ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု
■ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘုန်းမောက်အသင်းနောက်ခံလူ ဒင်းဟိုက်ဆန်ကို စာချုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်သန်း(၅၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိပြီးသားဖြစ်တဲ့ ဒင်းဟိုက်ဆန်ကို နွေရာသီမှာကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အပြီးသတ်ခေါ်ယူချင်နေတာဖြစ်ပါတယ်။
■ လက်စတာအသင်းက အသင်းခေါင်းဆောင်ဂျေမီဗာဒီဟာ တနင်္ဂနွေနေ့မှာကစားမယ့် အစ်ဝှစ်ချ်အသင်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ အသင်းအတွက်နောက်ဆုံးပွဲစဉ်အဖြစ်ပါဝင်ကစားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီပွဲဟာ ဂျေမီဗာဒီအတွက် လက်စတာအသင်းကစားသမားဘ၀ ပွဲပေါင်း(၅၀၀)ပြည့်နဲ့ နောက်ဆုံးပွဲလည်းဖြစ်ပါတယ်။
■ လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဖလော်ရီယန်ဗစ်ဇ်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်၊မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။
■ အာဆင်နယ်၊လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဘရိုက်တန်အသင်းတိုက်စစ်မှူး ပက်ဒရိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်းပြသခဲ့ပါတယ်။ ပက်ဒရိုဟာ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ပွဲပေါင်း(၇၀)ပါဝင်ကစားထားရာမှာ (၃၀)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
■ မိုနာကိုအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ဒီရာသီကုန်မှာထွက်ခွာမယ့် အင်္ဂလန်နောက်ခံလူ အဲရစ်ဒိုင်ယာကို ခေါ်ယူနိုင်ခဲ့ပြီလို့အတည်ပြုခဲ့ပါတယ်။ အဲရစ်ဒိုင်ယာဟာ မိုနာကိုအသင်းနဲ့(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
■ အင်တာမီလန်အသင်းဟာ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ဇက်ခ်ဇီကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဇက်ခ်ဇီဟာ မန်ယူနိုက်တက်အသင်းကစားသမားဘဝပွဲဦးထွက်ရာသီမှာ ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိသေးဘဲ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့်အနားယူနေရတာဖြစ်ပါတယ်။