နော်တင်ဂမ်ဖောရက်စ် - အဲဗာတန်
(ပရီးမီးယားလိဂ်)
(12 April 2025/ 8:30 pm)
နော်တင်ဂမ်ဖောရက်စ်က ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၃)မှာ ရပ်တည်နေပြီး အဲဗာတန်အသင်းက ရမှတ်(၃၅)မှတ်နဲ့ အဆင့်(၁၅)နေရာမှာ ရပ်တည်နေတယ်။ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကို ပရီးမီးယားလိဂ်ထိပ်ဆုံး(၅)သင်းအထိ ဝင်ခွင့်ရထားတာမှန်ပေမယ့် ချယ်လ်ဆီး၊ နယူးကာဆယ်၊ မန်စီးတီး၊ ဗီလာအစရှိတဲ့အသင်းတွေရဲ့ခြိမ်းခြောက်မှုကြောင့် ဖောရက်စ်က လက်ကျန်ပွဲတွေမှာ အမှတ်အလျော့ခံလို့တော့မဖြစ်သေးဘူး။
ပထမအကျော့မှာ ဖောရက်စ်က အဲဗာတန်ကို (၂-၀)ဂိုးနဲ့အနိုင်ခဲ့ပြီး အခု ဒုတိယအကျော့မှာသာ နောက်ထပ်အနိုင်ရရင် အဲဗာတန်ကို နှစ်ပေါင်း(၄၀)နှစ်အတွင်း ပထမဆုံးအဖြစ် နှစ်ကျော့စလုံးအနိုင်ရတာဖြစ်လာလိမ့်မယ်။
နောက်ဆုံးအိမ်ကွင်းပြိုင်ပွဲစုံ(၁၁)ပွဲမှာ (၉)ပွဲအနိုင်ရထားပြီး (၂)ပွဲသရေကျထားတဲ့ ဖောရက်စ်ရဲ့ရလဒ်ကောင်းတွေက အဲဗာတန်အသင်းကို ခြိမ်းခြောက်နေတာအမှန်ပါပဲ။
အိုလာအိုင်နာနဲ့အဝန်နီယီတို့ ဒဏ်ရာကြောင့်ဒီပွဲလွဲပေမယ့် ခရစ္စ၀ုဒ်နဲ့ အီလန်ဂါတို့ ဒီပွဲမှာ ဖောရက်စ်အတွက် ပြန်လာဖို့များတယ်။ ဒါကြောင့် နောက်ဆုံး(၃)ပွဲမှာ ဂိုးနည်းသွားတဲ့ ဖောရက်စ်အသင်းမှာ သွင်းဂိုးတွေ ပြန်မြင်ရမယ်လို့ မျှော်လင့်မိတယ်။
ဒေးဗစ်မွိုက်စ်ရဲ့ အဲဗာတန်ကတော့ သွင်းဂိုးနည်းနည်း ပေးဂိုးနည်းနည်းနဲ့ (၁-၁)သရေရလဒ်တွေချည်း လှိမ့်ကျနေတဲ့အသင်းဖြစ်တယ်။ နောက်ဆုံး(၆)ပွဲဆက်တိုက်နိုင်ပွဲပျောက်နေပြီး (၅)ပွဲကို သရေကျခဲ့တယ်။ ဒီရာသီ အဝေးကွင်း(၁၅)ပွဲမှာ (၃)ပွဲသာနိုင်ပွဲရပြီး (၆)ပွဲသရေ၊ (၆)ပွဲရှုံးထားတဲ့ အဲဗာတန်အသင်းအနေနဲ့ လူပြန်စုံလာမယ့် ဖောရက်စ်တိုက်စစ်ကို ခံနိုင်ရည်မရှိလောက်ပါဘူး။
အိမ်ကွင်းရလဒ်ကောင်းတဲ့ ဖောရက်စ်အနိုင်ရဖို့များတဲ့ပွဲပါ။ (၁-၀)(၂-၀)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။
အာဆင်နယ် - ဘရန့်ဖို့ဒ်
(ပရီးမီးယားလိဂ်)
(12 April 2025/ 11:00 pm)
အာဆင်နယ်က ရမှတ်(၆၂)မှတ်နဲ့ အဆင့်(၂)မှာ ရပ်တည်နေပြီး ဘရန့်ဖို့ဒ်က ရမှတ်(၄၂)မှတ်နဲ့ အဆင့်(၁၂)မှာ ရပ်တည်နေတယ်။
