မန်ယူနိုက်တက် - ဆိုစီဒက်
(14 March 2025/ 2:30 am)

ဒီနှစ်သင်း စပိန်မြေမှာကစားခဲ့တဲ့ပွဲမှာ (၁-၁)ဂိုးနဲ့ သရေကျခဲ့ကြတယ်။ နှစ်သင်းကြား ခြေစွမ်းကြီးကြီးမားမားကွာခြားချက်မရှိခဲ့ဘဲ ဂိုးသွင်းခွင့်တွေလည်း ဆတူလောက်ပဲရခဲ့တယ်။

ဂါနာချို၊ ဇက်ခ်ဇီတို့ ခြေစွမ်းပြခဲ့တဲ့ပွဲဖြစ်ခဲ့ပြီး ဒုတိယပိုင်း ပယ်နယ်တီပေးခဲ့ရတာကြောင့် သရေကျခဲ့တာဖြစ်တယ်။ မန်ယူနိုက်တက်က ဒီပွဲအပြီး အာဆင်နယ်ကို အိမ်ကွင်းမှာ သရေခံကစားနိုင်ခဲ့တယ်။ အသင်းက (၃)ပွဲဆက် နိုင်ပွဲပျောက်နေပေမယ့် ခြေစွမ်းကတော့ ဒီနောက်ပိုင်းပွဲတွေမှာ နည်းနည်းကောင်းလာတာကို တွေ့ရတယ်။

ဆိုစီဒက်က အသင်းကြီးတွေနဲ့ဆက်တိုက်တွေ့လို့ ရလဒ်တွေဆိုးနေပြီး နောက်ဆုံးပွဲမှာ ဆီဗီလာကို အိမ်ကွင်းမှာ ရှုံးခဲ့ရတယ်။ အသင်းက နောက်ဆုံးပြိုင်ပွဲစုံ(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပြီး (၃)ပွဲရှုံးထားတယ်။

မန်ယူနိုက်တက်က ဆိုစီဒက်နဲ့ တွေ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းရတာများတယ်။ ဒီနှစ်သင်းတွေ့ဆုံမှု(၇)ကြိမ်မှာ မန်ယူနိုက်တက်က (၃)ပွဲနိုင်၊ (၃)ပွဲသရေကျပြီး ဆိုစီဒက်ကတော့ တစ်ကြိမ်နိုင်ခဲ့တယ်။

မန်ယူနိုက်တက်က ဒီရာသီ ယူရိုပါလိဂ်မှာ ရှုံးပွဲမရှိဘဲ ဥရောပပွဲနောက်ဆုံးအိမ်ကွင်း(၉)ပွဲမှာလည်း (၇)ပွဲနိုင်(၂)ပွဲသရေကစားနိုင်ခဲ့တယ်။

လက်ရှိအသင်းမှာ ကစားသမားအတော်များများဒဏ်ရာရနေတယ်ဆိုပေမယ့် မန်ယူနိုက်တက်အသင်း ဆိုစီဒက်ကို ကျော်ဖြတ်နိုင်ဖို့ လုံလောက်တဲ့အင်အားတော့ရှိပါတယ်။ ဒီပွဲတော့ ယူရိုပါလိဂ်ဆိုရင် ရလဒ်ကောင်းလေ့ရှိတဲ့မန်ယူနိုက်တက်ကို ယုံကြည်ချင်ပါတယ်။ မန်ယူနိုက်တက်အနိုင်(၂-၁)(၃-၁)လို ရလဒ်တွေကို မျှော်လင့်မိတယ်။

စပါး - AZ
(14 March 2025/ 2:30 am)

ပထမအကျော့မှာ စပါးက နယ်သာလန်မြေမှာ AZ ကို ကွင်းလယ်လူဘာ့ဂ်ဗယ်လ်သွင်းမိတဲ့ Own Goal နဲ့ ရှုံးခဲ့ရတယ်။အုပ်စုအဆင့်မှာတုန်းကလည်း ဒီနှစ်သင်းတွေ့ခဲ့ကြပြီး အဲဒီပွဲမှာတော့ စပါးက အိမ်ကွင်းမှာ AZ ကို (၁-၀)ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တယ်။

စပါးက နောက်ဆုံး(၃)ပွဲဆက်တိုက်နိုင်ပွဲပျောက်ထားပြီး မန်စီးတီး၊ AZ ကိုရှုံး၊ ဘုန်းမောက်နဲ့ သရေကျခဲ့တယ်။ စပါးကို ဒဏ်ရာပြဿနာတွေက နှိပ်စက်နေပြီး ပထမအကျော့တုန်းက အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ နောက်ခံလူဒန်ဆိုလည်း ဒဏ်ရာစာရင်းမှာ ပါဝင်လာခဲ့တယ်။ AZ မှာလည်း အဓိကကစားသမားတချို့အပါအဝင်ကစားသမား(၅)ဦးလောက်ဒဏ်ရာရနေတယ်။ ပြီးခဲ့တဲ့တစ်ပတ်က နယ်သာလန်လိဂ်မှာ ပွဲမကစားခဲ့ရတာကြောင့် AZ က စပါးထက်နားရက်ပိုရနေတယ်။

စပါးက လတ်တလောရလဒ်မကောင်းပေမယ့် ယူရိုပါလိဂ်မှာ အိမ်ကွင်းရလဒ်တွေကောင်းတာတွေ့ရတယ်။ ဒီရာသီအုပ်စုပွဲ(၄)ပွဲမှာ (၃)ပွဲနိုင်(၁)ပွဲသရေကစားခဲ့တယ်။

AZ ကတော့ ယူရိုပါလိဂ်မှာ အဝေးကွင်းရလဒ်ဆိုးတဲ့အသင်းတွေထဲ ထိပ်ဆုံးကပါတယ်။ ဒီရာသီယူရိုပါလိဂ်အဝေးကွင်း(၅)ပွဲမှာ တစ်ပွဲမှမနိုင်ဘဲ (၃)ပွဲရှုံး၊ (၂)ပွဲသရေကျခဲ့တယ်။

နှစ်သင်းစလုံးက အားနည်းချက်ကိုယ်စီရှိနေကြတဲ့အသင်းတွေဖြစ်ပြီး အိမ်ရှင်အခွင့်အရေး၊ ယူရိုပါလိဂ်အိမ်ကွင်းမှတ်တမ်းကောင်း အစရှိတာတွေ ရှိနေတဲ့စပါးကို ပိုကြိုက်မိတယ်။ ပထမအကျော့အရှုံးကို ချေပနိုင်တဲ့ရလဒ်မျိုးကို စပါး ရယူနိုင်လိမ့်မယ်လို့ထင်တယ်။ စပါးအနိုင်(၁-၀)(၂-၁)လိုရလဒ်တွေ တွေ့ရပြီး အချိန်ပို ပယ်နယ်တီအထိ ရောက်နိုင်မယ်လို့ ထင်နေမိတယ်။