ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ
စပါး - Bodo/Glimt
(ယူရိုပါလိဂ်ဆီမီးဖိုင်နယ်)
(2 May 2025/ 1:30 am)
စပါးက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေဆိုးနေပြီး နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရပေမယ့် ယူရိုပါလိဂ်မှာတော့ အမှားအယွင်းမရှိ ချီတက်နေတယ်။ ဥရောပအိမ်ကွင်းပွဲတွေမှာ လုံး၀အရှုံးမရှိဘဲ (၄)ပွဲနိုင်(၂)ပွဲသရေကစားထားတယ်။
အဝေးကွင်းမှာဆိုရင်လည်း ဟော်ဖန်ဟိမ်း၊ ဖရန့်ဖတ်အစရှိတဲ့အသင်းတွေကို ဂျာမန်မြေမှာ အနိုင်ကစားခဲ့တယ်။ ဆီမီးဖိုင်နယ်အထိ တက်လာခဲ့တဲ့စပါးအနေနဲ့ ဒီအဆင့်မှာ အစဉ်မလာမရှိတဲ့ Bodo/Glimt အသင်းနဲ့လာတွေ့တာ ကံကောင်းတယ်လို့ ဆိုရမယ်။
နော်ဝေချန်ပီယံ Bodo/Glimt က အသင်းသမိုင်းမှာ ဒီအဆင့်အထိ ပထမဆုံးတက်လာခဲ့တာဖြစ်ပြီး အိမ်ကွင်းအားကိုးနဲ့ တက်လာခဲ့တာလို့လည်း ပြောလို့ရတယ်။ ဒီရာသီယူရိုပါလိဂ်အိမ်ကွင်း(၆)ပွဲမှာ (၁)ပွဲပဲရှုံးပြီး (၅)ပွဲအနိုင်ယူခဲ့တယ်။
ဒါပေမယ့် ယူရိုပါလိဂ်အဝေးကွင်းမှာက Bodo/Glimt က အတော်ကို မစွံတာလို့ ပြောလို့ရတယ်။ နောက်ဆုံးအဝေးကွင်း(၅)ပွဲဆက်တိုက်ရှုံးထားတယ်။ ဒါကြောင့် လန်ဒန်မှာ ကစားမယ့်ပွဲအတွက်လည်း စိုးရိမ်စရာရှိနေချိန်မှာ အသင်းရဲ့အဓိက ကစားသမားတွေ ဒဏ်ရာရ/ပွဲပယ်ရှိတာကလည်း အသင်းကို အားနည်းစေလိမ့်မယ်။
ကွင်းလယ်လူအိဗ်ယန်နဲ့ ပက်ထရစ်ဘာ့ဂ်က ပွဲပယ်ထိထားပြီး နောက်ခံလူဘရောတပ်ဖ်နဲ့ တိုက်စစ်မှူးဘလွန်းဘတ်တို့က ဒဏ်ရာကြောင့် ဒီပွဲလွဲမယ်။ စပါးမှာတော့ နောက်ခံလူဒရာဂူဆင်လွဲမှာဖြစ်ပြီး အသင်းခေါင်းဆောင်ဆွန်ဟောင်မင်ကတော့ ၅၀-၅၀ အခြေအနေပဲ။
စပါးရဲ့ယူရိုပါလိဂ်အိမ်ကွင်းခြေစွမ်း၊ ကစားသမားစုဖွဲ့မှုအင်အား၊ Bodo/Glimt ရဲ့လူအင်အားလျော့နည်းမှု၊ အဝေးကွင်းခြေစွမ်း အားလုံးကို ခြုံငုံစဉ်းစားကြည့်ရင် အိမ်ရှင်အသင်းပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ စပါးအနိုင်(၂-၀)(၃-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။
ဘီလ်ဘာအို - မန်ယူနိုက်တက်
(ယူရိုပါလိဂ်ဆီမီးဖိုင်နယ်)
(2 May 2025/ 1:30 am)
