■ နယူးကာဆယ်အသင်းတိုက်စစ်မှူး အစ်ဆက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းရဲ့အဓိက ပစ်မှတ်အဖြစ်ရှိနေတယ်လို့ Florian Plettenberg က ဖော်ပြခဲ့ပါတယ်။ ဥရောပကလပ်အများအပြားရဲ့ချိတ်ဆက်မှုတွေခံနေရတဲ့ အစ်ဆက်နဲ့ နယူးကာဆယ်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၈ ခုနှစ်၊ဇွန်အထိ ရှိနေတာဖြစ်ပါတယ်။

■ နာပိုလီအသင်းဟာ တိုက်စစ်မှူး အိုစီမန်ကို နွေရာသီမှာ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။ ဂါလာတာစာရေးအသင်းမှာ အငှားနဲ့ ကစားနေတဲ့ အိုစီမန်ကို ခေါ်ယူဖို့ မန်ယူနိုက်တက်၊ဂျူဗင်တပ်စ်၊PSG နဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းဟာ အသက်(၁၉)နှစ်အရွယ်ရှိ အိုင်းယက်စ်အသင်းနောက်ခံလူ ဟာတိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ နယ်သာလန်လက်ရွေးစင်အသင်းအတွက် (၅)ပွဲပါဝင်ကစားခွင့်ရရှိထားတဲ့ ဟာတိုဟာ ဗဟိုနောက်ခံလူ ဒါမှမဟုတ် ဘယ်နောက်ခံနေရာမှာ ကစားနိုင်တဲ့ စွယ်စုံရနောက်ခံလူဖြစ်ပါတယ်။

■ လေဗာကူဆင်အသင်းဟာ ဂျာမန်ကွင်းလယ်ဖန်တီးရှင် ဖလော်ရီယန်ဗစ်ဇ်ကို စာချုပ်သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ဟာ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းထံကနေ တစ်ရာသီကို ကနဦးလစာ ယူရိုသန်း(၂၀)နဲ့ ကမ်းလှမ်းမှုကို ရရှိထားပါတယ်။ ရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဗန်ဒိုက်ဟာ သူ့ရဲ့အနာဂတ်ဘယ်မှာရှိမလဲဆိုတာ မသိသေးဘူးလို့ ဝန်ခံထားပါတယ်။

■ လိဒ်စ်ယူနိုက်တက်အသင်းဟာ နွေရာသီမှာ ကွင်းလယ်လူဟောင်း ကယ်လ်ဗင်ဖီးလစ်ကို မန်စီးတီးအသင်းကနေ အပြီးသတ်ဝယ်ယူဖို့ စီစဉ်နေပါတယ်။ ကယ်လ်ဗင်ဖီးလစ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကလပ် အစ်ဝှစ်ချ်အသင်းမှာ အငှားကစားနေတာဖြစ်ပါတယ်။