ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

အက်စတွန်ဗီလာ - စပါး
(ပရီးမီးယားလိဂ်)
(17 May 2025/ 1:00 am)

ဒီနှစ်သင်းက လက်ရှိမှာ ရည်မှန်းချက်ချင်းက အတော်ကွာခြားနေတယ်။ ဗီလာက အဆင့်(၆)မှာ ရမှတ်(၆၃)မှတ်နဲ့ရပ်တည်နေပြီး အဆင့်(၃)က နယူးကာဆယ်နဲ့ (၃)မှတ်ပဲကွာတဲ့အနေအထားဆို​တော့ ထိပ်ဆုံး(၅)သင်းမက ထိပ်ပိုင်းအထိကိုပါ ဝင်ရောက်ရေးကို မျှော်လင့်နိုင်နေတယ်။

ရမှတ်(၃၈)မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့်(၁၇)မှာ ရပ်တည်နေတဲ့ စပါးအသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘာဖြစ်ဖြစ်ဆိုပြီး လွှတ်ချတော့မယ့်ပုံပဲ။ ဒီထက်အောက်ကျပြီး တန်းဆင်းဖို့လည်း မရှိတော့ဘူး။ လာမယ့် မေ(၂၁)ရက်နေ့မှာ ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကိုပဲ စိတ်ရောက်နေပြီး ဒီပွဲအတွက်ပဲ ပြင်ဆင်မယ့်ပုံရှိနေတယ်။ယူရိုပါလိဂ်ဗိုလ်လုပွဲကပဲ စပါးအသင်းရဲ့ဒီရာသီကို ကယ်တင်မယ့်ပွဲဖြစ်နေတယ်။

ရပ်ရှ်ဖို့ဒ်က ဒဏ်ရာရ၊ ရမ်ဆေးကပွဲပယ်၊ တိုင်လေမန်းက မသေချာဘူးဆိုပေမယ့် ကျန်ကစားသမားတွေနဲ့ အကောင်းဆုံးအသင်းကို နည်းပြအူနိုင်းအမ်မရီ ဖွဲ့စည်းပြီး နိုင်ပွဲရဖို့ အားကုန်ကြိုးပမ်းမှာမလွဲဘူး။ စပါးကတော့ အလိုလိုမှ မက်ဒီဆန်၊ ကူလူဆက်ဗ်စကီးအစရှိတဲ့ အဓိကကစားသမားတွေ ဒဏ်ရာရနေတဲ့အပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ နောက်ထပ်ကစားသမား​တွေ ထပ်မနာစေဖို့လိုအပ်နေတော့ နည်းပြပိုစတီကိုဂလူးက ဒီပွဲမှာ အရန်ကစားသမားအတော်များများကို လူထုတ်ကစားဖို့များနေတယ်။

ဒါကြောင့် ဒီပွဲက အိမ်ရှင်အသင်းကိုပဲ စိတ်ချလက်ချယုံကြည်ရမယ့်ပွဲဖြစ်ပြီး (၂)ဂိုးလောက်ပြတ်မယ်လို့ ထင်နေမိတယ်။ ဗီလာအနိုင် (၂-၀)(၃-၁)လို ရလဒ်တွေကို ကြိုက်မိတယ်။

ချယ်လ်ဆီး - မန်ယူနိုက်တက်
(ပရီးမီးယားလိဂ်)
(17 May 2025/ 1:45 am)

ချယ်လ်ဆီးအသင်းက ရမှတ်(၆၃)မှတ်နဲ့ အဆင့်(၅)မှာရှိနေပြီး နောက်က ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်အစရှိတဲ့အသင်းတွေရဲ့ဖိအားပေးမှုကို ကြုံတွေ့နေရတယ်။ မန်ယူနိုက်တက်က အဆင့်(၁၆)မှာ ရမှတ်(၃၉)မှတ်နဲ့ ရပ်တည်နေပြီး စပါးလိုပဲ ဟိုမရောက်၊ ဒီမရောက် အနေအထားပါ။

ဒီပွဲကလည်း (၄၅)မိနစ်စောပြီးကစားမယ့် အက်စတွန်ဗီလာ - စပါးပွဲလိုပဲ။ ချယ်လ်ဆီးက ထိပ်ဆုံး(၅)သင်းစာရင်းထဲပါဝင်ရေးအတွက် အကြိတ်အနယ်ကစားရမယ့်အချိန်မှာ မန်ယူနိုက်တက်က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဒဏ်ရာရသူမများစေဖို့ လူချန်၊ အင်အားချန်ကစားရမယ့် အနေအထားပါပဲ။

တကယ်ဆို မန်ယူနိုက်တက်ရဲ့လက်ရှိ ဒဏ်ရာရကစားသမားတွေ အနေအထားက စပါးအသင်းထက်တောင် ပိုသေးတယ်ပြောရမယ်။ အသင်းမှာ ဒီလော့၊ ယိုရို၊ ဇက်ခ်ဇီ၊ ဒီလစ်၊ မာတီနက်ဇ်အစရှိတဲ့ကစားသမားတွေအပါအဝင် (၈)ယောက်လောက်ကို အနားပေးထားရတယ်။

