လိုင်လီ - ဒေါ့မွန်
(13 March 2025/ 00:15 am)
ဒီနှစ်သင်းက ပထမအကျော့ ဂျာမန်မြေမှာ (၁-၁)ဂိုးနဲ့ သရေကျခဲ့ကြတယ်။ ပထမအကျော့မှာ အရှုံးအနိုင်အဖြေမထွက်ခဲ့သလို၊ နှစ်သင်းကြား ခြေစွမ်းကွာဟချက်သိပ်မကြီးမားခဲ့တာကိုလည်း တွေ့ရတယ်။
လိုင်လီက ချန်ပီယံလိဂ်အိမ်ကွင်းပွဲတွေဆိုရင် ရလဒ်ကောင်းရလေ့ရှိတယ်။ ရီးရဲလ်မက်ဒရစ်လိုအသင်းကြီးကိုတောင် အနိုင်၊ ဂျူဗင်တပ်စ်ကို သရေကစားနိုင်ခဲ့တယ်။ နောက်ဆုံးပွဲမှာ ဖီယင်နုကို (၆)ဂိုးအထိသွင်းပြီး အနိုင်ယူခဲ့တယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိဘူး။
ဒေါ့မွန်က ချန်ပီယံလိဂ်အဝေးကွင်းပွဲတွေဆိုရင် စိတ်မချရဘဲ ဒီရာသီမှာ ရီးရဲလ်၊ ဘိုလော့နာအသင်းတွေကို ရှုံးခဲ့တယ်။ မနှစ်ကဗိုလ်လုပွဲအထိ တက်ရောက်ခဲ့တဲ့ အသင်းတစ်သင်းရဲ့မာကြောမှုမျိုးမတွေ့ရတာအမှန်ပဲ။ လတ်တလော ခြေစွမ်းကလည်းမတည်ငြိမ်ဘဲ နောက်ဆုံးပွဲမှာ အော့စ်ဘတ်ကို အိမ်ကွင်းမှာရှုံးခဲ့တယ်။
နှစ်သင်းကြား ကွာဟချက်မကြီးမားတာကြောင့် ဒီပွဲက ပြတ်ပြတ်သားသားရလဒ်မထွက်ဘဲ အိမ်ရှင်အနိုင်အခွင့်အရေးအနည်းငယ်သာတဲ့ပွဲမျိုးလို့ပဲ သုံးသပ်မိတယ်။ လိုင်လီအနိုင်(၂-၁)လို ရလဒ်မျိုးကိုကြိုက်မိတယ်။
အက်သလက်တီကိုမက်ဒရစ် - ရီးရဲလ်မက်ဒရစ်
(13 March 2025/ 2:30 am)
ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်အသင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကို အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့တယ်။ အိမ်ကွင်းဖြစ်တာကြောင့် ရီးရဲလ် သိသိသာသာ ခြေအသာရခဲ့ပြီး အက်သလက်တီကိုနောက်တန်းနဲ့ဂိုးသမားကောင်းလို့သာ ဒီထက်ပို ဂိုးမပြတ်ခဲ့တာဖြစ်တယ်။
ဒီနှစ်သင်း ဒီရာသီ လာလီဂါမှာ အိမ်ကွင်း/အဝေးကွင်း ကစားခဲ့ကြပြီးဖြစ်ပြီး နှစ်ကျော့စလုံးမှာ (၁-၁)ဂိုးနဲ့သရေကျခဲ့ကြတယ်။
အက်သလက်တီကိုဒဏ်ရာရ ကစားသမားစာရင်းမှာ စပိန်ကွင်းလယ်လူကိုကီတစ်ယောက်လောက်သာရှိပြီး ဒဏ်ရာလည်း အတော်သက်သာနေပြီဖြစ်လို့ ဒီပွဲမှာတောင် အရန်စာရင်းထဲ ပြန်ပါလာနိုင်တယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒဏ်ရာနှိပ်စက်မှုဒဏ်ကို ခံနေရတယ်။
ကာလရှည်နားနေရတဲ့ ကာဗာဟယ်လ်၊ မီလီတာအို၊ စီဘယ်လော့စ်တို့ ဒီပွဲလွဲမှာသေချာပြီး ရူဒီဂါ၊ ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်၊ ရိုဒရီဂို၊ ဗယ်လီယိုအစရှိတဲ့ ကစားသမားတွေကတော့ ကြံ့ခိုင်မှုအရ ဒီပွဲမှာပါလာဖို့က ၅၀-၅၀ အခြေအနေလို့ ဆိုရမယ်။
အက်သလက်တီကိုမက်ဒရစ်အသင်းက နောက်ဆုံး(၂)ပွဲမှာ မက်ဒရစ်မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်နဲ့ ဂီတာဖေးအသင်းတို့ကို (၂)ပွဲဆက်ရှုံးထားတယ်ဆိုပေမယ့် သူတို့အိမ်ကွင်းမှာတော့ မာကြောတဲ့အသင်းတစ်သင်းအဖြစ် ရှိနေဆဲဖြစ်တယ်။
အိမ်ကွင်းမက်ထရိုပိုလီတာနိုမှာ အက်သလက်တီကိုမက်ဒရစ်အသင်းက နောက်ဆုံး(၁၂)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ ဒီအထဲက (၁၀)ပွဲကို အနိုင်ကစားနိုင်ခဲ့တယ်။ အိမ်ကွင်းပွဲတွေဆိုရင် အက်သလက်တီကိုက အတတ်နိုင်ဆုံးဂိုးမပေးရအောင် သတိထားကစားလေ့ရှိတာလည်း တွေ့ရတယ်။ ဒါကြောင့် ဒီ(၁၂)သင်းထဲက (၆)ပွဲကို ဂိုးမပေးရအောင် ကစားနိုင်ခဲ့တယ်။
ရီးရဲလ်က နောက်ဆုံးအဝေးကွင်းပွဲမှာ ဘက်တစ်အသင်းကို (၁-၂)ဂိုးနဲ့ ရှုံးခဲ့သလို ဒီရာသီ အဝေးကွင်းပွဲတွေက ရီးရဲလ်အတွက် လုံးလုံးစိတ်မချရတဲ့အခြေအနေမှာရှိခဲ့တယ်။ လိုင်လီကို (၀-၁)ဂိုး၊ လီဗာပူးလ်ကို (၀-၂)ဂိုးတွေနဲ့ ရှုံးခဲ့တယ်။
လာလီဂါပြိုင်ဘက်နှစ်သင်းရဲ့ပွဲဖြစ်တာကြောင့် ရလဒ်ပြတ်သားဖို့တော့ သိပ်မရှိဘူး။ အိမ်ရှင်အက်သလက်တီကိုဘက်ကို အလေးနည်းနည်းသာချင်ပေမယ့် ဒီနောက်ပိုင်း ချန်ပီယံလိဂ်ပွဲတွေမှာ ရလဒ်ကောင်းတွေ ပြန်ယူလာတဲ့ရီးရဲလ်ကြောင့် ဒီပွဲမှာ ရီးရဲလ်ကို ဆန့်ကျင်ပြီးလည်း မနေချင်ဘူး။ ဒါကြောင့် သရေရလဒ်ကိုပဲ ရွေးချယ်ချင်တယ်။ (၁-၁)(၂-၂)လို ရလဒ်မျိုးတွေ့ရမယ်ထင်တယ်။
Discussion