ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ နာပိုလီအသင်းဟာ ဒီရာသီကုန်မှာ မန်စီးတီးအသင်းက ထွက်ခွာမယ့် ကွင်းလယ်လူ ဒီဘရိုင်းနားကို ခေါ်ယူဖို့အတွက် သူ့ရဲ့ကိုယ်စားလှယ်တွေထံ ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီဘရိုင်းနားကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
■ အတ္တလန်တာအသင်းတိုက်စစ်မှူး လွတ်ခ်မန်းဟာ အာဆင်နယ်အသင်းခေါ်ယူမယ့် တိုက်စစ်ကစားသမားပစ်မှတ်စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ လွတ်ခ်မန်းကို ခေါ်ယူဖို့ မန်ယူနိုက်တက်၊နယူးကာဆယ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ကလည်း စောင့်ကြည့်နေတာကြောင့် အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ဒီအသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။
■ မန်ယူနိုက်တက်အသင်းဟာ ဖီအိုရမ်တီးနားအသင်းတိုက်စစ်မှူး မွိုက်စ်ကိန်းကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။ အီတလီတိုက်စစ်မှူး မွိုက်စ်ကိန်းဟာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းမှာ လာရောက်ကစားခဲ့ချိန်က ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့် လက်ရှိကစားနေတဲ့ ဖီအိုရမ်တီးနားအသင်းမှာ (၄၁)ပွဲကစားထားပြီး (၂၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
■ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ နည်းပြသစ်ခန့်အပ်ဖို့ အင်တာမီလန်အသင်းနည်းပြအင်ဇာဂီရဲ့အဖြေကို စောင့်ဆိုင်းနေပါတယ်။ အင်ဇာဂီသာ နည်းပြရာထူးကို ပယ်ချခဲ့ရင် အယ်လ်ဟီလယ်အသင်းဟာ ဖူလ်ဟမ်အသင်းနည်းပြမာကိုဆေးလ်ဗားကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ကြိုးပမ်းမှာဖြစ်ပါတယ်။
■ အက်စတွန်ဗီလာအသင်းဟာ ဂိုးသမားသစ်ရှာဖွေမှုကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့အတွက် အာဂျင်တီးနားဂိုးသမား အီမီမာတီနက်ဇ်ရဲ့အနာဂတ်ဟာ လှုပ်ခတ်မှုတွေရှိလာခဲ့ပါတယ်။ အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိစာချုပ်သက်တမ်းတိုးထားပေမယ့် အသင်းဟာ အက်စ်ပန်ညိုအသင်းဂိုးသမား ဂါစီယာကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
■ အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ချိတ်ဆက်မှုတွေခံနေရတဲ့ ပြင်သစ်နောက်ခံလူ ဆာလီဘာကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။ အာဆင်နယ်အသင်းဟာ ဆာလီဘာကို ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ လက်လွှတ်ရမှာ ဒါမှမဟုတ် အလွတ်နဲ့ ဆုံးရှံးရမှာကို ကာကွယ်တဲ့အနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ အမြန်ဆုံးလုပ်ဆောင်နေတာဖြစ်ပါတယ်။