ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

လိုက်ပ်ဇစ် - ဘိုင်ယန်မြူးနစ်
(ဘွန်ဒစ်လီဂါ)
(3 May 2025/ 8:00 pm)

ဒီပွဲက ဘိုင်ယန်မြူးနစ်အတွက် ဒီရာသီဘွန်ဒစ်လီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရမယ့်ပွဲဖြစ်တယ်။ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့ရတာကို ဒီရာသီမှာ ဘွန်ဒစ်လီဂါဖလားပြန်ယူပြပြီး ဖလားလက်မဲ့ (၂)ရာသီဆက်တိုက်မဖြစ်ကြောင်း ပြသရမယ့် ပွဲဖြစ်တယ်။

အသင်းရဲ့အဓိကတိုက်စစ်မှူးဟာရီကိန်းအတွက်လည်း သူ့ရဲ့ကစားသမားဘ၀ အဓိကဆုဖလားတွေနဲ့လွဲချော်မှုကို အဆုံးသတ်ရမယ့်ပွဲဖြစ်တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ဟာရီကိန်းက ဒီပွဲမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါခွင့်ရမှာမဟုတ်ဘူး။

ပြီးခဲ့တဲ့(၂)ရာသီဆက်တိုက် အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို မရှုံးအောင် ကစားနိုင်ခဲ့တဲ့ လိုက်ပ်ဇစ်အနေနဲ့ သူတို့ကွင်းမှာ ဘိုင်ယန်မြူးနစ် အောင်ပွဲမခံနိုင်အောင် တားဆီးနိုင်မလားဆိုတာကြည့်ရမှာလည်းဖြစ်တယ်။ ရမှတ်တူရင် ဂိုးကွာခြားချက်ကြည့်တဲ့ ဘွန်ဒစ်လီဂါစည်းမျဉ်းအရ ဘိုင်ယန်မြူးနစ်က ဒီပွဲမှာ သရေရလဒ်ရရင်လည်း ချန်ပီယံဖြစ်ပြီလို့ ယေဘုယျအားဖြင့်ပြောနိုင်တယ်။

ဒါပေမယ့် သင်္ချာနည်းအရတော့ ချန်ပီယံဖြစ်ပြီလို့ တရားဝင်ပြောလို့မရသေးတာကြောင့် တရားဝင်ချန်ပီယံအဖြစ်အောင်ပွဲခံခွင့်ရအောင် ဘိုင်ယန်မြူးနစ်က အနိုင်ကစားမယ်လို့ မျှော်လင့်ရတယ်။ အဆင့်(၅)နေရာမှာ ရပ်တည်နေတဲ့ လိုက်ပ်ဇစ်အတွက် ဘိုင်ယန်ကို တားဆီးရမယ့်အပြင် သူတို့ကိုယ်တိုင်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန်ပွဲတွေမှာ ရုန်းကန်ရဦးမှာဖြစ်တယ်။

လိုက်ပ်ဇစ်က အဝေးကွင်းညံ့ပေမယ့် အိမ်ကွင်းပွဲတွေဆိုရင် ခြေစွမ်းသိသိသာသာကောင်းပြီး နောက်ဆုံးအဝေးကွင်း(၁၀)ပွဲမှာ (၁)ပွဲပဲ ရှုံးထားတယ်။

အိုပန်ဒါ၊ ဇာဗီဆိုင်မွန်၊ ဆက်ကိုအစရှိတဲ့ကစားသမားတွေကလည်း အဝေးကွင်းတွေမှာသာ ဂိုးပေါက်ပျောက်တတ်ကြပေမယ့် အိမ်ကွင်းပွဲတွေဆိုရင် တစ်ဦးမဟုတ်တစ်ဦးကတော့ ဂိုးသွင်းတတ်ပြီး အိမ်ကွင်းမှာအသင်းက ဂိုးမရတဲ့ပွဲ အတော်ရှားတယ်။

ဘိုင်ယန်မြူးနစ်က မူဆီယာလာ၊ ကိန်းတို့ မပါနိုင်တာကြောင့် တိုက်စစ်နည်းနည်းပျော့သွားနိုင်ဖွယ်ရှိပေမယ့် အိုလီဆေ၊ ဆာနေး၊ နာဘရီ၊ ကိုးမန်းအစရှိတဲ့ တောင်ပံတိုက်စစ်ကစားသမားတွေက ဂိုးသွင်းကောင်းသူတွေဖြစ်တာကြောင့် လိုအပ်တဲ့ဂိုးတွေတော့ မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။

နှစ်ဖက်လုံးဂိုးအပြန်အလှန်သွင်းတဲ့ပွဲမျိုးဖြစ်မယ်ထင်တယ်။ ဘိုင်ယန်အတွက် လွယ်ကူတဲ့နိုင်ပွဲတစ်ပွဲတော့ မဟုတ်ဘဲ ခက်ခက်ခဲခဲကစားပြီးမှ ရမှတ်(၃)မှတ်ရယူနိုင်လိမ့်မယ်။ ဘိုင်ယန်အနိုင် (၂-၁)(၃-၂)လို ရလဒ်တွေကို အကြိုက်တွေ့နေမိတယ်။

အာဆင်နယ် - ဘုန်းမောက်
(ပရီးမီးယားလိဂ်)
(3 May 2025/ 11:00 pm)

