်ဖော်ပြသသည့်ပွဲလဲဖြစ်သည်။
တရုတ်ထိပ်တန်းစမတ်ဖုန်းများအားလုံးကို ပြည်တွင်းဈေးကွက်အတွက် စက်တင်ဘာလနှောင်းပိုင်းမှ အောက်တိုဘာလဆန်းပိုင်းအတွင်း ကြေညာမည်ဟု မျှော်လင့်ရသည်။အချိန်ပြောင်းသွားသောကြောင့် global launch ကိုစောစီးစွာပြုလုပ်လာလိမ့်မည်ဟုလဲသိရသည်။
Samsung သည် ၎င်း၏နောက်ထပ်မျိုးဆက်ဖုန်းများကို ဇူလိုင်လအစောပိုင်းတွင် မိတ်ဆက်မည်ဟု ကောလာဟလများ ထွက်ပေါ်နေသဖြင့် ၎င်းတို့အသုံးပြုမည့် chipset ကိုလဲလူအများစိတ်ဝင်စားနေကြသည်။