ဒီနေ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်
(ဒုတိယ အကျော့)
PSG - အာဆင်နယ်
(7 May 2025/ 1:30 am)
နှစ်သင်းစလုံးက ကိုယ်စီ ပြည်တွင်းလိဂ်တွေမှာ ရှုံးပွဲကြုံခဲ့ပြီး ရှုံးပွဲရလဒ်လည်းတူညီနေကြတယ် ။ ပြည်တွင်းလိဂ်တွေမှာ ပုံစံကောင်းတွေမရပေမယ့် ချန်ပီယံလိဂ်မှာတော့ PSG က နောက်ဆုံး (၂) ပွဲဆက် နိုင်ပွဲရထားတယ်။
ကံကောင်းစွာနဲ့ ဒဏ်ရာရသွားတဲ့ ဒမ်ဘီလီကလည်း ဒုတိယအကျော့အမှီ ပြန်ပါဝင်ကစားနိုင်တယ်လို့ အသင်းဘက်က အတည်ပြုထားတဲ့အတွက် အာဆင်နယ်အသင်း အနေနဲ့ ခံစစ်ပိုင်းမှာ ပိုဂရုစိုက်ဖို့လိုမယ်။
အာဆင်နယ်အသင်းက ပြိုင်ပွဲစုံ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတယ်။ ခရစ္စတယ်လ်ပဲလေ့စ်အသင်းကို သရေ၊ ဘုန်းမောက်အသင်းကို ရှုံးနိမ့်ထားပြီး PSGကိုလည်း ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရှုံး ထားတဲ့အတွက် ကစားသမားတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်နေနိုင်တယ်။ ဒီနေ့ညတော့ အာဆင်နယ်ဘက်မှာ လူစုံတက်စုံ နဲ့ အတောင့်တင်းဆုံး ပုံစံတွေ့ရနိုင်တယ်။
နောက်ဆုံး ပွဲအခြေအနေတွေကို သုံးသပ်ကြည့်ရင် PSG အနိုင်ရဖို့ ပိုအလေးသာနေပြီး အာဆင်နယ် ရုန်းကန်ရနိုင်တယ်။ PSG အသင်းက ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အင်္ဂလန်အသင်းတွေကို ပြိုင်ဘက်အနေနဲ့ (၆) ကြိမ်ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းမှာ မတူညီတဲ့ အင်္ဂလန်အသင်း(၃)သင်းကို အနိုင်ရခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လာမှာပါ။
ဒီနေ့ PSG နဲ့ ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းက ၂၀၀၆ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် ဖိုင်နယ်ကို မတက်ရောက်ဖူးပါဘူး။ နှစ်သင်းစလုံး ချန်ပီယံလိဂ်ဖလား နဲ့ နီးစပ်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားရမယ့် ပွဲဖြစ်တယ်။
PSG အသင်းကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဒုတိယအကျော့တွေမှာ ပထမအကျော့ အနိုင်ရရှိခဲ့တဲ့ (၁၉)ပွဲမှာ (၁၈)ပွဲ အထိ သရေ ရလဒ်ထွက်ပေါ်ထားပြီး အာဆင်နယ်အသင်းကတော့ ချန်ပီယံလိဂ် အဝေးပွဲ နောက်ဆုံး(၄)ပွဲ အနိုင်ရရှိထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် PSG အနေနဲ့ သရေပွဲကန်နိုင်မယ်ဆိုရင်တောင် ဖိုင်နယ် အိပ်မက် ဆက်မက်ခွင့်ရမှာပါ။
PSG နိုင်ပွဲရမယ်ဆိုရင် ကျဉ်းမြောင်းတဲ့အနိုင်ရလဒ်ဖြစ်နိုင်ပြီး နှစ်သင်းလုံးဂိုးသွင်းနိုင်တယ်။ သရေပွဲဆို (၁)ဂိုးစီနဲ့ အဆုံးသတ်နိုင်ပါတယ်။
ဘယ်အသင်းက အနိုင်ရပြီး ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းနဲ့ရင်ဆိုင်ရမလဲ ဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ရအောင် ….