ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ကွန်းဖရန့်လိဂ်​ဗိုလ်လုပွဲ

ရီးရဲလ်ဘက်တစ် - ချယ်လ်ဆီး
(29 May 2025/ 1:30 am)

ချယ်လ်ဆီးက ကွန်းဖရန့်လိဂ်​မှာ တန်းမတူဘဲ ဆင်းထိုးတဲ့ ဟဲဗီးဝိတ်လက်ဝှေ့သမားလို ဖြစ်နေတယ်။ အုပ်စုအဆင့်ကစပြီး ကစားခဲ့တဲ့(၁၂)ပွဲမှာ (၁၁)ပွဲနိုင်တယ်။ လီဂီယာဝါဆောကို တစ်ပွဲပဲရှုံးခဲ့တယ်။ ဘက်တစ်အသင်းကတော့ အုပ်စုအဆင့်မှာကတည်းက (၆)ပွဲကစားရာမှာ နိုင်ပွဲ(၃)ပွဲပဲရှိပြီး Play-offs အဆင့်ကစားပြီးမှ ဗိုလ်လုပွဲကို အဆင့်ဆင့်တက်လာတဲ့အသင်းဖြစ်တယ်။

ဘက်တစ်က ဥရောပမှာ ဘာအောင်မြင်မှုမှမရှိသလို ဥရောပမှာ ခြေစွာတဲ့အသင်းမျိုးလည်းမဟုတ်ဘူး။ ချယ်လ်ဆီးအသင်းနဲ့လည်း ဥရောပမှာ (၂)ပွဲသာကစားခဲ့ဖူးပြီး လွန်ခဲ့တဲ့နှစ်(၂၀)လောက်က ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တွေ့ခဲ့ကြတာဖြစ်တယ်။ မိမိအိမ်ကွင်းတွေမှာ အသီးသီးနိုင်ခဲ့ကြပြီး ဘက်တစ်က အိမ်ကွင်းမှာ (၁-၀)၊ ချယ်လ်ဆီးက အိမ်ကွင်းမှာ (၄-၀)နဲ့ နိုင်ခဲ့ကြတယ်။

ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမကစားမီ ဒီနှစ်သင်းရဲ့လက်ရှိခြေစွမ်းကို ပြန်သုံးသပ်ရရင် ချယ်လ်ဆီးက ရာသီအဆုံးသတ်ပိုင်းမှာ ရလဒ်တွေပြန်ကောင်းလာပြီး အသင်းက ဂိုးပေးနည်းလာတာကိုတွေ့ရတယ်။ နောက်ဆုံး(၈)ပွဲမှာ နယူးကာဆယ်ကို ရှုံးတဲ့ပွဲကလွဲလို့ ကျန်ပွဲ(၇)ပွဲစလုံးကို အနိုင်ရတဲ့အပြင် ဒီနိုင်ပွဲ(၇)ပွဲမှာ (၃)ဂိုးပဲ ပေးခဲ့ရတယ်။ တိုက်စစ်က လိုအပ်ချက်ရှိနေပေမယ့် အရင်ကထက်စာရင် အသင်းက တည်ငြိမ်လာတယ်လို့ ပြောရမယ်။

ဘက်တစ်ကတော့ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို တက်ခွင့်ရပြီးနောက် လာလီဂါမှာ လျှော့ချလိုက်သလိုပဲ။ နောက်ဆုံး(၅)ပွဲဆက်တိုက်နိုင်ပွဲမရဘဲ (၄)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့တယ်။ အသင်းမှာ ဒဏ်ရာရသူတွေများနေတာကြောင့်လည်း ဗိုလ်လုပွဲမတိုင်မီ ကစားသမားအင်အားမပြုန်းတီးအောင် နည်းပြပယ်လီဂရီနီ ချိန်ဆနေရတာကြောင့် ဖြစ်လိမ့်မယ်။

ဒီဗိုလ်လုပွဲမှာလည်း ကစားသမား(၅)ဦးလောက်က ဒဏ်ရာကြောင့်သေချာပေါက်လွဲမှာဖြစ်ပြီး ဒီယေဂိုလော်ရန်တေး၊ ရိုကာ၊ အဗီလာအစရှိတဲ့ အားထားရတဲ့ကစားသမားတွေပါဝင်နေတယ်။ ချယ်လ်ဆီးမှာက တောက်လျှောက်နားနေရတဲ့ဖိုဖာနာတစ်ယောက်ပဲ ဒီပွဲသေချာပေါက်လွဲမှာဖြစ်တယ်။ အန်ကွန်ကူနဲ့ မက်ခ်ဂူယီက ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရတယ်။