ဒီပွဲက ၂၀၁၁-၁၂ ရာသီ ယူရိုပါလိဂ်မှာ ဒီနှစ်သင်းတွေ့ဆုံပြီးနောက်ပိုင်း ပထမဆုံးပြန်တွေ့ကြတာဖြစ်တယ်။ အဲဒီတုန်းက ဘီလ်ဘာအိုက မန်ယူနိုက်တက်ကို နှစ်ကျော့စလုံးအနိုင်ယူသွားခဲ့တယ်။ ဘီလ်ဘာအိုနဲ့ မန်ယူနိုက်တက် သမိုင်းတစ်လျှောက်ဆိုရင် (၄)ပွဲသာတွေ့ဖူးပြီး မန်ယူနိုက်တက်က (၁)ပွဲသာအနိုင်ရကာ ဘီလ်ဘာအိုက (၃)ပွဲအနိုင်ရခဲ့တယ်။
ဘီလ်ဘာအိုက လက်ရှိလာလီဂါမှာ အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အလမ်းများနေပေမယ့် မန်ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ အဆင့်(၁၄)ရောက်နေတာကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့်က ဒီရာသီယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ လမ်းကြောင်းတစ်ခုပဲ ရှိတယ်။
ဘီလ်ဘာအိုက ဒီရာသီ အိမ်ကွင်း ဆမ်မာမီးစ်မှာ ကစားထားတဲ့ ယူရိုပါလိဂ်ပွဲ(၆)ပွဲစလုံးကို အနိုင်ယူထားပြီး ဒီအထဲက (၄)ပွဲကို Clean-Sheet တွေနဲ့ နိုင်ခဲ့တာဖြစ်တယ်။ လက်ရှိအသင်းမှာလည်း ကွင်းလယ်လူဆန်ဆက်ကလွဲလို့ ဒဏ်ရာရသူမရှိဘဲ လူစုံတက်စုံနဲ့ အားအင်ပြည့်ရှိနေတယ်။
လတ်တလောခြေစွမ်းအရလည်း ဘီလ်ဘာအိုက အပေါင်းလက္ခဏာပြနေပြီး နောက်ဆုံးပြိုင်ပွဲစုံ(၁၀)ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို တစ်ပွဲပဲ ရှုံးခဲ့တယ်။ နောက်တန်းက ဂိုးပေးနည်းပြီး ဒီ(၁၀)ပွဲမှာ (၅)ဂိုးပဲပေးထားရတယ်။
မန်ယူနိုက်တက်က စပါးလိုပဲ ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းပေမယ့် ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိအောင် အခုအချိန်အထိ ထိန်းထားနိုင်တယ်။ ဒါပေမယ့် လတ်တလောအခြေအနေအရ မန်ယူနိုက်တက်ရဲ့အဝေးကွင်းခြေစွမ်းက အတော်ကိုနိမ့်ပါးနေပြီး နောက်ဆုံး(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ပြိုင်ပွဲစုံအဝေးကွင်း(၈)ပွဲမှာလည်း တန်းဆင်းလက်စတာကိုနိုင်တဲ့ နိုင်ပွဲတစ်ပွဲပဲရှိတယ်။ အသင်းမှာလည်း ဒဏ်ရာရသူတွေများနေဆဲဖြစ်ပြီး အင်အားလျော့နေတဲ့အနေအထားမှာရှိနေတယ်။
ဒါကြောင့် ဒီပွဲတော့ ဘီလ်ဘာအိုကိုပဲ အကြိုက်တွေ့မိတယ်။ မန်ယူနိုက်တက် ဒီရာသီမှာ ပထမဆုံးယူရိုပါလိဂ်ရှုံးပွဲတွေ့မယ့်ပွဲလို့ ထင်နေတယ်။ ဘီလ်ဘာအိုအနိုင်(၂-၀)(၂-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။