ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ အာဆင်နယ်အသင်းဂိုးသမား ရေယာနဲ့ ဘရိုက်တန်အသင်းဂိုးသမား ဗာဘရုဂန်တို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဂိုးသမားပစ်မှတ်စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂိုးသမား ကော်တိုအာရဲ့နေရာမှာ ရေရှည်အစားထိုးဖို့ ပရီးမီးယားလိဂ်ဂိုးသမားတွေကို စောင့်ကြည့်မှုပြုလုပ်နေတာဖြစ်ပါတယ်။

■ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းတဲ့အနေနဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ တတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ စီစဉ်နေပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ဘရူနိုဖာနန်ဒက်စ်ကို ရောင်းချမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

■ မန်ယူနိုက်တက်အသင်းနည်းပြဟောင်း အဲရစ်တန်ဟတ်နဲ့ ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်တို့ဟာ လေဗာကူဆင်အသင်းနည်းပြရာထူးအတွက် ရေပန်းစားနေပါတယ်။ လေဗာကူဆင်အသင်းနည်းပြဇာဘီအလွန်ဆိုဟာ ဒီရာသီကုန်ရင်အသင်းက ထွက်ခွာမယ်လို့အတည်ပြုထားတာဖြစ်ပါတယ်။

■ ဂျာမနီတောင်ပံကစားသမား ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းက ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကိုနှစ်သက်မှုမရှိတဲ့အတွက် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာဖွယ်ရှိနေပါတယ်။ ဆာနေးကို ခေါ်ယူဖို့ အာဆင်နယ်၊ချယ်လ်ဆီးနဲ့ လာလီဂါကလပ်တွေက ချိတ်ဆက်မှုပြုလုပ်နေတာဖြစ်ပါတယ်။

■ အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံတောင်ပံကစားသမား ထရော့ဆာဒ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကိုခံနေရတဲ့ ထရော့ဆာဒ့်ကို အာဆင်နယ်အသင်းက (၄)နှစ်စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေတာဖြစ်ပါတယ်။

■ ဂျူဗင်တပ်စ်အသင်းဟာ နာပိုလီအသင်းတိုက်စစ်မှူးအိုစီမန်ကိုခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှုရရှိနိုင်အောင် ကြိုးပမ်းနေပါတယ်။ အငှားကစားနေတဲ့ ဂါလာတာစာရေးအသင်းမှာ သွင်းဂိုးအများအပြားသွင်းပြီး ခြေစွမ်းပြသနေတဲ့ အိုစီမန်ဟာ လာမယ့်နွေရာသီမှာ နာပိုလီအသင်းကနေ အပြီးသတ်ထွက်ခွာနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။