လက်ရှိခြေစွမ်းအရရော၊ ကစားသမားစုဖွဲ့မှုအရရော၊ ဒဏ်ရာရကစားသမားအနေအထားအရရော၊ အသင်းသမိုင်းကြောင်းအရရော ဘက်တစ်ထက် ချယ်လ်ဆီးက အစစအရာရာသိသိသာသာ အသာရနေတဲ့အနေအထားပါ။

ဘက်တစ်မနိုင်ဘူးလို့ ဒက်ထိမပြောနိုင်ရင်တောင် ချယ်လ်ဆီးကို အနိုင်ရဗိုလ်စွဲဖို့ အခွင့်အလမ်းနည်းတာ ငြင်းမရပါဘူး။ ဂျက်ဆန်၊ မာဒူအက်ကေ၊ ပါလ်မား၊ ဆန်ချိုအစရှိတဲ့ကစားသမားတွေ ချယ်လ်ဆီးနဲ့ ပထမဆုံးဖလားရယူနိုင်ဖို့ အာရုံအပြည့်နဲ့ ဂိုးရအောင်ကြိုးစားကြမှာဖြစ်ပြီး Rhythm မှန်နေတဲ့ ချယ်လ်ဆီးနောက်တန်းကလည်း အန်တိုနီ၊ အစ္စကို၊ ဘာကမ်ဘူတို့ရဲ့ တိုက်စစ်ကို ထိန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ချယ်လ်ဆီးအနိုင် (၂-၁)(၃-၁)လိုရလဒ်တွေနဲ့ ဖလားကိုင်မြှောက်နိုင်မယ့်ပွဲပါ။

Read more

နိုင်ငံတကာရဲ့ ပါကင်နေရာဦးခြင်း အလေ့အထ

နိုင်ငံတကာရဲ့ ပါကင်နေရာဦးခြင်း အလေ့အထ

ကားပါကင်နေရာကြောင့် ပြဿနာတက်ရတဲ့ အကြောင်းတွေဟာ မြန်မာနိုင်ငံသားတွေ အတွက်တော့ မဆန်းပါဘူး။ ရန်ကုန်ရဲ့ လမ်းကျယ်၊ လမ်းသွယ်အစုံမှာ အုတ်ခဲ၊ ခုံ၊ သစ်သားတန်း၊ တစ်ခါ

ကွန်းဖရန့်လိဂ်ဖလားရယူပြီး ဥရောပဖလား(၃)ခုစလုံးကို ပိုင်ဆိုင်တဲ့ပထမဆုံးအသင်းဖြစ်လာတဲ့ ချယ်လ်ဆီး

ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ရီးရဲလ်ဘက်တစ်(၁-၄)ချယ်လ်ဆီး ဥရောပဖလား(၃)လုံးအနကိ တတိယတန်းစားဖလားဖြစ်တဲ့ ကွန်းဖရန့်လိဂ်ဖလားကို ဒီရာသီမှာ ဥရောပအသင်းကြီးဖြစ်တဲ့ ချယ်လ်

ဥရောပမှာအဆင်မပြေပေမဲ့ ဆော်ဒီမှာတော့အဆင်ပြေတယ်

ဥရောပမှာအဆင်မပြေပေမဲ့ ဆော်ဒီမှာတော့အဆင်ပြေတယ်

Tesla သည်၎င်း ၏ကားများကို ၂၀၂၅ ခုနှစ် ဧပြီလ တွင်ဆော်ဒီအာရေးဗျနိုင်ငံတွင် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး Riyadh မြို့တွင်ပထမဆုံး Showroom နှင့် Service Center ကိုဖွင့်လှစ်ခဲ့သည်။ အဆိုပါ

iPhone 17 Air အကြောင်းတစေ့တစောင်း

iPhone 17 Air အကြောင်းတစေ့တစောင်း

iPhone 17 Air ကိုလာမည့်ယခုစက်တင်ဘာလတွင် iPhone 16 Plus နေရာကိုအစားထိုးမည့်သီတင်းနှင့်အတူအခြားသီတင်းအသစ်များထွက်ပေါ်လာသည်။ iPhone 17 Air ၏အလေးချိန်နှင့်ပတ်သက်သည့်အချက်အလက်