ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

မန်ယူနိုက်တက် - ဗီလာ
(ပရီးမီးယားလိဂ်)
(25 May 2025/ 9:30 pm)

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာအရေးနိမ့်ခဲ့ပြီးနောက် မန်ယူနိုက်တက်ရဲ့ဘ၀က သန်းခေါင်ထက်ညဉ့်မနက်တော့ဘူးလို့ ဆိုရမလိုပါပဲ။ တစ်ခုရှိတာက ဒီပွဲအနိုင်ရရင်တော့ အမှတ်ပေးဇယားမှာအဆင့်(၁၆)ကနေ အဆင့်(၁၄)အထိ တက်လာနိုင်တဲ့ အခွင့်အရေးပါးပါးတော့ရှိတယ်။ ဒါကလည်း အပေါ်က ၀ုလ်ဗ်စ်နဲ့ ဝက်စ်ဟမ်း ခြေချော်မှ ဖြစ်နိုင်မယ်။

အဆင့်(၆)နေရာမှာ ရပ်တည်နေတဲ့ ဗီလာကတော့ မန်စီးတီး၊ နယူးကာဆယ်၊ ချယ်လ်ဆီး တစ်သင်းသင်း​ အမှတ်လျော့ပြီး သူတို့က အနိုင်ရရင် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်လို့ ရမှတ်(၃)မှတ်ပြည့်အတွက် အနိုင်ကစားရမယ့်ပွဲဖြစ်တယ်။

ပထမအကျော့တုန်းက ဒီနှစ်သင်း ဂိုးမရှိသရေကျခဲ့တယ်။ သမိုင်းတစ်လျှောက်မှာရော၊ လတ်တလော ထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေအရရော မန်ယူနိုက်တက်က ဗီလာကို အတော်လေး အသာစီးရထားတယ်။ ပရီးမီးယားလိဂ်မှာ ဗီလာကို မန်ယူနိုက်တက်က နိုင်ပွဲ(၄၀)အထိနိုင်ထားပြီး မန်ယူနိုက်တက်အတွက် ဗီလာက အဲဗာတန်ပြီးရင် နိုင်ပွဲအများဆုံးရယူနိုင်တဲ့ ပြိုင်ဘက်အသင်းဖြစ်တယ်။

ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံမှု(၅)ပွဲမှာလည်း မန်ယူနိုက်တက်က ရှုံးပွဲမရှိဘဲ (၄)ပွဲအထိ အနိုင်ရထားတယ်။ အထူးသဖြင့် ဗီလာက အိုးလ်ထရက်ဖို့ဒ်ကွင်းဆိုရင် ရလဒ်ကောင်းရလေ့မရှိဘဲ နောက်ဆုံး(၁၆)နှစ်အတွင်း နိုင်ပွဲတစ်ပွဲပဲ ရှိတယ်။ မန်ယူနိုက်တက်က(၁၁)ပွဲအထိ နိုင်ခဲ့တယ်။

ဒီရာသီမှာတော့ မန်ယူနိုက်တက်က အိမ်ကွင်း/အဝေးကွင်းမရွေးဘဲ အခြေအနေဆိုးနေတဲ့အသင်းဖြစ်နေတော့ အိုးလ်ထရက်ဖို့ဒ်မှတ်တမ်းဆိုးတွေကို ဗီလာတွန်းလှန်နိုင်မလားကြည့်ရမယ်။ လက်ရှိမှာ မန်ယူနိုက်တက်က အိမ်ကွင်းပရီးမီးယားလိဂ်(၄)ပွဲဆက်တိုက်နိုင်ပွဲပျောက်ထားပြီး နောက်ဆုံး(၂)ပွဲမှာ ၀ုလ်ဗ်စ်နဲ့ဝက်စ်ဟမ်းကို ရှုံးခဲ့တယ်။ ပြိုင်ပွဲစုံမှာ (၃)ပွဲဆက်တိုက်နိုင်ပွဲပျောက်ရုံမက ဂိုးပါပျောက်နေတဲ့ မန်ယူနိုက်တက် အိမ်ကွင်းမှာ ဂိုးပြန်ရှာတွေ့မလားဆိုတာလည်း ကြည့်ရမယ်။