အာဆင်နယ်က ဒီရာသီပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွေမှာ ဝက်စ်ဟမ်းတစ်သင်းတည်းကိုသာ ခြေချော်လက်ချော်ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တယ်။
ယေဘုယျအားဖြင့် အာဆင်နယ်က အိမ်ကွင်းဆိုရင် ခြေစွမ်းရော၊ ရလဒ်ပါ ပိုကောင်းတတ်ပြီး ပေးဂိုးနည်းတတ်တာလည်းတွေ့ရတယ်။ မယ်ရီနိုက သူ့ကို တိုက်စစ်မှူးအဖြစ် တာဝန်ပေးချိန်မှာ ဒီတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး ဂိုးတွေတောက်လျှောက်သွင်းပေးနေသလို ထရောဆာ့ဒ်၊ ရိုက်စ်တို့လို ကွင်းလယ်လူတွေက ဂိုးတွေသွင်းယူနိုင်တာကလည်း အာဆင်နယ်အတွက် တိုက်စစ်မှူးတွေဒဏ်ရာရနေတယ်ဆိုတဲ့ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားစေတယ်။
ရီးရဲလ်နဲ့ပွဲမှာဒဏ်ရာအနည်းငယ်ရသွားကြတဲ့ ရိုက်စ်နဲ့ ဆာကာတို့ ဒီပွဲမှာ ပါဖို့ မသေချာဘဲ ဂျေးဆူး၊ ကိုင်ဟာဗက်ဇ်၊ ကာလာဖီအိုရီ၊ ဂါဘရီရယ်လ်၊ တိုမီယာဆုတို့ကတော့ ဒီပွဲလွဲမယ်။ ဘရန့်ဖို့ဒ်မှာလည်း ကစားသမား(၄)ယောက်လောက်ကို အနားပေးထားရပေမယ့် အသင်းက အမ်ဘူမို၊ ဝစ်ဆာ၊ ရှာဒေး၊ ဒမ်စ်ဂတ်တို့လို ကစားသမားတွေ အသင့်ရှိနေပြီး တောင့်တင်းတဲ့အသင်းအဖြစ်ရှိနေပါသေးတယ်။
ဒါပေမယ့် နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်(၂၁)ပွဲမှာ ပွဲ(၂၀)ရှုံးပွဲမရှိခဲ့တဲ့ အာဆင်နယ်ကို ဘရန့်ဖို့ဒ် အဝေးကွင်းမှာ ရင်ဆိုင်ဖို့မလွယ်ပါဘူး။ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲကို ရီးရဲလ်မက်ဒရစ်ကွင်းမှာ ကစားဖို့ ရှိတယ်ဆိုပေမယ့် ပထမအကျော့ ဂိုးပြတ်နိုင်ပွဲကြောင့် အဲဒီပွဲအတွက် ဖိအားအတန်အသင့်လျော့ပါးနေပါပြီ။
အာဆင်နယ်ကို အဝေးကွင်းမှာ ဘရန့်ဖို့ဒ်နောက်ဆုံးနိုင်ခဲ့တာ ၁၉၃၈ ခုနှစ်ကဖြစ်ပြီး အနိုင်မရတာ နှစ်(၉၀)နီးပါးရှိနေပါပြီ။ နောက်ဆုံးပရီးမီးယားလိဂ်(၁၈)ပွဲမှာ ပေးဂိုး(၁၂)ဂိုးသာရှိတဲ့ အာဆင်နယ်ကို ဘရန့်ဖို့ဒ် ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ရဦးမှာပါ။ အာဆင်နယ်အနိုင်(၁-၀)(၂-၁)လိုရလဒ်မျိုးထွက်ဖို့ များပါတယ်။
Discussion