ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်
(ပထမအကျော့)

အင်တာမီလန် - ဘာစီလိုနာ
(7 May 2025/ 1:30 am)

လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပြီးမှ ပြီးခဲ့တဲ့တစ်ပတ်မှာ ဗီရိုနာကို (၁-၀)ဂိုးနဲ့ ပြန်အနိုင်ရခဲ့တယ်။

ဒါပေမယ့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲတွေမှာတော့ အင်တာမီလန်က အတော်ကိုမာကြောတယ်လို့ ပြောလို့ရတယ်။ Round of 16 အထိ အိမ်ကွင်းပွဲတိုင်းကို အနိုင်ကစားခဲ့ပြီး အုပ်စုအဆင့်မှာ တစ်ဂိုးမှမပေးခဲ့ရဘူး။

အင်တာမီလန်အသင်းအနေနဲ့ အိမ်ကွင်းချန်ပီယံလိဂ်ပွဲတွေမှာ မရှုံးတာ(၁၅)ပွဲဆက်တိုက်ရှိနေပြီး ဘာစီလိုနာနဲ့ နောက်ဆုံးတွေ့ဆုံမှု(၃)ပွဲမှာလည်း ရှုံးပွဲမရှိအောင် ကစားထားနိုင်တာကိုတွေ့ရတယ်။ ဒီနှစ်သင်း အင်တာမီလန်ကွင်းမှာ နောက်ဆုံးတွေ့ဆုံမှုမှာလည်း အင်တာမီလန်က (၁-၀)ဂိုးနဲ့အနိုင်ရခဲ့တယ်။ အင်တာမီလန်အနေနဲ့ ဘာစီလိုနာနဲ့ ဆုံတဲ့ပွဲတွေမှာ မရှုံးအောင် ဘယ်လိုကစားရမလဲဆိုတဲ့ သော့ချက်ကို သိနေပြီလို့ ဆိုရမလားပဲ။

အင်တာမီလန်မှာ ကွင်းလယ်လူကာဘိုနီ၊ ညာနောက်ခံလူပါဗာတို့ ဒဏ်ရာကြောင့် ဒီပွဲလွဲမှာဖြစ်ပြီး လော်တာရိုမာတီနက်ဇ်က ဒဏ်ရာရှိပေမယ့် ပြန်ကစားနိုင်ဖို့ များပါတယ်။ ဘာစီလိုနာမှာတော့ ခွန်ဒဲ၊ ဘယ်လ်ဒေးတို့ ဒီပွဲလွဲမှာဖြစ်ပြီး ဒဏ်ရာရစာရင်းမှာ ဘာနယ်လ်၊ ကာဆာဒိုတို့နဲ့အတူ ပါဝင်သွားတယ်။ ကျန်ကစားသမားတွေက လူစုံတက်စုံရှိပြီး တိုက်စစ်မှူးလီဝန်ဒေါစကီးလည်း အရန်ကစားသမားအဖြစ် ပြန်ပါလာနိုင်ပါတယ်။

ပထမအကျော့မှာတုန်းက ဒီနှစ်သင်း(၃-၃)ဂိုးနဲ့ သရေကျခဲ့ပေမယ့် ဘာစီလိုနာသိသိသာသာ အသာရခဲ့ပြီး ယာမားလ်တိုင်ထိတဲ့(၂)လုံးအပြင် ဂိုးသွင်းခွင့်တွေလည်း အတော်ရခဲ့ပါတယ်။ဒါပေမယ့် အီတလီမြေမှာတော့ အိမ်ကွင်းပွဲလောက် ဘာစီလိုနာအခွင့်အရေးရဖို့ မရှိဘဲ အတန်အသင့်ရုန်းကန်ရဖွယ်ရှိနေတယ်။

ချာဟာနိုဂလူး၊ ဘာရယ်လာ၊ ဒမ်ဖရိုင်းစ်၊ မစ်ခီတာရီယန်၊ ဒီမာကိုတို့ရဲ့အင်တာမီလန်ကွင်းလယ်က ဘာစီလိုနာအသင်းရဲ့ကွင်းလယ်တိုက်စစ်ကို ထိန်းချုပ်ပြီး အခွင့်အရေးသိပ်မရအောင် တားဆီးလိမ့်မယ်။ ယာမားလ်၊ ရာဖင်ညာတို့ရဲ့တောင်ပံတိုက်စစ်တွေကို ရိုက်ချိုးဖို့ ကြိုးစားလိမ့်မယ်။

ချန်ပီယံလိဂ်မှာ အိမ်ကွင်းမှတ်တမ်းကောင်းရထားတဲ့ အင်တာမီလန်ကို ဘာစီလိုနာ လွယ်လွယ်နဲ့ အနိုင်ရဖို့မရှိဘဲ ဂိုးနည်းနည်းနဲ့ သရေကျမယ်လို့ ထင်နေတယ်။ (၁-၁)လိုရလဒ်မျိုးနဲ့ အချိန်ပို၊ ပယ်နယ်တီအထိ ရောက်သွားနိုင်မယ်လို့ သုံးသပ်မိပါတယ်။

Read more

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖိ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Xiaomi ကနေ Huawei နဲ့ပူးပေါင်းပြီး Google အကူအညီမပါတဲ့ Operating System တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ Xiaomi တင်မကဘူး Oppo, Vivo, OnePlus တို့လည်း အပါအဝင်လို့ ဆိုထားပါတယ်။ (တရုတ်ဖုန်းတွ