အာဆင်နယ်က ဒီနောက်ပိုင်းပွဲတွေမှာ သရေရလဒ်တွေများနေပြီး ရမှတ်တွေလျော့တာကြောင့် တတိယနေရာက မန်စီးတီး(တစ်ပွဲပို)နဲ့ (၃)မှတ်ပဲကွာပြီး အဆင့်(၂)မှာ ရမှတ်(၆၇)မှတ်နဲ့ ရပ်တည်နေတယ်။ ဘုန်းမောက်ကတော့ ရမှတ်(၅၀)မှတ်နဲ့ အဆင့်(၁၀)နေရာမှာ ရှိနေတယ်။

ဒီနှစ်သင်းသမိုင်းတစ်လျှောက်ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အာဆင်နယ်က သိသိသာသာအသာရတယ်ဆိုပေမယ့် ဒီရာသီ ပထမအကျော့ ဘုန်းမောက်ကွင်းမှာ တွေ့ဆုံမှုမှာတော့ ဘုန်းမောက်က (၂-၀)ဂိုးနဲ့ အနိုင်ယူထားတယ်။ ဒါကြောင့် ဘုန်းမောက်အနေနဲ့ အသင်းသမိုင်းမှာ အာဆင်နယ်ကို ပထမဆုံးအဖြစ် တစ်ရာသီအတွင်း နှစ်ကျော့စလုံးအနိုင်ရဖို့ ကြိုးစားရမှာဖြစ်တယ်။

ဒီပွဲအတွက် အဓိကစဉ်းစားရမှာက ဒီပွဲအပြီး လာမယ့် ကြားရက်မှာ ကစားရမယ့် အာဆင်နယ်အသင်းရဲ့ချန်ပီယံလိဂ်ပွဲဖြစ်တယ်။ ပြင်သစ်မြေမှာ ပြန်လာနိုင်ဖို့ ကြိုးစားရမယ့်ပွဲအပေါ် နည်းပြအာတီတာနဲ့ အာဆင်နယ်တစ်သင်းလုံး အာရုံရောက်နေမှာ သံသယဖြစ်စရာမရှိဘူး။ ပရီးမီးယားလိဂ်မှာက လက်ကျန်(၄)ပွဲမှာ (၅)မှတ်ရယူနိုင်ရင် အာဆင်နယ်အတွက် လုံလောက်မှာဖြစ်ပြီး အမှားခံတဲ့အနေအထားရှိနေပေမယ့် PSG နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ဒုကျော့)ပွဲကတော့ အမှားမခံဘဲ အားကုန်ထုတ်ရုန်းကန်ရမှာဖြစ်တယ်။

လက်ရှိအသင်းမှာလည်း ဒဏ်ရာရသူတွေရှိနေတာကြောင့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ကစားသမားတွေထပ်ပြီး ဒဏ်ရာမရဖို့ အရေးကြီးနေတယ်။ ဘုန်းမောက်ကတော့ အသင်းကို ထိခိုက်လောက်အောင် ဒဏ်ရာရသူမရှိဘဲ လူစုံတယ်လို့ ပြောလို့ရတယ်။

ဒီရာသီ လန်ဒန်ကလပ်တွေနဲ့ အဝေးကွင်း(၄)ပွဲဆက်တိုက်တွေ့မယ့် ဘုန်းမောက်အနေနဲ့ ရှေ့ပွဲတွေလိုပဲ အာဆင်နယ်ဆီက တစ်မှတ်ရယူနိုင်ဖို့ တွန်းအားပေးနေတဲ့အရာတွေရှိနေတယ်။ ဘုန်းမောက်က ဒီရာသီ လန်ဒန်ကလပ်တွေနဲ့တွေ့ဆုံမှု(၆)ပွဲမှာ (၅)ပွဲကို သရေကစားခဲ့ပြီး (၁)ပွဲပဲ ရှုံးခဲ့တယ်။

ဒီပွဲမှာလည်း လက်ရှိခြေစွမ်းပြနေတဲ့ အီဗာနီးလ်ဆင်၊ ဆီမန်ညို၊ ကလွိုက်ဗတ်တို့အုပ်စု အာဆင်နယ်ကို ဒုက္ခပေးပြီး အနည်းဆုံး သရေတစ်မှတ်တော့ ရအောင်ယူနိုင်မယ်လို့ ထင်နေတယ်။ (၂-၂)(၃-၃)လို ဂိုးများ/သရေရလဒ်မျိုးကို အကြိုက်တွေ့မိတယ်။

Read more

အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ မိမိစိတ်ဝင်စားတယ်လို့ ဒေးဗစ်မွိုက်စ်အတည်ပြု

အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ မိမိစိတ်ဝင်စားတယ်လို့ ဒေးဗစ်မွိုက်စ်အတည်ပြု

အဲဗာတန်အသင်းနည်းပြဒေးဗစ်မွိုက်စ်က ချယ်လ်ဆီးနဲ့မန်ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ အစ်ဝစ်ချ်အသင်းတိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ သူစိတ်ဝင်စာ

ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား

ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား

Ballon d’Or ဆုကို ဆွတ်ခူးခဲ့သူတွေထဲမှာ အသက်အငယ်ဆုံးဆွတ်ခူးသူအဖြစ်စံချိန်တင်ထားတာက ၁၉၉၇ ခုနှစ်မှာ ဆွတ်ခူးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးရော်နယ်ဒို(ဒိုကြ

အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့  အော်ဒီဂါဝေဖန်

အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ အော်ဒီဂါဝေဖန်

အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂါက အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်