ချယ်လ်ဆီးမှာလည်း ဒဏ်ရာရသူများနေပြီး အဓိကတိုက်စစ်မှူးတွေမကစားနိုင်တာကြောင့် တိုက်စစ်အခက်အခဲတွေ့မယ့်အလားအလာ တွေ့နေရတယ်။ ဂျက်ဆင်က ပွဲပယ်၊ ဆန်ချို၊ အန်ကွန်ကူတို့က ဒဏ်ရာကြောင့်မကစားနိုင်တဲ့ အခြေအနေမျိုးမှာ ချယ်လ်ဆီးအသင်းအနေနဲ့ ဂိုးရဖို့ ကိုးလ်ပါမား၊ အန်ဇိုဖာနန်ဒက်စ်၊ မာဒူအက်ကေအစရှိတဲ့ ကွင်းလယ်ကစားသမားတွေ၊ တောင်ပံကစားသမားတွေကို အားကိုးရမယ့်အနေအထားရှိတယ်။

ဒီပွဲက အိမ်ရှင်ချယ်လ်ဆီးအသင်းရဲ့ကစားကွက်စိုးမိုးမှုနဲ့ ဂိုးရဖို့ ကြိုးပမ်းမှုတွေကို မန်ယူနိုက်တက်က ဂိုးမပေးရအောင် ကာကွယ်ရင်း ချယ်လ်ဆီးကို ဘောလုံးပေးကိုင်ကစားစေမယ့်​ပွဲမျိုးပဲ ဖြစ်လိမ့်မယ့်။ မန်ယူနိုက်တက်အနေနဲ့ အပြန်အလှန်၊ အတက်အဆင်းကစားမှာထက် အင်အားချွေတာပြီး တန်ပြန်တိုက်စစ်တွေနဲ့သာ ကစားပြီး ချယ်လ်ဆီးတိုက်စစ်ကို ကြံ့ကြံ့ခံမယ့်ပွဲမျိုးဖြစ်လိမ့်မယ်။

၂၀၂၀ ခုနှစ်နောက်ပိုင်း ချယ်လ်ဆီးကွင်းမှာ အနိုင်မရဘဲ ပရီးမီးယားလိဂ်(၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတဲ့ မန်ယူနိုက်တက်အသင်း ဒီပွဲမှာနိုင်ပွဲပြန်ရဖို့ မဖြစ်နိုင်ပါဘူး။ အိမ်ရှင် ဂိုးနည်းနည်းနဲ့ အနိုင်ယူမယ့်ပွဲလို့ပဲ ထင်နေတယ်။ ချယ်လ်ဆီးအနိုင် (၁-၀)(၂-၁)လို ရလဒ်တွေကိုပဲ ရွေးချယ်ချင်ပါတယ်။

Read more

ဒီဘရိုင်းနားကို ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချုပ်ကမ်းလှမ်းဖို့ နာပိုလီအသင်းပြင်ဆင်

ဒီဘရိုင်းနားကို ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချုပ်ကမ်းလှမ်းဖို့ နာပိုလီအသင်းပြင်ဆင်

နာပိုလီအသင်းဟာ ဒီရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားကို အသင်းထံ ခေါ်ယူနိုင်ဖို့အတွက် ယူရို(၁၂)သန်းနဲ့ (၂)နှစ်စာချ

လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို အသင်းခေါင်းဆောင်ဟောင်း မက်ဆီဂုဏ်ပြု

လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို အသင်းခေါင်းဆောင်ဟောင်း မက်ဆီဂုဏ်ပြု

အင်တာမိုင်ယာမီအသင်းခေါင်းဆောင်မက်‌ဆီဟာ ၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ

ချယ်လ်ဆီးနဲ့ပွဲအပေါ်မူတည်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအသင်းရွေးချယ်မယ်လို့ မန်ယူနိုက်တက်ကစားသမားတွေကို နည်းပြအာမိုရင်သတိပေး

ချယ်လ်ဆီးနဲ့ပွဲအပေါ်မူတည်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအသင်းရွေးချယ်မယ်လို့ မန်ယူနိုက်တက်ကစားသမားတွေကို နည်းပြအာမိုရင်သတိပေး

ဒီနေ့ကစားမယ့် ချယ်လ်ဆီး-မန်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲမတိုင်မီပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ဒီပွ

အဆင့်မြင့်ကိုယ်ပိုင် Chipset အသစ်ကို မကြာခင်မိတ်ဆက်တော့မယ့် Xiaomi

အဆင့်မြင့်ကိုယ်ပိုင် Chipset အသစ်ကို မကြာခင်မိတ်ဆက်တော့မယ့် Xiaomi

အဆင့်မြင့် Mobile Chipset လို့ဆိုထားတဲ့ XringO1 အမည်ရ ကိုယ်ပိုင် Chiopset အသစ်ကို Xiaomi ကနေ အခုမေလကုန်ပိုင်းလောက်မှ မိတ်ဆက်သွားမယ်ဖြစ်ကြောင်း Xiaomi CEO Lei Jun ကိုယ်တိုင် Weibo မှာ ကြ