ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်)

ချယ်လ်ဆီး - LAFC
(17 June 2025/ 1:30 am)

ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်ခွင့်ရတာဖြစ်ပြီး LAFC အသင်းကတော့ မူလအစက ဝင်ခွင့်မရခဲ့ဘဲ အသင်းပိုင်ဆိုင်မှုစည်းမျဉ်းနဲ့ ငြိစွန်းသွားလို့ ပြိုင်ပွဲကထုတ်ခံရတဲ့ လီယွန်အသင်းအစား (Play-Offs ကစားပြီးမှ) အစားထိုးဝင်ခွင့်ရခဲ့တာဖြစ်တယ်။ ဒီပြိုင်ပွဲကို နောက်ဆုံးမှ ကံကောင်းပြီး ဝင်ခွင့်ရတဲ့အသင်းဖြစ်တယ်။

ချယ်လ်ဆီးက ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ တည်ငြိမ်မှုကင်းမဲ့ခဲ့ပေမယ့် ကွန်းဖရန့်လိဂ်မှာ အသင်းငယ်တွေကိုအခက်အခဲမရှိကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ့တယ်။ ဒီပွဲမှာ တိုက်စစ်မှူးသစ်ဒီလပ်ကို အထောင်ထားကစားစေပြီး ကွင်းလယ်လူသစ်အက်စ်ဆူဂိုကိုလည်း စမ်းသပ်နိုင်တယ်။ ကျန်နေရာတွေမှာတော့ ကစားနေကျကစားသမားအများစုပဲ ထည့်ကစားမှာပါ။

LAFC အသင်းမှာ ပြင်သစ်ဝါရင့်ကစားသမား(၂)ဦးဖြစ်တဲ့ တိုက်စစ်မှူးဂျရူးနဲ့ ဂိုးသမားလိုရစ်တို့ ကစားနေကြတယ်။ ဒါကြောင့် ချယ်လ်ဆီးနောက်တန်းအနေနဲ့ တိုက်စစ်မှူးဟောင်းဂျရူးကို ဂိုးမပေးရဖို့ သတိထားကစားရမယ်။ ဒါပေမယ့် ဘယ်တောင်ပံမှာ ကစားနေတဲ့ ဂါဘွန်တိုက်စစ်မှူးဘူအန်ဂါက ချယ်လ်ဆီးကို ဂျရူးထက် ပိုဒုက္ခပေးနိုင်လိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဒီအသင်းနှစ်သင်း အဆင့်ချင်းကွာခြားပါတယ်။ LAFC အသင်းက နောက်ဆုံး(၉)ပွဲမှာ ရှုံးပွဲမရှိဘူးဆိုပေမယ့် သရေကျတဲ့ပွဲတွေများနေပြီး ပေးဂိုးတွေလည်းအတော်များတယ်။ နောက်တန်းအားနည်းတဲ့ LAFC အသင်းကို ချယ်လ်ဆီး(၂-၁)(၃-၁)လိုရလဒ်တွေနဲ့ အနိုင်ယူနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

ဘိုကာဂျူနီယာ - ဘင်ဖီကာ
(17 June 2025/ 4:30 am)

ဘိုကာဂျူနီယာက ဒီပြိုင်ပွဲမှာ CONMEBOL ဇုန် နောက်ဆုံး(၄)နှစ် Ranking ဒုတိယအမြင့်အဆုံးအသင်းအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ဘင်ဖီကာအသင်းက UEFA ဇုန် နောက်ဆုံး(၄)နှစ် Ranking သတ္တမအမြင့်ဆုံးအသင်းအဖြစ် ဝင်ခွင့်ရတာဖြစ်တယ်။

ဒီနှစ်သင်းသမိုင်းတစ်လျှောက်ပြိုင်ပွဲတွေမှာ မတွေ့ဖူးဘဲ ခြေစမ်းပွဲ(၄)ပွဲကစားခဲ့ဖူးရာမှာ ထူးထူးခြားခြား(၄)ပွဲလုံး (၁-၁)ရလဒ်ထွက်ခဲ့တယ်။

ဘိုကာဂျူနီယာတိုက်စစ်မှာ ဥရုဂွေးဝါရင့်တိုက်စစ်မှူးကာဗာနီရှိပေမယ့် ဒဏ်ရာရနေလို့ ဒီပွဲမှာပါဖို့ မသေချာဘူး။ တိုက်စစ်ကို ခြေစွမ်းပြနေတဲ့ ဥရုဂွေးတိုက်စစ်မှူးမာရန်တီရယ်လ်ပဲ ဦးဆောင်ဖို့များတယ်။ နောက်တန်းမှာတော့ အဓိကနောက်ခံလူကော်စတာ အမေရိကန်ဗီဇာမရတာကြောင့် မန်ယူနိုက်တက်နောက်ခံလူဟောင်း ရိုဟို ပွဲထွက်လာဖို့များတယ်။

ဘင်ဖီကာမှာ အသင်းကထွက်တော့မယ့် ဒီမာရီယာက နောက်ဆုံးပြိုင်ပွဲအဖြစ် ပါဝင်ကစားမှာဖြစ်ပြီး နောက်တန်းမှာတော့ မန်စီးတီးနောက်ခံလူဟောင်းအော်တာမန်ဒီက ဦးဆောင်ကစားမှာဖြစ်တယ်။ ဘင်ဖီကာက ဒီရာသီမှာ ပေါ်တူဂီချန်ပီယံမဖြစ်ခဲ့ပေမယ့် တစ်ရာသီလုံးနီးပါး သူတို့ရဲ့ခြေစွမ်းကောင်းကို ပြနိုင်ခဲ့တယ်။

ချန်ပီယံစပို့တင်းကို နောက်ဆုံးအချိန်အထိ အပြိုင်အနေအထားနဲ့ ဖိအားပေးနိုင်ခဲ့တယ်။ ခံစစ်လည်းအတော်ကောင်းတဲ့အသင်းလို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ရာသီက Clean Sheet ရခဲ့တဲ့ပွဲတွေမနည်းဘူး။ တိုက်စစ်က ရာသီကုန်ပိုင်းမှာ ဂိုးသွင်းနှုန်းကျသွားတာကြောင့်သာ ချန်ပီယံဆုတွေနဲ့လွဲခဲ့ရတာဖြစ်တယ်။

ဘိုကာဂျူနီယာက တောင်အမေရိကမှာ အင်အားကြီးအသင်းဖြစ်ပေမယ့် ဥရောပအသင်းတွေနဲ့တွေ့ရင် ရုန်းကန်ရတာများပါတယ်။ အသင်းချင်းကစားသမားအရည်အသွေးအရလည်း ဘင်ဖီကာသာပါတယ်။ ဒါကြောင့် ဘင်ဖီကာကို ရွေးချယ်ချင်ပေမယ့် ဂိုးတော့ ပြတ်သားမယ်မထင်ဘူး။ (၂-၁)(၃-၂)လို Narrow win ပွဲမျိုးပဲ ဖြစ်မယ်ထင်တယ်။

Read more

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) PSG - အက်သလက်တီကိုမက်ဒရစ် (16 June 2025/ 1:30 am) PSG အသင်းက လက်ရှိချန်ပီယံလိဂ်ချန်ပီယံအသင်းဖြစ်ပေမယ့် ဒီပြိုင်