ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

UEFA Nations League

ဂျာမနီ - ပြင်သစ်
(တတိယနေရာလုပွဲ)
(8 June 2025/ 7:30 pm)

၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် အိမ်ရှင်ဂျာမနီနဲ့ ချန်ပီယံဟောင်းပြင်သစ်တို့ ရင်ဆိုင်ကြမှာဖြစ်ပြီး ဘယ်အသင်း သိက္ခာဆယ်တတိယနေရာရမလဲ .. ဘယ်အသင်း ရှုံးပွဲဆက်မလဲဆိုတာ ကြည့်ရမယ်။

ဂျာမနီနဲ့ပြင်သစ်လက်ရှိအနေအထားအရ အရည်အသွေးမြင့်ကစားသမားတွေ၊ သွေးသစ်ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ကွာခြားချက်ကြီးကြီးမားမားတော့မရှိဘူး။ နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ပြင်သစ်က ဂျာမနီကို အသာရထားတယ်ပြောရမယ်။ သမိုင်းတစ်လျှောက်ဒီနှစ်သင်း(၃၄)ပွဲကစားခဲ့ရာမှာ ပြင်သစ်က (၁၅)ပွဲနိုင်တယ်။ ဂျာမနီက (၁၁)ပွဲနိုင်တယ်။ (၈)ပွဲသရေကျခဲ့တယ်။

ပြိုင်ပွဲတွေမှာဆိုရင်လည်း ဂျာမနီကို ပြင်သစ်က အသာစီးရထားတယ်။ပြိုင်ပွဲတွေမှာ နောက်ဆုံးတွေ့ဆုံမှု(၈)ပွဲမှာ ပြင်သစ်အနိုင်ရတာ(၄)ပွဲရှိတယ်။ ဂျာမနီက (၂)ပွဲပဲနိုင်တယ်။ ဂျာမနီမှာ မူဆီယာလာမပါတာက အသင်းအတွက် ဂိုးအခွင့်အရေးဖန်တီးမှုပိုင်းမှာ ကျသွားစေတာသိသာတယ်။ တိုက်စစ်မှာ ပုံမှန်ဂိုးသွင်းနိုင်တဲ့တိုက်စစ်မှူးမရှိတာကလည်း ဂျာမနီအတွက် အားနည်းချက်တစ်ခုဖြစ်တယ်။ ပြင်သစ်မှာ PSG တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဒမ်ဘီလီ၊ ဘာကိုလာတို့မပါပေမယ့် ဘာပေ၊ မူအာနီ၊ ချာကီ၊ ဒူယီအစရှိတဲ့ ဂိုးသွင်းနိုင်သူတွေ အများအပြားရှိနေတယ်။

ဂျာမနီထက် ပြင်သစ်ကို ပိုကြိုက်ပေမယ့် အိမ်ရှင်အခွင့်အရေးနဲ့ ထိန်းကစားတတ်တဲ့ဂျာမနီကိုလည်း လျှော့မတွက်ရဲတာကြောင့် ပုံမှန်ပွဲချိန်အတွင်း (၂-၂)လို သရေရလဒ်မျိုးထွက်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ပေါ်တူဂီ - စပိန်
(ဗိုလ်လုပွဲ)
(9 June 2025/ 1:30 am)

UEFA Nations League ပြိုင်ပွဲရဲ့ ပထမဆုံးချန်ပီယံပေါ်တူဂီအသင်းနဲ့ လက်ရှိချန်ပီယံစပိန်အသင်းတို့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ကြရမှာဖြစ်တယ်။ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ စပိန်နဲ့ပေါ်တူဂီ သမိုင်းတစ်လျှောက်ထိပ်တိုက်တွေ့ဆုံမှုမှာ စပိန်က ပေါ်တူဂီကို သိသိသာသာ အသာစီးရထားတယ်။

