ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

UEFA Nations League Semi-Final

ဂျာမနီ - ပေါ်တူဂီ
(5 June 2025/ 1:30 am)

၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲက ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နေပြီး ဒီတစ်ပတ်ကြားရက်မှာ ဆီမီးဖိုင်နယ်ပွဲတွေအဖြစ် ဂျာမနီနဲ့ ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်တို့ရင်ဆိုင်ကြမှာပါ။

ဒီအသင်း(၄)သင်းစလုံးမှာ ဥရောပထိပ်တန်းကလပ်အသင်းတွေမှာ ကစားနေတဲ့ ကစားသမားတွေများစွာ ပါဝင်နေတာကြောင့် ဘောလုံးရာသီပြီးပြီးချင်းကစားရမယ့် ဒီဆီမီးဖိုင်နယ်ပွဲတွေမှာ ကစားဖို့ အားအင်ပြည့်၀ပါ့မလား။ ပွဲပန်းတဲ့ဒဏ်တွေကို ခံစားနေရမလားဆိုတာလည်း တွေးရမှာဖြစ်ပါတယ်။

ဂျာမနီနဲ့ ပေါ်တူဂီ သမိုင်းကြောင်းတစ်လျှောက်တွေ့ဆုံမှုမှာ ဂျာမနီက သိသိသာသာ အသာရနေပြီး (၁၉)ပွဲကစားခဲ့ရာမှာ (၁၁)ပွဲအထိအနိုင်ရထားတယ်။ ပေါ်တူဂီက (၃)ပွဲသာနိုင်ထားတယ်။ လတ်တလော ဒီနှစ်သင်းရဲ့ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်းကို ပြန်လေ့လာမယ်ဆိုရင်လည်း နည်းပြနာဂယ်စမန်းလက်ထက်မှာ ဂျာမနီအသင်းက ခြေစွမ်းတည်ငြိမ်မှုရလာပြီး ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ရှုံးပွဲတစ်ပွဲပဲရှိခဲ့တယ်။ ယူရို-၂၀၂၄ ကွာတားဖိုင်နယ်မှာ စပိန်ကို ရှုံးခဲ့တာဖြစ်ပြီး ဒီပွဲနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲတွေမှာ ဂျာမနီအရှုံးမရှိတာ (၁)နှစ်နီးပါးရှိလာပြီဖြစ်တယ်။

ပေါ်တူဂီကတော့ ဒီနှစ်အတွင်း UEFA Nations Leagueကွာတားဖိုင်နယ်ပထမအကျော့မှာ ဒိန်းမတ်ကို အဝေးကွင်းမှာ ရှုံးခဲ့ပြီး နောက်ဆုံး အဝေးကွင်း(၃)ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တယ်။ ပေါ်တူဂီအသင်းမှာ ဗီတင်ညာ၊ မန်ဒက်စ်၊ နီဗက်စ်အစရှိတဲ့ကစားသမားတွေကို ရွေးချယ်ထားပေမယ့် ဒီကစားသမားတွေက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို PSG အသင်းနဲ့အတူ နွှဲထားရတာကြောင့် ဒီပွဲမှာ ပွဲမထုတ်ဘဲ အနားပေးနိုင်တယ်။ ပေါ်တူဂီနည်းပြမာတီနက်ဇ်အနေနဲ့ စီရော်နယ်ဒို၊ ဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗားအစရှိတဲ့ကစားသမားတွေကိုပဲ အဓိကပွဲထုတ်ကစားဖွယ်ရှိပြီး အသက်အရွယ်ရလာတဲ့ ဒီကစားသမားတွေအနေနဲ့ ကလပ်အသင်းပွဲစဉ်တွေနဲ့ တစ်ရာသီလုံးလှုပ်ရှားရုန်းကန်ပြီးချိန်မှာ ဂျာမနီအသင်းကို လန်းဆန်းမှုရှိစွာရင်ဆိုင်နိုင်ပါ့မလားဆိုတာလည်း ကြည့်ရမယ်။

နာဂယ်စမန်းက သူ့ရဲ့ဂျာမနီအသင်းကို လူငယ်သွေးသစ်ကစားသမားတချို့အားဖြည့်ထားပြီး ဗစ်ဇ်၊ ဆာနေး၊ နာဘရီအစရှိတဲ့ တိုက်စစ်ကွင်းလယ်ကစားသမားတွေ ဝန်းရံကစားမယ့် ဂျာမန်တိုက်စစ်က ပေါ်တူဂီတိုက်စစ်ထက် နုပျိုလန်းဆန်းနေမှာအမှန်ပဲ။ ပေါ်တူဂီမှာ ကစားသမားကောင်းတွေများစွာပိုင်ဆိုင်ထားတာမှန်ပေမယ့် တည်ငြိမ်မှုရှိတဲ့ဂျာမနီ၊ အိမ်ကွင်းမှာ မရှုံးတာ (၁)နှစ်ခွဲနီးပါးလောက်ရှိနေပြီဖြစ်တဲ့ ဂျာမနီအနေနဲ့ Allianz Arena ကွင်းမှာ ရလဒ်ကောင်းရယူနိုင်မယ်လို့ ပိုယုံကြည်မိပါတယ်။ ဒါကြောင့် ဂျာမနီအနိုင်(၁-၀)(၂-၁)လို ရလဒ်မျိုးကို အကြိုက်တွေ့မိပါတယ်။

Read more

မှားပြီးရင်းမှားနေတယ်လို့ပြောလာသည့် NVIDIA CEO

မှားပြီးရင်းမှားနေတယ်လို့ပြောလာသည့် NVIDIA CEO

Nvidia အမှုဆောင်အရာရှိချုပ် Jensen Huang က အမေရိကန်အစိုးရအဖွဲ့အစည်းသည်တရုတ်နိုင်ငံသို့ အဆင့်မြင့်ကွန်ပျူတာchip များပို့ခြင်းကို တားမြစ်တဲ့စည်းမျဉ်းများအား“မအောင်မြင်

WiFi အတွက်ဂြိုလ်တုနည်းပညာအသုံးပြုမည့် Scotland ရထားလိုင်း

WiFi အတွက်ဂြိုလ်တုနည်းပညာအသုံးပြုမည့် Scotland ရထားလိုင်း

ScotRail ရထားလိုင်းသည်ရထားပေါ်တွင် ခရီးသည်များ wi-fi အသုံးပြုနိုင်ရန်အတွက် Elon Musk ၏ ဂြိုလ်တုနည်းပညာကို အသုံးပြုမည်ဖြစ်သည်။စကော့တလန်မြောက်ပိုင်းရှိ ရထားခြောက်စင်းကို ကမ္ဘာမြေပြ

ပြင်သစ်ကို အနိုင်ယူပြီး UEFA Nations League ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လက်ရှိချန်ပီယံစပိန်

ပြင်သစ်ကို အနိုင်ယူပြီး UEFA Nations League ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လက်ရှိချန်ပီယံစပိန်

UEFA Nations League Semi-Final စပိန် (၅-၄) ပြင်သစ် ဒီနောက်ပိုင်း ဥရောပမှာ ပြိုင်ဆိုင်မှုကြီးမားလာကြတဲ့ စပိန်နဲ့ ပြင်သစ်အသင်းတို့ရဲ့ UEFA Nations League ဆီမီးဖိုင်နယ်ပွဲက တစ်ပွဲလုံးအပြ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

UEFA Nations League Semi-Final စပိန် - ပြင်သစ် (6 June 2025/ 1:30 am) ၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယပွဲအဖြစ် စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့ ဒီညကစားကြမှာဖြစ်