ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ
၀ုလ်ဗ်စ် - ဘရိုက်တန်
(ပရီးမီးယားလိဂ်)
(10 May 2025/ 8:30 pm)
၀ုလ်ဗ်စ်က ရမှတ်(၄၁)မှတ်နဲ့ အဆင့်(၁၃)မှာ ရပ်တည်နေပြီး ဘရိုက်တန်က ရမှတ်(၅၂)မှတ်နဲ့ အဆင့်(၁၀)နေရာမှာ ရပ်တည်နေတယ်။
၀ုလ်ဗ်က နောက်ဆုံးပွဲမှာ မန်စီးတီးကို ရှုံးခဲ့ပေမယ့် ဒီပွဲမတိုင်ခင် ဧပြီလအတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ ဆက်တိုက်အနိုင်ရခဲ့ပြီး နည်းပြပါရဲရားကလည်း ဧပြီလအကောင်းဆုံးနည်းပြဆု ကို လောလောလတ်လတ်ရထားတယ်။
၀ုလ်ဗ်စ်နဲ့ဘရိုက်တန် ဒီရာသီ ပထမအကျော့တွေ့ဆုံမှုမှာ (၂-၂)ဂိုးနဲ့ သရေကျခဲ့ကြပြီး သမိုင်းတစ်လျှောက်တွေ့ဆုံမှုမှာတော့ ၀ုလ်ဗ်စ်က (၂၀)ပွဲနိုင်၊ ဘရိုက်တန်က (၉)ပွဲပဲနိုင်ပြီး (၁၆)ပွဲ သရေကျခဲ့ကြတယ်။
မီးစာကုန်ခါနီးမှ ထတောက်တယ်လို့ ဆိုရမလား ၀ုလ်ဗ်စ်က ရာသီကုန်ခါနီးမှ ကစားသမားတွေ ခြေတွေ့နေပြီး နိုင်ပွဲတွေဆက်တိုက်ရယူနေတယ်။ ဒီရာသီမှာ ခြေစွမ်းပြနေပြီး အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ ကွန်ညာအပြင် လာဆင်၊ ဆာရာဘီယာ အစရှိတဲ့ကစားသမားတွေက နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပိုကောင်းလာပြီး ဂိုးတွေသွင်းနေတာကြောင့် ၀ုလ်ဗ်စ်တိုက်စစ်က မြိုင်နေပြီး ဂိုးတွေ ဆက်တိုက်ရနေတယ်။
၀ုလ်ဗ်စ်က လတ်တလောခြေတွေ့နေသလောက် ဘရိုက်တန်က ရလဒ်တွေဆိုးနေပြီး နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရှိတယ်။ ဒါတောင် နောက်ကျဂိုးတွေနဲ့ ဝက်စ်ဟမ်းကို အရှုံးကနေ ပြန်အနိုင်ယူခဲ့တာဖြစ်တယ်။ ဘရိုက်တန်ရဲ့အဓိကအားနည်းချက်က ပြိုင်ဘက်တွေကို ဂိုးတွေဆက်တိုက်ပေးနေရတာပါ။ ဒီနောက်ဆုံး(၈)ပွဲမှာ (၁၆)ဂိုးပေးခဲ့ရတာကြောင့် တစ်ပွဲပျမ်းမျှပေးဂိုးက (၂)ဂိုးလောက်ရှိနေတယ်။
ဒါကြောင့် ဒီပွဲမှာ လတ်တလော ခြေစွမ်းကောင်းနေတဲ့ ၀ုလ်ဗ်စ်ကိုပဲ ပိုကြိုက်မိတယ်။ ၀ုလ်ဗ်စ်အနိုင် (၃-၁)(၄-၂)လို ဂိုးများများရလဒ်တွေကို ရွေးချယ်ချင်ပါတယ်။
ဘုန်းမောက် - အက်စတွန်ဗီလာ
(ပရီးမီးယားလိဂ်)
(10 May 2025/ 11:00 pm)
ဘုန်းမောက်က ရမှတ်(၅၃)မှတ်နဲ့ အဆင့်(၈)မှာ ရပ်တည်နေပြီး ဗီလာက ရမှတ်(၆၀)မှတ်နဲ့ အဆင့်(၇)နေရာမှာ ရပ်တည်နေတယ်။
ဘုန်းမောက်က နောက်ဆုံးပွဲမှာ အာဆင်နယ်ကို အနိုင်ရခဲ့တယ်ဆိုပေမယ့် ရှေ့ပွဲတွေမှာ ရလဒ်က သိပ်မကောင်းဘူး။ အာဆင်နယ်ပွဲမတိုင်ခင်နောက်ဆုံး(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရှိပြီး သရေပွဲတွေ၊ ရှုံးပွဲတွေများလွန်းတယ်။ အိမ်ကွင်းမှာလည်း ဘုန်းမောက်က သိပ်အခြေအနေမကောင်းဘဲ နောက်ဆုံးအိမ်ကွင်း(၆)ပွဲမှာ (၄)ပွဲအထိရှုံးထားတယ်။
အသင်းက ဒီနောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းနှုန်းကျလာတာကလည်း ဘုန်းမောက်အသင်းကို ရလဒ်ကောင်းတွေနဲ့ ဝေးကွာစေခဲ့တာဖြစ်တယ်။
ဗီလာက ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာပုံမှန်အတိုင်း ခရီးဆက်နေပြီး ပွဲအတော်များများမှာ ရမှတ်ပြည့်ရယူနိုင်ခဲ့တာလည်းတွေ့ရတယ်။ နောက်ဆုံးပရီးမီးယားလိဂ်(၇)ပွဲမှာ မန်စီးတီးတစ်သင်းတည်းကိုသာရှုံးခဲ့ပြီး ကျန်အသင်းတွေကို အနိုင်ယူခဲ့တယ်။ နိုင်တဲ့အသင်းတွေထဲမှာ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်၊ ဖောရက်စ်၊ နယူးကာဆယ်လို အသင်းတွေပါခဲ့တယ်။
ခြေစွမ်းပြနေတဲ့ ရပ်ရှ်ဖို့ဒ်နဲ့ တိုင်လေမန်းတို့ မပါနိုင်တာကတော့ ဗီလာကို နည်းနည်းအားလျော့စေတယ်။ ဒါပေမယ့် အသင်းမှာ အစားထိုးစရာကစားသမားတွေလည်း အတော်များများရှိပါတယ်။
လတ်တလောခြေစွမ်း၊ ကစားသမားစုဖွဲ့မှုချင်းနှိုင်းယှဉ်ရင် ဗီလာက ဘုန်းမောက်ထက် သိသိသာသာအသာရနေပြီး ထိပ်ဆုံး(၅)သင်းစာရင်းဝင်ရောက်ရေးမျှော်လင့်ချက်ကလည်း (၃)မှတ်ပဲလိုအပ်နေလို့ ဗီလာရဲ့အမှတ်ပြည့်ရရှိရေးရုန်းကန်မှုကို တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် ဒီပွဲ ဗီလာကို ပိုကြိုက်ပြီး အိမ်ရှင်အသင်းကို (၂-၁)(၃-၂)လို ရလဒ်တွေနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းလိုက်ပါတယ်။