ဒီနှစ်သင်း သမိုင်းတစ်လျှောက် (၄၀)ပွဲအထိ ထိပ်တိုက်တွေ့ဆုံကစားခဲ့ကြဖူးပြီး စပိန်က (၁၇)ပွဲနိုင်တယ်။ ပေါ်တူဂီက (၆)ပွဲပဲနိုင်တယ်။ ကျန်(၁၇)ပွဲက သရေကျခဲ့တယ်။ ပြိုင်ပွဲတွေမှာ တွေ့ဆုံရာမှာလည်း စပိန်က ပေါ်တူဂီကို သိသိသာသာအသာရထားတယ်။ ပြိုင်ပွဲတွေမှာ နောက်ဆုံးတွေ့ဆုံမှု(၁၁)ကြိမ်မှာ စပိန်က(၅)ပွဲနိုင်တယ်။ ပေါ်တူဂီက (၁)ပွဲပဲနိုင်တယ်။ (၅)ပွဲသရေကျခဲ့တယ်။

လက်ရှိအနေအထားမှာလည်း ပေါ်တူဂီထက်စာရင် စပိန်ကပိုပြီးတော့ ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်းတည်ငြိမ်သလို အသင်းမှာ ယာမားလ်၊ နီကိုဝီလီယံစ်၊ ပက်ဒရီ၊ ဟွိုက်ဆန်၊ ဂါဘီအစရှိတဲ့ လူငယ်ကစားသမားတွေက အားထားရတဲ့ခြေစွမ်းကို ပြနေကြတယ်။ မယ်ရီနို၊ ဖေဘီယန်ရုဇ်၊ အိုယာဇာဘယ်လ်၊ အစ္စကိုအစရှိတဲ့ အတွေ့အကြုံရင့်ကစားသမားတွေကလည်း ခြေမကျဘဲ အကောင်းဆုံးခြေစွမ်းကို ပြနေတော့ ဒယ်လာဖွန်တေးရဲ့အသင်းက ဥရောပမှာအကောင်းဆုံးအသင်းအဖြစ် ရှိနေတယ်။

စီရော်နယ်ဒိုဦးဆောင်နေဆဲ ပေါ်တူဂီက ဘရူနိုဖာနန်ဒက်စ်၊ နေးဗက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ ပယ်လင်ညာ၊ ဆီမီဒိုအစရှိတဲ့ အတွေ့အကြုံရှိကစားသမားတွေနဲ့ ကွန်ဆီဆာအို၊ နူနိုမန်ဒက်စ်၊ အီနာဆီယိုတို့လို လူငယ်ခြေတက်တွေ ပေါင်းစပ်ထားပြီး မာကြောတဲ့အသင်းတစ်သင်းအဖြစ်ရှိနေဆဲဖြစ်တယ်။

စီရော်နယ်ဒိုအရွယ်ကျတယ်ဆိုပေမယ့် ခြေစွမ်းမကျသေးတာကြောင့် ပေါ်တူဂီတိုက်စစ်က တောင့်တင်းတဲ့အနေအထားမှာရှိပေမယ့် နောက်တန်းက ပွဲတိုင်းနီးပါး ဂိုးပေးနေရတာတော့ သတိပြုရမယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ကစားခဲ့တဲ့(၉)ပွဲမှာ ပေါ်တူဂီဂိုးမပေးရတာ စကော့တလန်နဲ့ပွဲတစ်ပွဲပဲရှိတယ်။

စပိန်က ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး (၉)ပွဲမှာ Clean Sheet (၃)ပွဲရယူနိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ (၁၉)ပွဲမှာ ရှုံးပွဲမရှိဘူး။ ဒီပွဲမှာ စပိန်ရဲ့မြိုင်ဆိုင်တက်ကြွတဲ့တိုက်စစ်ကို ပေါ်တူဂီခံစစ်က ဂိုးမပေးရအောင် ခံကစားဖို့မလွယ်ဘူး။ ဒီနှစ်သင်းတွေ့ဆုံမှုအရရော၊ လက်ရှိခြေစွမ်းအရရော၊ ကစားသမားအင်အားအရရော စပိန်က ပေါ်တူဂီထက် အစစအရာရာသာပါတယ်။ စပိန်ထပ်ဆင့်ဗိုလ်စွဲမယ့်ပွဲဖြစ်ပါလိမ့်မယ်။ စပိန်အနိုင်(၂-၁)(၃-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