■ မန်စီးတီးအသင်းဟာ ရာသီအကုန်မှာထွက်ခွာမယ့် ကွင်းလယ်လူ ဒီဘရိုင်းနားရဲ့နေရာမှာအစားထိုးဖို့အတွက် လေဗာကူဆင်အသင်းကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်။ ဖလော်ရီယန်ဗစ်ဇ်ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေတာကြောင့် မန်စီးတီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

■ လီဗာပူးလ်အသင်းဟာ ဘာစီလိုနာနောက်ခံလူ အာရူဟိုကို နွေရာသီမှာခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာအသင်းကလည်း လီဗာပူးလ်အသင်းတောင်ပံကစားသမား ဒီယက်ဇ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ကစားသမား(၂)ဦးကို အလဲအလှယ်ပြုလုပ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

■ ဂျူဗင်တပ်စ်အသင်းဟာ PSG အသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ ပြင်သစ်တိုက်စစ်မှူးကိုလိုမူအာနီကို အပြီးသတ်ခေါ်ယူဖွယ်မရှိဘူးလို့ Calciomercato သတင်းမှာဖော်ပြထားပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အစောပိုင်းက မူအာနီကို အပြီးသတ်ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်မှုကြောင့် သူတို့ရဲ့ရပ်တည်ချက်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

■ ဒီရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဝါရင့်ကွင်းလယ်လူ မိုဒရစ်ကိုခေါ်ယူဖို့ ကာတာကလပ်တွေက ပစ်မှတ်ထားနေခဲ့ပါတယ်။ မိုဒရစ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး ကစားသမားဘဝကိုအဆုံးသတ်ချင်နေတာဖြစ်ပါတယ်။

■ လက်စတာအသင်းဟာ နည်းပြနစ္စတယ်ရွိုင်းကို ရာထူးကထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့ရင် ဆောက်သမ်တန်အသင်းနည်းပြဟောင်း ရပ်ဆဲလ်မာတင်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့စဉ်းစားနေပါတယ်။ လက်စတာအသင်းဟာ နည်းပြနစ္စတယ်ရွိုင်းလက်ထက်မှာ ရလဒ်တွေဆိုးရွားနေပြီး လာမယ့်ရာသီချန်ပီယံရှစ်ကို တန်းဆင်းဖို့နီးစပ်နေပြီဖြစ်ပါတယ်။

■ မန်ယူနိုက်တက်၊ နော်တင်ဂမ်ဖောရက်စ်၊ ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းတိုက်စစ်မှူး မာတီတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ပြင်သစ်တိုက်စစ်မှူးမာတီတာဟာ ဒီရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၅)ပွဲကစားထားပြီး (၁၆)ဂိုးသွင်းယူထား ပါတယ်။