ဗီလာက မန်ယူနိုက်တက်နဲ့ပြောင်းပြန် နောက်ဆုံး(၃)ပွဲမှာ Clean Sheet တွေနဲ့ ပြိုင်ဘက်အသင်းတွေကို ဆက်တိုက်အနိုင်ရခဲ့တယ်။ ပရီးမီးယားလိဂ်ပန်းအဝင်မှာ ဗီလာက ဥရောပဝင်ခွင့်အတွက် သေသေချာချာအာရုံစိုက်ကစားနေပြီး နောက်ဆုံးပရီးမီးယားလိဂ်(၉)ပွဲမှာ မန်စီးတီးနဲ့ပွဲကလွဲလို့ (၈)ပွဲနိုင်ခဲ့တယ်။ ဒါကြောင့် ဗီလာအနေနဲ့ ဒီအချိန်မှာ မန်ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာလည်စင်းနေရတဲ့ မှတ်တမ်းဆိုးတွေကို ရပ်တန့်ဖို့ အကောင်းဆုံးအချိန်လို့ ဆိုရမယ်။ ဗီလာနိုင်ဖို့ အခွင့်အလမ်းရှိပေမယ့် ခက်ခဲမယ့်ပွဲတော့ဖြစ်လိမ့်မယ်။ ဗီလာအနိုင် (၁-၀)(၂-၁)လို ရလဒ်တွေကိုပဲ ရွေးချယ်ချင်ပါတယ်။

နယူးကာဆယ် - အဲဗာတန်
(ပရီးမီးယားလိဂ်)
(25 May 2025/ 9:30 pm)

နယူးကာဆယ်က အဆင့်(၄)မှာဆိုပေမယ့် အောက်က ဗီလာနဲ့ ဖောရက်စ်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဒီပွဲအမှတ်လျော့လို့မဖြစ်ဘူး။ အဲဗာတန်ကတော့ ဟိုမရောက်၊ ဒီမရောက်ဖြစ်နေတဲ့အသင်းဖြစ်ပြီး နယူးကာဆယ်ကို ဒုက္ခပေးနိုင်မလားကြည့်ရမှာဖြစ်တယ်။

လက်ရှိအနေအထားမှာ နယူးကာဆယ်က မြင့်မားတဲ့အနေအထားမှာ ရှိနေပြီး အဲဗာတန်က အောက်ရောက်နေပေမယ့် သမိုင်းတစ်လျှောက်တွေ့ဆုံမှုတွေမှာတော့ ဒီနှစ်သင်း သိပ်မကွာဘူး။ နယူးကာဆယ်က (၇၁)ပွဲနိုင်ပြီး အဲဗာတန်က (၇၆)ပွဲနိုင်ခဲ့တယ်။ ဒီရာသီပထမအကျော့မှာ ဂိုးမရှိသရေကျခဲ့သလို ပြီးခဲ့တဲ့ရာသီ နယူးကာဆယ်ကွင်းမှာလည်း (၁-၁)နဲ့ သရေကျထားတယ်။

ဒါပေမယ့် ဒီပွဲမှာ ဒီနှစ်သင်းကြားရည်မှန်းချက်ချင်းကွာဟနေပြီး နယူးကာဆယ်အိမ်ကွင်းလည်း ဖြစ်တာကြောင့် မိမိပရိသတ်ရှေ့မှောက်မှာ မျက်နှာပျက်တဲ့အဖြစ်မျိုးတော့ နယူးကာဆယ်အဖြစ်ခံမှာမဟုတ်ဘူး။ နယူးကာဆယ်က အဝေးကွင်းတွေမှာ ရလဒ်တွေဆိုးတတ်ပေမယ့် ရာသီအဆုံးသတ်ပိုင်းအိမ်ကွင်းပွဲတွေမှာတော့ အာရုံစိုက်ကစားပြီး နိုင်ပွဲတွေ ဆက်တိုက်ယူနေတယ်။ အိမ်ကွင်း ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲဆက်တိုက်ကို အနိုင်ကစားထားပြီး (၁၆)ဂိုးအထိ သွင်းနိုင်ခဲ့တယ်။ (၂)ဂိုးပဲ ပြန်ပေးရတယ်။

အဲဗာတန်က အဝေးကွင်းပွဲတွေဆိုရင်တော့ အသင်းက နိုင်လိုက်၊ ရှုံးလိုက်နဲ့ ရလဒ်ပိုင်းမတည်ငြိမ်သလို အသင်းကြီးတွေဆိုရင် အရှုံးပေးရတာများတယ်။ ဒီရာသီမှာ စပါး၊ မန်ယူနိုက်တက်၊ လီဗာပူးလ်၊ ချယ်လ်ဆီးအစရှိတဲ့အသင်းကြီးတွေရဲ့ကွင်းမှာ အဲဗာတန်အရှုံးပေးခဲ့ရပြီး နယူးကာဆယ်ကွင်းမှာလည်း နိုင်ပွဲရဖို့တော့ အခွင့်အလမ်းနည်းပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နယူးကာဆယ် ဖိဖိစီးစီးကစားပြီး နိုင်ပွဲရယူမယ့်ပွဲပါ။ နယူးကာဆယ်အနိုင် (၂-၀)လို ရလဒ်မျိုးကို အကြိုက်တွေ့မိတယ်။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