■ ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်းတောင်ပံကစားသမား ဒီယက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် ဆော်ဒီပရိုလိဂ်ရဲ့စိတ်ဝင်စားမှုကြောင့် စိုးရိမ်မှုတွေရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ဆော်ဒီပရိုလိဂ်ရဲ့ကြီးမားတဲ့ကမ်းလှမ်းမှုကြောင့် ဒီယက်ဇ်ကို မခေါ်ယူနိုင်မှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

■ မန်စီးတီးအသင်းဟာ နွေရာသီမှာထွက်ခွာမယ့် ကွင်းလယ်လူ ဒီဘရိုင်းနားရဲ့နေရာမှာ အစားထိုးဖို့အတွက် နယူးကာဆယ်အသင်းကွင်းလယ်လူ ဘရူနိုဂွီမာရေ့စ်ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။ ဘရူနိုဂွီမာရေ့စ်နဲ့ နယူးကာဆယ်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၈ ခုနှစ်၊ဇွန်အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။

■ အာဆင်နယ်အသင်းဟာ ဒီရာသီမှာခြေစွမ်းပြသနေတဲ့ လူငယ်ကြယ်ပွင့် ဝမ်နရီကို အသင်းမှာကာလရှည်ရှိမယ့် စာချုပ်သစ်ကမ်းလှမ်းသွားဖို့ လုပ်ဆောင်နေပါတယ်။ အာဆင်နယ်အသင်းဟာ စာချုပ်သစ်အတွက် လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း တရားဝင်ဆွေးနွေးသွားမှာဖြစ်ပြီး ဝမ်နရီဟာ စာချုပ်သစ်ကြောင့် လုပ်ခလစာအများအပြားတိုးပြီးရရှိမှာဖြစ်ပါတယ်။

■ ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ဟာ ယူရိုသန်း(၁၀၀)တန်ကြေးရှိတဲ့ ဘင်ဖီကာအသင်းတိုက်စစ်မှူး ပါဗလီဒစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ ဂရိတိုက်စစ်မှူးကိုခေါ်ယူဖို့အတွက် ဘာစီလိုနာ၊အက်သလက်တီကိုမက်ဒရစ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

■ ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက ခေါ်ယူခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဒေါက်ဂလပ်စ်လူးဝစ်ကို ယူရိုသန်း(၄၀)သန်းကျင်နဲ့ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ ဒေါက်ဂလပ်စ်လူးဝစ်ကိုခေါ်ယူဖို့ နော်တင်ဂမ်ဖောရက်စ်အသင်းအပါအဝင် ပရီးမီးယားလိဂ်အသင်းအချို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ ကြယ်ပွင့်ကစားသမားခေါ်ယူမှုအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ရိုဒရီဂိုကို ယူရိုသန်း(၁၂၀)အထိပေးပြီး ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ရိုဒရီဂိုကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်ပြီးရှိချင်နေတာဖြစ်ပါတယ်။