ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့စ်အသင်းတိုက်စစ်ကစားသမား အီဇီကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အီဇီကို ပေါင်(၆၈)သန်းနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

■ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားဟာ လာမယ့်နှစ်ပတ်အတွင်း နာပိုလီအသင်းထံ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့စီစဉ်ထားပါတယ်။ နာပိုလီအသင်းဟာ စီးရီးအေချန်ပီယံဖြစ်ပြီးနောက် အသင်းလူစာရင်းအင်အားကို ပိုပြီးတောင့်တင်းအောင်ပြုလုပ်ဖို့ ရှိနေတာဖြစ်ပါတယ်။

■ မန်ယူနိုက်တက်အသင်းနည်းပြဟောင်း အဲရစ်တန်ဟတ်ဟာ တနင်္လာနေ့မှာ လေဗာကူဆင်အသင်းနည်းပြသစ်အဖြစ် လက်မှတ်ထိုးမယ်လို့ သိရပါတယ်။ လေဗာကူဆင်အသင်းဟာ အဲရစ်တန်ဟတ်ကို ၂၀၂၇ ခုနှစ်၊ဇွန်အထိ (၂)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။

■ တူရကီကလပ်ဂါလာတာစာရေးအသင်းဟာ နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဂျာမနီတောင်ပံကစားသမားဆာနေးကို ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။ ဆာနေးကို ခေါ်ယူဖို့နာပိုလီအသင်းနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းအချို့တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

■ ဖူလ်ဟမ်အသင်းနဲ့ ဒီရာသီပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ မန်စီးတီးအသင်းလူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်ဟာ အသင်းမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သံသယဝင်စရာရှိလာခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခွင့်ရနိုင်ဖို့အတွက် မန်စီးတီးအသင်းကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

■ လီဗာပူးလ်နဲ့ နယူးကာဆယ်အသင်းတို့ဟာ ဘရိုက်တန်အသင်းရဲ့ဘရာဇီးလ်တိုက်စစ်မှူး ပက်ဒရိုကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။ ပက်ဒရိုဟာ ဒီရာသီမှာ ဘရိုက်တန်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၁၀)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။