ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်)

PSG - အက်သလက်တီကိုမက်ဒရစ်
(16 June 2025/ 1:30 am)

PSG အသင်းက လက်ရှိချန်ပီယံလိဂ်ချန်ပီယံအသင်းဖြစ်ပေမယ့် ဒီပြိုင်ပွဲကိုတော့ အစောပိုင်းကတည်းက UEFA ရဲ့ နောက်ဆုံး ၄ နှစ်အတွင်း ဒုတိယ Ranking အမြင့်ဆုံးအသင်းအဖြစ် ဝင်ခွင့်ရထားတာဖြစ်တယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ဆဋ္ဌမ Ranking အမြင့်ဆုံးအသင်းအဖြစ် ဝင်ခွင့်ရထားတာဖြစ်တယ်။

ဒီနှစ်သင်း သမိုင်းတစ်လျှောက်တွေ့ဆုံမှုအဖြစ် ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တစ်ကြိမ်သာဆုံတွေ့ခဲ့ဖူးပြီး အက်သလက်တီကိုအသင်းက ပြင်သစ်မြေမှာ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။

လက်ရှိအနေအထားကတော့ PSG အသင်းအတွက် စုစည်းမှုအကောင်းဆုံးအချိန်၊ Rhythm အမိဆုံးအချိန်လို့ဆိုရမှာဖြစ်ပြီး တိုက်စစ်အားကောင်းတာတင်ချီးကျူးရမှာမဟုတ်ဘဲ ခံစစ်ကလည်း ပွဲအတော်များများမှာ ဂိုးပေးနည်းအောင်ကစားနိုင်တာကို အသိအမှတ်ပြုရမယ်။

PSG နောက်ဆုံးကစားခဲ့တဲ့(၅)ပွဲမှာ သွင်းဂိုးက (၁၇)ဂိုးအထိရှိပြီး ပေးဂိုးက (၃)ဂိုးသာရှိကာ ပွဲတိုင်းကိုအနိုင်ရခဲ့တယ်။ အက်သလက်တီကိုကတော့ နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲပဲနိုင်ပြီး ဂိုးမသွင်းနိုင်တာ(၂)ပွဲရှိခဲ့တယ်။

ဒီပွဲမှာ PSG အသင်းအတွက် ဒမ်ဘီလီပြန်ကစားနိုင်ဖို့ အခွင့်အလမ်းနည်းပြီး ဘာကိုလာကလည်း ၅၀-၅၀ အခြေအနေပဲ။ ဒါပေမယ့် ကဗာရာရှက်ခလီယာ၊ ဂွန်ဆာလိုရာမို့စ်၊ ဒူယီတို့ရဲ့တိုက်စစ်နဲ့ ရုဇ်၊ ဗီတင်ညာ၊ နေးဗက်ဇ်တို့ရဲ့အလယ်တန်းက ဂိုးရဖို့ စိတ်ချရပါတယ်။

အက်သလက်တီကိုကတော့ ဒဏ်ရာရသူကင်းရှင်းနေပြီး အယ်လ်ဗာရက်ဇ်၊ ဂရီးဇ်မန်းတို့က တိုက်စစ်ကိုဦးဆောင်ဖွယ်ရှိပါတယ်။ လက်ရှိ ဒီနှစ်သင်းအနေအထားချင်းယှဉ်ရင်တော့ လောလောလတ်လတ် ဖလား(၄)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ PSG အသင်းက ခြေစွမ်းပိုင်း၊ ကစားသမားအင်အားပိုင်း အစစအရာရာသာနေပါတယ်။

ဒါပေမယ့် ဥရောပထိပ်သီးအသင်း(၂)သင်းရဲ့ပွဲဖြစ်တာကြောင့် ရလဒ်ကွာခြားမှုသိပ်မများနိုင်ဘဲ PSG အနိုင် (၂-၁)(၃-၂)လိုရလဒ်တွေကို တွေ့ရမယ်လို့ ထင်မိပါတယ်။

ပါမီးရပ်စ် - ပေါ်တို
(16 June 2025/ 4:30 am)

ဘရာဇီးလ်ကလပ် ပါမီးရပ်စ်အသင်းက ဒီပြိုင်ပွဲကို ၂၀၂၁ လီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ပေါ်တိုအသင်းကတော့ UEFA ရဲ့ နောက်ဆုံး ၄ နှစ်အတွင်း ပဥ္စမ Ranking အမြင့်ဆုံးအသင်းအဖြစ် ဝင်ခွင့်ရထားတာဖြစ်တယ်။

ပါမီးရပ်စ်က ဒီရာသီမှာ နည်းနည်းရုန်းကန်နေရပြီး ဒီပြိုင်ပွဲမတိုင်မီ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာလည်း ရှုံးပွဲဆက်ခဲ့တယ်။ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့်(၄)အထိရောက်နေပြီး ချန်ပီယံဆုအတွက် ဖိအားတွေရှိနေတယ်။

ပေါ်တိုကလည်း ပြီးခဲ့တဲ့ရာသီ ပေါ်တူဂီအမှတ်ပေးပြိုင်ပွဲမှာ အဆင့်(၃)သာရခဲ့ပြီး သူတို့အတွက် အကောင်းဆုံးမဟုတ်တဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတယ်။ ယူရိုပါလိဂ်မှာလည်း နိုင်ပွဲထက် ရှုံးပွဲကပိုများခဲ့တယ်။ လက်ရှိပေါ်တိုအသင်းဖွဲ့စည်းမှုအင်အားက အရင်ဥရောပမှာ အားကောင်းခဲ့တဲ့ပေါ်တိုလိုအသင်းမျိုးမဟုတ်တော့တာအမှန်ပဲ။

ပါမီးရပ်စ်က လွန်ခဲ့တဲ့(၄)နှစ်က လီဘာတာဒိုးစ်ချန်ပီယံဖြစ်ခဲ့တဲ့အသင်းလောက် မတောင့်တင်းသလို၊ ပေါ်တိုကလည်း အရင်ကလိုမာကြောတဲ့အသင်းမဟုတ်တာကြောင့် ဒီနှစ်သင်းမှာ အားနည်းချက်ကိုယ်စီနဲ့ မျှခြေရှိနေတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် (၁-၁)လို ဂိုးနည်းနည်းနဲ့ သရေကျမယ်လို့ထင်နေမိတယ်။

Read more

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ

iPad mini 7 ကို ယှဉ်မယ့် ဒေါ်လာ 450 တန် Redmi K Pad

iPad mini 7 ကို ယှဉ်မယ့် ဒေါ်လာ 450 တန် Redmi K Pad

Apple ရဲ့ iPad mini 7 ကို ဖိုက်ဖိုဆိုပြီး Redmi ကနေ Flapship Tablet မော်ဒယ်အသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ ဒီတက်ဘလက်က Compact ဒီဇိုင်းနဲ့လာမှာဖြစ်ပြီး ဒေါ်လာ 450 ဝန်းကျင်ရှ