ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု

■ ဘုန်းမောက်အသင်းနောက်ခံလူ ဒင်းဟိုက်ဆန်ဟာ ဒီလထဲမှာသူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်လိမ့်မယ်လို့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ စပိန်ကြယ်ပွင့် ဒင်းဟိုက်ဆန်ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ လီဗာပူးလ်၊အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူဟာ နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ဆုံးဖြတ်ထားတယ်လို့ Sky Sports Germany က ဖော်ပြထားပါတယ်။ ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲကစားခွင့်ရဖို့ရုန်းကန်နေရတဲ့ အန်ကွန်ကူကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ PSG အသင်းတို့က ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

■ မာဆေးလ်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အင်္ဂလန်ကိုပြန်လာဖို့ စိတ်အားထက်သန်နေတယ်လို့ The Sun က ဖော်ပြထားပါတယ်။ မာဆေးလ်အသင်းနည်းပြဒီဇာဘီနဲ့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ခံခဲ့ရတဲ့ ဂရင်းဝုဒ်ရဲ့အခြေအနေကို ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က စောင့်ကြည့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

■ အဲဗာတန်အသင်းဟာ တိုက်စစ်မှူးဟောင်း ရစ်ချာလီဆန်ကို စပါးအသင်းကနေ ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ စပါးအသင်းကလည်း ရစ်ချာလီဆန်အတွက် ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

■ အက်စတွန်ဗီလာအသင်းဟာ မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့်ကို အပြီးသတ်ခေါ်ယူဖို့မသေချာတာကြောင့် ပေါ်တိုအသင်းတိုက်စစ်မှူး ဆာမူကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းနေပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဆာမူကိုခေါ်ယူဖို့ စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

■ ဒေါ့မွန်အသင်းရဲ့စိတ်ဝင်စားမှုကိုခံနေရတဲ့ ယူကရိန်းနောက်ခံလူ ဇင်ချန်ကိုဟာ နွေရာသီမှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ ဇင်ချန်ကိုနဲ့ အာဆင်နယ်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ဇွန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

Read more

နောက်ဆုံးဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်တဲ့ မန်ယူနိုက်တက်

နောက်ဆုံးဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်တဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းရဲ့ ဒီရာသီအဖြစ်က မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို့ ဆိုရလေမလား ... ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ရောက်လုနီးနီးဖြစ်နေပြီး ရှ

ပရီးမီးယားလိဂ်မှာ Guard of Honour အကြိမ်အများဆုံးပေးရတဲ့ ချယ်လ်ဆီးအသင်း

ပရီးမီးယားလိဂ်မှာ Guard of Honour အကြိမ်အများဆုံးပေးရတဲ့ ချယ်လ်ဆီးအသင်း

ချယ်လ်ဆီးအသင်းဟာ ဒီနေ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)မှာ ချန်ပီယံလီဗာပူးလ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ စပါးအသင်းကို (၅-၁

ပုပ်ရဟန်းမင်းကြီးအဖြစ် AI နဲ့ဖန်တီးခဲ့တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ Donald Trump

ပုပ်ရဟန်းမင်းကြီးအဖြစ် AI နဲ့ဖန်တီးခဲ့တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ Donald Trump

Donald Trump ကိုယ်တိုင် အဲဒီဓါတ်ပုံကို White House Office Account ကနေ မျှဝေခဲ့လို့ ကတ်သလစ်ဘာသာဝင်တွေကြားထဲ ဝေဖန်မှုအတော်လေးမြင့်တက်နေပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံထဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဘရန့်ဖို့ဒ် - မန်ယူနိုက်တက် (ပရီးမီးယားလိဂ်) (4 May 2025/ 7:30 pm) ဘရန့်ဖို့ဒ်က ရမှတ်(၄၉)မှတ်နဲ့ ပရီးမီးယားလိဂ်အဆင့်(၁၁)မှာရပ်တည်နေပြီး မန်ယူနိုက်တက်က ရမှတ်(၃၉)မှတ်